Bahuthuta Corner.com

ကော်ဖီတစ်ခွက် ကပေးနိုင်တဲ့ ကျန်းမာရေး 

ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကော်ဖီတစ်ခွက်က မပါမဖြစ်လို့ကို ဖြစ်နေပါတယ်။ အထူးသဖြင့် မနက်ခင်း ပိုင်းတွေ အိပ်ယာနိုးပြီးကာစဖြစ်စေ ၊ အလုပ်မလုပ်ခင်မှာဖြစ်စေ ကော်ဖီတစ်ခွက်သောက်ပြီး တစ်နေ့တာကို စတင်တတ်ကြပါတယ်။ ကော်ဖီ သောက်ခြင်းအားဖြင့် လူကို လန်းဆန်းစေပြီး ဦးနှောက်ကို ပိုမို အလုပ်လုပ်နိုင်စေတယ်။ လူကို ပိုပြီးတက်ကြွစေတယ်လို့လည်း ယုံကြည်ထားကြပါတယ်။ တကယ်တမ်းမှာ ကော်ဖီ တစ်ခွက်က သာမန်ထက် ပိုတဲ့ ခန္ဓာကိုယ်ကို အထောက်အကူဖြစ်စေတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ ကော်ဖီတစ်ခွက်ကို ပုံမှန်သောက်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဝေမျှရေးသားပေးသွားပါမယ်။ 

၁။ ကော်ဖီသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်ပေါ်စေပါတယ်။ 

ကော်ဖီသောက်တဲ့သူတွေဟာ သာမန် မသောက်တတ်တဲ့သူတွေထက်စာရင် ၁၇ ရာခိုင်နှုန်းသေဆုံးနိုင်ချေနည်းပါးတယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်တမ်းတွေအရ ကော်ဖီသောက်သုံးတဲ့သူတွေဟာ မသောက်တဲ့သူတွေထက် နှလုံးရောဂါ နဲ့ သေဆုံးနိုင်ခြေ ၁၉ ရာခိုင်နှုန်း နဲ့  ကင်ဆာဖြစ်နိုင်ချေ ၁၈ ရာခိုင်နှုန်းနည်းပါးတယ်လို့ ဆိုပါတယ်။ 

၂။ Type 2 diabetes ကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ 

ကော်ဖီ ပုံမှန်သောက်တဲ့သူတွေဟာ မသောက်တတ်တဲ့သူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ချေရာခိုင်နှုန်းလျော့နည်းပါတယ်။ တစ်ရက်ကို တစ်ခွက်ထက် ပိုမိုသောက်သုံးတဲ့သူတွေဟာ ၁၁ ရာခိုင်နှုန်း ပိုမိုနည်းပါးပါတယ်။ အကယ်၍ ကိုယ့်မှာ ရောဂါ ရှိပြီးသားဆိုရင်တော့ ဆီးချိုသမားအတွက် သီးသန့်ထုတ်ထားတဲ့ အဆီ ၊ သကြားပါဝင်မှုမရှိတဲ့ ကော်ဖီမျိုးကိုသာရွေးခြယ်သင့်ပါတယ်။

၃။ ကော်ဖီ သောက်ခြင်းဟာ ခန္ဓာကိုယ်က ပုံမှန်ထုတ်နိုင်တဲ့ စွမ်းအင်တွေကို တိုးမြှင့်ပေးနိုင်ပါတယ်။ 

ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ ပင်ပန်းနွမ်းနယ်မှုတွေတိုက်ထုတ်ပေးဖို့အတွက် အာရုံကြောကို လှုံ့ဆော်ပေးနိုင်ပြီး စွမ်းအင်တွေကို တိုးမြှင့်ပေးနိုင်ပါတယ်။ အလွန်အမင်းသောက်သုံးမှုများရင်တော့ လူဟာ စိတ်ဖိဆီးလာတာ ၊ ကတုန်ကယင်ဖြစ်လာတာ ၊ စိတ်အနှောက်အယှက်ဖြစ်လောက်အောင် စိတ်လှုပ်ရှားတာမျိုး အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေရနိုင်ပါတယ်။ 

၄။ နှလုံး နဲ့ အသည်း ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ 

ကော်ဖီပုံမှန်သောက်ခြင်းဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ နှလုံး နဲ့ အသည်းကို အထောက်အကူဖြစ်စေပါတယ်။ စစ်တမ်းတွေအရ ကော်ဖီ ပုံမှန်သောက်တဲ့ သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ချေနည်းပြီး နှလုံးရောဂါကြောင့် အသက်သေဆုံးနိုင်ချေနည်းတာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် အသည်းမှာ အခြားသော ရောဂါဖြစ်နိုင်ချေတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ 

၅။ ဝိတ်ချ ချင်တဲ့သူတွေအတွက် အကောင်းဆုံးအဖော်မွန်တစ်ခုလည်းဖြစ်ပါတယ်။ 

ကော်ဖီ သောက်ခြင်းဟာ အစာစားခြင်းစိတ်ကို ထိန်းထားပေးနိုင်ပါတယ်။ ကော်ဖီ ဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အဆီတွေကို ထိန်းသိမ်းနိုင်တဲ့ ပမာဏကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က ထွက်တဲ့ စွမ်းအင်တွေကို တိုးမြှင့်ပေးတာကြောင့် အဆီချဖို့အတွက် အဖက်ဖက်ကနေ အထောက်အကူပြုနိုင်ပါတယ်။  ကော်ဖီတစ်ခွက်က ခန္ဓာကိုယ်ကို အဖက်ဖက်ကနေ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေပေးနိုင်ပါတယ်။ တချို့ဆိုရင် ကော်ဖီပုံမှန်သောက်တဲ့ သူတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့တောင် ဆိုကြပါတယ်။

ကော်ဖီတစ်ခွက်ကို ပုံမှန်သောက်ခြင်းဟာ အကျိုးကျေးဇူးတွေရနိုင်တယ်ဆိုပေမယ့် လိုအပ်တဲ့ ပမာဏထက် ပိုများရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်ဆိုတာကိုတော့ မေ့ထားလို့ မရပြန်ပါဘူးနော်။ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး စိတ်ဝင်စားဖွယ်ရာတွေကို အမြဲတမ်း ဖတ်ရဖို့အတွက် Bahuthuta ကို See first လုပ်ထားကြဖို့ မမေ့ကြနဲ့နော်။

Ads: ( ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected])

-Bahuthuta Corner

Share:

More Posts

Send Us A Message