ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ များနေတဲ့ ဘဝကြီးတစ်ခုမှာ တစ်ရက်မဟုတ် တစ်ရက် ၊ တစ်ချိန်မဟုတ် တစ်ချိန် စိတ်ဖိစီးစရာကိစ္စတွေ ကြုံတွေ့ရနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ အချိန်တို အတိုင်းအတာလေးပဲဖြစ်ပေမယ့် အချိန်ကာလကြာမြင့်စွာ စိတ်ဖိစီးလာတဲ့အခါ ကျွန်တော်တို့အပေါ်ကို သက်ရောက်မှုများစွာရှိလာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ ကြာမြင့်လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အမျိုးမျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတနေပြီး ဘယ်လိုမျိုး သက်ရောက်မှုတွေရှိသလဲဆိုကို ရေးသားဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
ရုပ်ဆိုင်းဆိုင်ရာ ကျန်းမာရေး သက်ရောက်မှုများ
အချိန်ကာလကြာမြင့်စွာ စိတ်ဖိစီးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသိသိသာသာထိခိုက် စေပါတယ်။ နာတာရှည် စိတ်ဖိစီးလာတဲ့အခါမှာ သွေးပေါင်ချိန်များမြင့်တက်လာစေပြီး နှလုံးနဲ့ ပတ်သတ်တဲ့ ဝေဒနာများကို ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် အစာစားချိန်မမှန်ခြင်း ၊ အိပ်စက်ခြင်း မမှန်ခြင်းတွေကြောင့် ကိုယ်ခံအားစနစ်ကျဆင်းပြီး အလွယ်တကူ ရောဂါများ ကူးစက်ခံစားရစေတာမျိုး ၊ အစာမစားနိုင်ခြင်း ၊ အစာမကြေခြင်း အစရှိတာမျိုး ကြုံ့တွေ့လာရနိုင်ပါတယ်။ ကြွက်သားမားကို တင်းမာစေပြီး စိတ်ဖိစီးမှုတွေ ကြောင့် ကြွက်သားတွေ ကျုံ့သွား ၊ တင်းသွားတဲ့အခါမျိုးမှာ ခေါင်းကိုက်တာ ၊ ကိုယ်လက်ခန္ဓာကိုယ် ကိုက်ခဲနာကျင်တာ အစရှိတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သက်ရောက်မှုများ
စိတ်အလွန်အမင်း ဖိစီးခြင်းဟာ စိတ်ကျန်းမာရေးကို အလွန်အမင်းထိခိုက်စေတဲ့ အကြောင်းအရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အချိန်ကာလ ကြာမြင့်စွာ စိတ်ဖိစီးတာ ၊ စိတ်ဖိစီးမှုတွေ ပြင်းထန်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေ မလုံခြုံမှုတွေကို ခံစားရလေ့ရှိပါတယ်။ အလွန်အမင်း စိတ်ဖိစီးတဲ့အခါမျိုးမှာတော့ ပူပင်သောကတွေများလာတာ ၊ စိတ်ဓာတ်ကျဆင်းတာ ၊ အလွယ်တကူ စိုးရိမ်စိတ်များတာ ၊ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်စွမ်းမရှိတာ ၊ ထိန်းချူပ်နိုင်စွမ်း မရှိတာ အစရှိတဲ့ ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။
အခြားသော ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများ
စိတ်ဖိစီးတဲ့အခါ ဟော်မုန်းတွေ နဲ့ ကိုယ်ခံအားစနစ်တွေ အပေါ်တိုက်ရိုက်သက်ရောက်မှုရှိတာကြောင့် ခန္ဓာကိုယ်မှာ အခြားသော သက်ရောက်မှုတွေလည်း ဖြစ်ပေါ်စေပါတယ်။ ဝက်ခြံတွေ ထွက်လာတာမျိုး ၊ အရေပြားရောဂါတွေ ဖြစ်တာမျိုး ၊ အသားအရေ ညစ်ညမ်းတာမျိုး အစရှိတာတွေကို အလွယ်တကူ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အလွန်အမင်း စိတ်ဖိစီးတာဟာ အရွယ်မတိုင်ခင် အိုမင်းခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေများပြားလာတဲ့အခါ အစာစားချင်စိတ်မရှိတာ ဒါမှမဟုတ် အလွန်အမင်းစားတာ အစရှိတာတွေကြောင့် ကိုယ့်ခန္ဓာကိုယ်မှာလိုအပ်တဲ့ အစာအာဟာရတွေက မျှတမှုမရှိတာ ၊ အလွန်အမင်းဝိတ်ကျသွားတာ ၊ ဝိတ်တက်လာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ညဖက်တွေ အိပ်စက်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းမျိုးမရှိတာတွေကြောင့် အိပ်ရေးမဝတာ ၊ အလွန်အမင်း ပင်ပန်းနေတာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရစေပါတယ်။ အမျိုးသမီးတွေဆိုရင် ရာသီမမှန်တော့တာ ၊ ရာသီထိန်သွားတာမျိုးအထိဖြစ်သွားနိုင်ပါတယ်။
စိတ်ဖိစီးစရာတွေရှိတာမှန်ပေမယ့် အလွန်အမင်းစိတ်ဖိစီးတဲ့အခါမျိုး ဒါမှမဟုတ် ကာလကြာရှည်စွာ စိတ်ဖိစီးတဲ့အခါ မှာ ကိုယ့်ကိုကျန်းမားရေးတွေ ထိခိုက်လာစေနိုင်ပါတယ်။ ကိုယ့်ကို ထိခိုက်စရာတွေ မဖြစ်ခင်မှာ ကြိုတင်ပြီး ကာကွယ်စီမံခန့်ခွဲနိုင်တာကတော့ အကောင်းဆုံးပါပဲ။ မိမိကိုယ်ကို ပုံမှန်ဂရုစိုက်တာ ၊ အပန်းဖြေတာ ၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုပုံမှန်လုပ်တာ ၊ တရားထိုင်တာ အစရှိတာတွေက စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်တဲ့ နည်းတွေပါပဲ။ အကယ်၍ လိုအပ်လာတဲ့အခါ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်တာကလည်း စဉ်းစားသင့်တဲ့ နည်းတစ်ခုပဲဖြစ်ပါတယ်။ စိတ်ဖိစီးတာကို ထိန်းချူပ်နိုင်တာဟာ ကိုယ့်ရဲ့ အနာဂတ် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့လမ်းတစ်ခုကို ဖန်တီးနိုင်တယ်ဆိုတာကို ဝေမျှရင်းနဲ့ ပဲ ဒီနေ့အတွက် ဒီမှာ ပဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
Ads: ( ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected])
-Bahuthuta Corner