Bahuthuta Corner.com

တောင်အမေရိကတိုက်အကြောင်း သိကောင်းစရာများ

အရင်တစ်ရက်က မြောက်အမေရိကတိုက်အကြောင်းဝေမျှခဲ့ပြီးပြီဆိုတော့ ဒီတစ်ရက်မှာ တောင်အမေရိက တိုက်အကြောင်းကို မျှဝေပေးချင်ပါတယ်။ မြောက်အမေရိကတိုက်ကြီးကို ခရစ်စတိုဖာ ကိုလံဘတ်စ် က ၁၄၉၂ ခုနှစ် က စတင်အခြေချခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့ပြီး တောင်အမေရိကတိုက် ကိုလည်း ၁၄၉၈ ခုနှစ် သြဂတ်လ ၁ ရက်နေ့မှာ ကိုလံဘတ်စ်ကပဲ ဗင်နီဇွဲလား က ပါရီယာ ပင်လယ်ကွေ့မှာ စပိန်အလံကို စိုက်ထူခဲ့ပါတယ်။ တောင်အမေရိက တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး တိုက်တွေထဲက တစ်ခုဖြစ်ပြီးတော့ မြောက်အမေရိကပြီးရင် စတ္တုထမြောက်အကြီးဆုံးဖြစ်တဲ့ တိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ လက်ရှိ တောင်အမေရိကတိုက်ထဲမှာ စုစုပေါင်း ၁၂ နိုင်ငံတည်ရှိပါတယ်။ 

တောင်အမေရိကတိုက် 

တောင်အမေရိကတိုက်ဟာ အနောက်မြောက်ဘက်မှာရှိတဲ့ ဒါရီယန်း ပင်လယ်ကွေ့ကနေပြီးတော့ တောင်ဘက်မှာရှိတဲ့ တီရာတာဒယ် ဖူ(ရ်)ဂို ကျွန်းစုတွေနဲ့ ဆက်စပ်နေပါတယ်။ တောင်အမေရိကတိုက်ကိုလည်း ကုန်းမြင့်ဒေသ ၊ မြစ်ဝှမ်းဒေသ ၊ ကမ်းရိုးတမ်းလွင်ပြင်ဒေသတွေရယ်လို့ ၃ မျိုးပိုင်းခြားနိုင်ပါတယ်။ တောင်တန်းတွေ ၊ ကမ်းရိုးတမ်းဒေသတွေဟာ မြောက်ဘက်နဲ့ တောင်ဘက်အတိုင်း ဆက်စပ်သွားလာနေပြီး ကုန်းအမြင့်ပိုင်းဒေသတွေ ၊ မြစ်ဝှမ်းဒေသတွေဟာ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ဆက်စပ်နေပါတယ်။ မိုင် ၄၀၀၀ ကျော် ( ကီလိုမီတာ ၆၄၀၀ ) ရှိတဲ့ အမေဇွန်မြစ်ကြီးဟာလည်း တောင်အမေရိကတိုက်ထဲမှာပဲ စီးဆင်းနေပါတယ်။ အမေဇွန်မြစ်ကြီးတည်ရှိရာဒေသေတွေမှာဆိုရင် ထူထပ်ပြီးတော့ အပူပိုင်းမိုးသစ်တောတွေတည်ရှိပါတယ်။ ပါရာနာမြစ်ကြီးလည်းရှိပြီးတော့ အမေဇွန်ပြီးရင် ဒုတိယလိုက်တဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။ မိုင် ၃၀၀၀ ကျော်ရှည်လျားပြီး ( ၄၈၈၀ ကီလိုမီတာ ) ရှိပါတယ်။ ပါရာနာမြစ်ကြီးဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မိုးခေါင်ရေရှားမှုတွေ မိုးရေချိန်နည်းတာတွေကြောင့်မို့ ၁၉၄၄ ခုနှစ်ကနေစပြီးတော့ မြစ်ရဲ့ အနိမ့်ဆုံးအခြေအနေကို ကျဆင်းသွားပါတယ်။ 

တောင်တန်း နှင့် ကုန်းမြင့်ဒေသများ

တောင်အမေရိကတိုက်မှာရှိတဲ့ အန်ဒီ့စ် တောင်တန်းဟာဆိုရင်လည်း ကမ္ဘာ့အရှည်ဆုံး တောင်တန်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ မိုင်ပေါင်း ၅၅၀၀ ကျော်ရှည်လျားပြီး ( ၈၈၅၀ ကီလိုမီတာ ) ရှိပါတယ်။ တောင်အမေရိကတိုက်ကြီးရဲ့ အနောက်ဘက်အစွန်းပိုင်းမှာတည်ရှိပြီးတော့ တောင်ဘက်အစွန်းကနေ မြောက်ဘက်ထိပ်ပိုင်းနားအထိ ဆက်စပ်နေပါတယ်။ ၄၅၀၀ မီတာ ( ပေ ၁၅၀၀ ) အထိရှိတဲ့ တောင်ထိပ်တွေတည်ရှိပြီး အများစုဟာ မီးတောင်တွေပါဖြစ်ပါတယ်။ အမြင့်ဆုံးတောင်ထိပ်ဟာ ၆၉၆၂ မီတာရှိပြီးတော့ ( ပေ ၂၂၈၄၁ ပေ) ရှိပါတယ်။ အန်ဒီ့စ် တောင်တန်းဒေသတွေအပြင် ကုန်းမြင့်ဧရိယာ ၂ ခုရှိပြီး ဘရာဇီးလီးယန်း ကုန်းမြင့်နဲ့ ဂီယာနာကုန်းမြင့်ဒေသတွေပဲဖြစ်ပါတယ်။ ဘရာဇီးလီးယန်း ကုန်းမြင့်ဒေသတွေဟာ အမေဇွန်မြစ်ရဲ့ တောင်ဘက်ပိုင်းမှာတည်ရှိပြီး တောင်အနိမ့်တွေ ၊ ကုန်းပြင်မြင့်တွေနဲ့ ဖွဲ့စည်းထားပြီး ၁၀၀၆ မီတာ ( ပေ ၃၃၀၀ ) ကျော်မြင့်များပါတယ်။ ဂီယာနာ ကုန်းမြင့်ဒေသတွေကတော့ အမေဇွန် နဲ့ အိုရီနိုကို မြစ် ၂ ခုကြားမှာ တည်ရှိပြီး  တောင်ဘက်ဗင်နီဇွဲလား ၊ ဖရန့်ချ် ဂီယာနာ ၊ ဂိုင်ယာနာ ၊ မြောက်ဘက်ဘရာဇီးတို့မှာ ရှိပြီးတော့ ကိုလမ်ဘီယာ ရဲ့ အရှေ့တောင်ဘက်ပိုင်း တစ်စိတ်တစ်ဒေသအထိကျယ်ပြန့်ပါတယ်။ 

မြစ်ဝှမ်းဒေသများ 

တောင်အမေရိကတိုက်မှာ အဓိက မြစ်ဝှမ်းဒေသကြီး ၃ ခုရှိပါတယ်။ အမေဇွန် ၊ အိုရီနိုကို နဲ့ ပါရာ  တို့ပဲဖြစ်ပြီးတော့ အမေဇွန်ဟာ ကမ္ဘာ့ရေဝေ အကြီးဆုံးပဲဖြစ်ပါတယ်။ တောင်အမေရိကတိုက်ဟာ မြစ်ဝှမ်းဒေသတွေနဲ့ ဖုံးလွှမ်းနေပြီးတော့ အန်ဒီ့စ်ကနေစီးဆင်းလာတဲ့ ရေခဲမြစ်များ ၊ မြစ်လက်တက်များကနေရေတွေ စီးဝင်နေပါတယ်။ အမေဇွန်မြစ်ကြီးဟာဆိုရင် စက္ကန့်တိုင်းမှာပဲ အတ္တလန်တစ် သမုဒ္ဒရာအတွင်း ၂၀၉၀၀၀ ကုဗစ်မီတာ ( ၇၃၈၁၀၀၀ ကုဗစ်လက်မ ) စီးဆင်းနေပါတယ်။ အမေဇွန်မြစ်ကြီးတောင် အပူပိုင်းမိုးသစ်တောတွေ ပေါ်ပေါက်နေတာဖြစ်ပြီးတော့ မတူညီတဲ့ သစ်ပင်မျိုးစိတ်တွေ ၊ သတ္တဝါများစွာ မှီတင်းနေထိုင်ကြရာဒေသတစ်ခုလည်းဖြစ်တယ်။ အပူပိုင်းမိုးသစ်တော ဒေသမျိုးဖြစ်တာကြောင့် သစ်ပင်ကို မှီတင်းနေထိုင်ကြတဲ့ သတ္တဝါတွေ ၊ အင်းဆက်အကောင်လေးတွေ အမြောက်အများရှိပြီး အခြား မျိုးစိတ်အမြောက်အများလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ 

အိုရီနိုကို မြစ်ဟာ အမေဇွန်ရဲ့ မြောက်ဘက်ပိုင်းကို စီးဆင်းပြီး ၁၇၀၀ မိုင် ( ၂၇၃၆ ကီလိုမီတာ ) ထက် ကျယ်ပြန့်ပါတယ်။ ဘရာဇီးရဲ့ မြောက်ပိုင်း ဂီယာနာ ကုန်းမြင့်ဒေသကနေ ဗင်နီဇွဲလားမှာရှိတဲ့ အတ္တလန်တစ်သမုဒ္ဒရာကို စီးဝင်ပါတယ်။ အိုရီနိုကို မြစ်ဝှမ်းဒေသဟာ ၉၄၈၀၀၀ ကီလိုမီတာ ( ၃၆၆၀၀၀ မိုင် ) ပေါင်းကျယ်ပြန့်ပြီး ဗင်နီဇွဲလား ရဲ့ ၈၀ ရာခိုင်နှုန်း ၊ ကိုလံဘီယာရဲ့ ၂၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားတဲ့ မြစ်ဝှမ်းဒေသတစ်ခုပဲဖြစ်ပါတယ်။ 

ပါရာယာမြစ်ဝှမ်းဒေသဟာလည်း ၁၀၈၁၀၀၀ မိုင်ကျယ်ပြန့်ပြီး ဘရာဇီး အရှေ့တောင်ပိုင်းဒေသ ၊ ဘိုလီဗီယာ နဲ့ ပါရာဂွေး ၊ အာဂျင်တီးနား မြောက်ပိုင်းဒေသတွေကို လွှမ်းခြုံထားပါတယ်။ ဥရုဂွေးမြစ်နဲ့ အပြိုင် တည်ရှိပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးမှာရှိတဲ့ ဒေသမှာအဆုံးသတ်သွားပါတယ်။ 

ကမ်းရိုးတန်း လွင်ပြင်ဒေသများ 

တောင်အမေရိကရဲ့ ကမ်းရိုးတန်းလွင်ပြင်ဒေသတွေဟာ မြေနိမ့်ပြီးတော့ ပင်လယ်ကန်းရိုးတမ်းတွေနဲ့ ကပ်လျက်တည်ရှိပါတယ်။ ဘရာဇီးနဲ့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ အတ္တလန်းတစ်သမုဒ္ဒရာ နဲ့ အနောက်ဘက်ပိုင်း ချီလီနဲ့ ပီရူးတို့ မှာရှိတဲ့ ပစိဖိတ် ကမ်းရိုးတန်းတွေမှာ တွေ့နိုင်ပါတယ်။ ဘရာဇီးမှာရှိတဲ့ ကမ်းရိုးတန်းလွင်ပြင်ဒေသတွေဟာ အင်မတန်ခြောက်သွေ့တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ 

အနောက်ဘက်ကမ်းရိုးတမ်းလွင်ပြင်ဒေသတွေဟာလည်း အင်မတန်ခြောက်သွေ့တဲ့ ဒေသတွေဖြစ်ပြီး ပီရူးရေစီးကြောင်း ကနေအနောက်ဘက် ၊ အန်ဒီ့စ်တောင်တန်း ကနေအရှေ့ဘက်ကြားမှာ တည်ရှိပါတယ်။ အာတကာမာ ကန္တာရဟာ အနောက်ပိုင်း ကမ်းရိုးတန်းလွင်ပြင်ဒေသမှာရှိပြီးတော့ ကမ္ဘာ့အခြောက်သွေ့ဆုံးနေရာတစ်ခုလို့ သတ်မှတ်ခံထားရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ခြောက်သွေ့လွန်းတာကြောင့် သတ္တဝါတွေ နေထိုင်ဖို့ရာအလွန်ခက်ခဲပြီး ဘက်တီးရီးယားတွေ ၊ အင်းဆက်တွေနဲ့ မှိုတွေတောင် တွေ့ဖို့အလွန်ခဲယဉ်းတဲ့ နေရာမျိုးလည်းဖြစ်ပါတယ်။  အကျဉ်းချူပ်ရရင် တောင်အမေရိကတိုက်ဟာ အဓိက မြစ်ဝှမ်းဒေသလွင်ပြင်တစ်ခုဖြစ်ပြီး အပူပိုင်းမိုးသစ်တော ထူထပ်တဲ့ တိုက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကန္တာရတွေ ၊ တောင်တန်းတွေ ၊ ကုန်းပြင်မြင့်တွေ လည်းတည်ရှိပြီး မတူညီတဲ့ သတ္တဝါမျိုးစိတ်တွေလည်း အမြောက်အများရှာတွေ့နိုင်တဲ့ ကမ္ဘာ့ စတုတ္ထမြောက်အကြီးဆုံးတိုက်ကြီးတစ်ခုလည်းရှိဖြစ်ပါတယ်။ ဒီနေ့မှာတော့ တောင်အမေရိက တိုက်အကြောင်းကို ဝေမျှပေးခဲ့ပြီးဖြစ်တာကြောင် ဒီကနေပဲ နှုတ်ခွန်းဆက်သလိုက်ပါရစေ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။

-Bhuthuta Corner

Share:

More Posts

Send Us A Message