ကျွန်တော်တို့ဟာ နည်းပညာတွေ တိုးတက်မှု မြန်ဆန်တဲ့ ခေတ်ကာလကြီးမှာ ရှင်သန်နေကြရပါတယ်။ ယခုလို ခေတ်ကာလကြီးမှာ အရင်ကလို ကိုယ်ကာယသုံးပြီး လုပ်ကိုင်ရတာထက် ဉာဏကို ကိုသုံးပြီး လုပ်ကိုင်ကြရတာပိုမိုများပြားပါတယ်။ ဒါ့အပြင် ခေတ်ရေစီးကြောင်းအရ နည်းပညာပိုင်းဆိုင်ရာတွေကို ကောင်းမွန်စွာ အသုံးချတတ်တဲ့သူတွေကို အများအပြားလိုအပ်နေပြီး ဒီနေရာတွေကို လုပ်ကိုင်နိုင်ဖို့ဟာ ကျွမ်းကျင်ခိုင်မာတဲ့ အရည်အချင်းတွေရှိဖို့ လိုအပ်တာမို့ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပတ်သတ်တဲ့ အလုပ်တွေဟာ အမြဲတမ်းဝင်ငွေကောင်းနေတဲ့ အလုပ်တွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီးတော့ နည်းပညာရေးဆိုင်ရာကဏ္ဍကနေ ဝင်ငွေအများဆုံးရရှိနိုင်တဲ့ အလုပ်အချို့ကို ဝေမျှပေးသွားပါမယ်နော်။
၁။ Developers
နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပြောရရင်တော့ developers တွေဟာ မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြ Social Media Platform တွေကနေပြီး နည်းပညာပိုင်းဆိုင်ရာ ပတ်သတ်သမျှဟာ developers တွေရဲ့ ဖန်တီးရေးဆွဲမှုတွေကနေပေါ်ပေါက်လာတာပါ။ Developers တွေဟာ ကျွမ်းကျင်ရာနယ်ပယ် ကို လိုက်ပြီးတော့ ရရှိနိုင်တဲ့ ဝင်ငွေတွေဟာ အမျိုးမျိုးကွဲပြားတတ်ကြပါတယ်။ ဥပမာ အားဖြင့် Programmer တွေ ၊ software developers တွေဟာ နိုင်ငံတကာမှာ နှစ်စဉ် $60,000 ကနေပြီးတော့ $150,000 အထိ ဝင်ငွေတွေရှိတတ်ကြပါတယ်။ Website developers တွေ ၊ mobile app developers တွေ ၊ blockchain developers တွေဟာလည်း နိုင်ငံတကာမှာ နယ်ပယ်ဒေသအလိုက် နှစ်စဉ် $80,000 ကနေပြီးတော့ $180,000 – $200,000 ဝန်းကျင်အထိ ဝင်ငွေတွေရှိတတ်ကြပါတယ်။
၂။ Cyber Security Experts
နည်းပညာပိုင်းဆိုင်ရာတွေ တိုးတက်လာတာနဲ့ အမျှ မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ ၊ ခိုးယူမှုတွေကို ကာကွယ်ဖို့လည်း လိုအပ်လာပြန်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီအတွက် အရေးပါသလို ဝင်ငွေရယူပြီးသော်လည်းကောင်း ၊ အများအပြားကို ဝန်ဆောင်မှုပေးနေတဲ့ နည်းပညာလုပ်ငန်းတွေမှာသော်လည်းကောင်း လူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ၊ ပိုင်ဆိုင်မှုတွေ ကို ကာကွယ်ပေးဖို့ဟာလည်း အင်မတန်အရေးကြီးပါတယ်။ ကျွမ်းကျင်တဲ့ မသမာသူတွေရဲ့ လက်ထဲကနေ ခိုးယူမှုတွေမဖြစ်ပေါ်စေဖို့ ၊ မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ၊ ပြန်လည်တိုက်ထုတ်ဖို့အတွက်ကို cyber security experts တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍတွေကနေပါဝင်ကြပါတယ်။ တာဝန်ယူထားရတဲ့ နယ်ပယ်အလိုက် cyber security experst တွေ နိုင်ငံတကာမှာ နှစ်စဉ် $70,000 ဝန်းကျင်ကနေစပြီး $150,000 အထိ ရရှိတတ်ကြပါတယ်။
၃။ Digital Marketing Specialist
လုပ်ငန်းကြီးတွေဟာဖြစ်စေ ၊ လူသုံးများတဲ့ apps တွေ ၊ social media platform တွေမှာဖြစ်စေ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ ကိုယ့်ရဲ့ လုပ်ငန်းကို လူသိများစေဖို့ ၊ အသုံးများစေဖို့ ၊ digital markeing တွေကို ပိုမို လိုအပ်လာပါပြီ။ ဒီနေရာတွေမှာ digital marketing specialist တွေရဲ့ ကျွမ်းကျင်မှုက အရေးပါပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍဟာ နောက်ပိုင်း လုပ်ငန်းကြီးတွေမှာ မရှိမဖြစ် ရှိကိုရှိထားသင့်တဲ့ အလုပ်ခွင်နေရာတစ်နေရာကို ယူလာတာကြောင့် နိုင်ငံတကာမှာ ဝင်ငွေအကောင်းဆုံးအလုပ်တွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။ နှစ်စဉ်ဝင်ငွေ $50,000 ကနေ $120,000 အထိ ရှိတတ်တယ်ဆိုပေမယ့် ကိုင်တွယ်ရတဲ့ လုပ်ငန်းတွေ ၊ အခန်းကဏ္ဍတွေအပေါ်မူတည်ပြီး ဝင်ငွေဟာ အပြောင်းအလဲတွေရှိပါတယ်။
၄။ Artificial Intelligence Engineer
AI လို့ ခေါ်တဲ့ Artificial Intelligence တွေဟာ ခေတ်စားလာတာနဲ့ အမျှ သူတို့ကို program ရေးတဲ့သူတွေ ၊ data သွင်းပေးတဲ့သူတွေ ပိုမို လိုအပ်မှုတွေ များပြားလာပြီး အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာခဲ့ပါတယ်။ AI တွေဟာ မေးခွန်းတွေကို ဖြေဆိုဖို့ ၊ လူလုပ်ဆောင်စရာမလိုတဲ့ လုပ်ငန်းခွင်တွေကို လုပ်ဆောင်ဖို့ ၊ လူသားတွေ ဖြေရှင်းရခက်ခဲ့တဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် သူတို့ကို အချက်အလက်တွေ ရေးဆွဲ သင်ကြားပေးရပါတယ်။ ဒီနေရာမှာ artificial intelligence engineer ခေါ် developers တွေဟာ လိုအပ်ချက်တွေကို ရေးဆွဲသင်ကြားပြင်ဆင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နိုင်ငံတကာမှာဆိုရင် ဒီ position အတွက် နှစ်စဉ်ဝင်ငွေ အနည်းဆုံး $100,000 ဝန်းကျင်လောက်ကနေပြီး $180,000 ဝန်းကျင်အထိ ပေးတတ်ကြပါတယ်။ အကယ်၍ ကိုယ်တာဝန်ယူရတဲ့ ဒေသ ၊ နေရာ ၊ အခန်းကဏ္ဍတွေဟာ အရေးကြီးပြီး လိုအပ်ချက်များရင် များသလိုလည်း ပိုမိုဝင်ငွေကောင်းနိုင်တဲ့ အလုပ်မျိုးတွေပဲဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ နည်းပညာတွေကို နေ့တစ်ဓူဝ အသုံးချနေရတာဖြစ်တာကြောင့် နည်းပညာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေဟာ အမြဲတမ်းလိုအပ်ချက်တွေနဲ့ ဝင်ငွေတွေဟာ မြင့်မားနေဦးမှာပဲဖြစ်ပါတယ်။ ဘယ်နေရာကိုပဲကြည့်ကြည့် နည်းပညာကျွမ်းကျင်တဲ့ပညာရှင်တွေဟာ ဝင်ငွေများတဲ့ စာရင်းထဲမှာ အမြဲတမ်းပါတတ်ကြပါတယ်။ နည်းပညာတွေကို ကောင်းမွန်ကျွမ်းကျင်စွာ အသုံးချနိုင်လေ ဝင်ငွေပိုမို ကောင်းမွန်တဲ့ အလုပ်တွေကို ပိုမိုချဲ့ထွင်းနိုင်လေလို့ အကြံပြုရေးသားရင်းနဲ့ပဲ ဝေမျှပေးခဲ့တာလေးတွေကို အဆုံးသတ်ပါရစေနော်။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected] .
-Bahuthuta Corner