Bahuthuta Corner.com

မြောက်အမေရိကတိုက်အကြောင်း သိကောင်းစရာများ

အမေရိကတိုက်ကြီးကို ခရစ်စတိုဖာ ကိုလံဘတ်စ်က ၁၄၉၂ ခုနှစ် မှာ စတင်တွေ့ရှိခဲ့တယ်လို့ မှတ်တမ်းတွေ ရှိထားပါတယ်။ ၁၄၉၂ ခုနှစ် ၊ အောက်တိုဘာလ ၁၂ ရက်နေ့မှာ အီတလျံ စူးစမ်းလေ့လာသူ ခရစ်စတိုဖာ ကိုလံဘတ်စ်က အမေရိကတိုက်ကို စတင်အခြေချခဲ့ပြီးတော့ စပိန်လူမျိုးတွေရဲ့ နယ်မြေလို့ သတ်မှတ်ခဲ့ပါတယ်။ အများစုကတော့ ကိုလံဘတ်စ်ဟာ အမေရိက တိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုကြပေမယ့် တကယ်တမ်းမှာတော့ အမေရိကတိုက်ကြီးနဲ့ အနောက်ဥရောပနိုင်ငံတွေကို စတင်မိတ်ဆက်ပြီး ထိတွေ့တယ်လို့ ပြောရင်ပိုမိုတိကျပါလိမ့်မယ်။ အမေရိကတိုက်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးတိုက်ကြီးထဲမှာပါပြီးတော့ တောင်ပိုင်း နဲ့ မြောက်ပိုင်းဆိုပြီး ကွဲပြားခြားနားပါတယ်။ အဲ့ဒီမှာမှ မြောက်အမေရိကတိုက်ဟာ ကမ္ဘာတတိယမြောက်အကြီးဆုံး တိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြောက်အမေရိကတိုက်အကြောင်းကို ဝေမျှပေးသွားပါတယ်။ 

An image of Christopher Columbus from a 5000 Lire Italian bill issued in 1971.

မြောက်အမေရိကတိုက်

မြောက်အမေရိကတိုက်ဟာ ကာရေဘီယန် ပင်လယ် ၊ အတ္တလန်းတစ် သမုဒ္ဒရာတို့ နဲ့ ဆက်စပ်နေပါတယ်။ မြောက်အမေရိက တိုက်ကို သဘာဝပထဝီဝင် ၊ ပတ်ဝန်းကျင် ၊ အရင်းအမြစ်တွေနဲ့ လူသားတွေရဲ့ ပထဝီဝင်တွေနဲ့ ဆက်စပ်ပြီး ခွဲခြမ်းလေ့လာပါတယ်။ မြောက်အမေရိကတိုက်ဟာ တောင်တန်းတွေ ၊ မြေပြန့်တွေ ၊ ကမ်းရိုးတမ်းဒေသတွေ များစွာနဲ့ တိုက်ကြီးပဲဖြစ်ပါတယ်။ Mexico နဲ့ Central America တို့ဟာ အနောက်ဘက် တောင်တန်းဒေသတွေနဲ့ ဆက်စပ်ပြီး တခြားမြေနိမ့်ပိုင်းဒေသတွေ နဲ့ပင်လယ်ကမ်းခြေဒေသတွေဟာ အရှေ့ဘက်ပိုင်းမှာတည်ရှိနေပါတယ်။ မြေမျက်နှာပထဝီပြင်တွေ ကွာခြားမှုကြောင့် မြောက်အမေရိကတိုက်ထဲမှာတင် သစ်ပင်တောတောင်တွေ ကန္တာရတွေ ၊ စိမ့်မြေလွင်ပြင်တွေ ၊ သန္တာကျောက်တန်းတွေများစွာတည်ရှိပါတယ်။ 

အနောက်ဘက်တောင်တန်းဒေသများ 

အမေရိကတိုက်ရဲ့ အနောက်ဘက်ပိုင်းဟာ တောင်ကုန်းတွေ ၊ တောင်တွေထူထပ်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အထူးထင်ရှားတာကတော့ Rockies တောင်တန်းပဲဖြစ်ပြီးတော့ မြောက်အမေရိကတိုက်ရဲ့ အကြီးမားဆုံးတော့ တောင်တန်းတစ်ခုဖြစ်တယ်။ ဒီတောင်တန်းဟာဆိုရင် Canada ကနေပြီးတော့မှ New Mexico အထိ ဆက်စပ်နေပါတယ်။ မီးတောင်များလည်း တည်ရှိပြီးတော့ အဓိကအားဖြင့် Guatemala , Honduras , Nicaragua , Costa Rico နဲ့ Panama နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။ မီးတောင်ပေါက်ကွဲမှုတွေ ၊ ငလျင်လှုပ်တွေဟာ ဒီဒေသတွေမှာ မကြာခဏဖြစ်ပေါ်တတ်ပြီးတော့ မီးတောင်ကထွက်တဲ့ ချော်ရည်တွေ ၊ ပြာတွေကြောင့်မို့လို့ မြေဆီမြေသြဇာ ကောင်းမွန်တဲ့ ဒေသတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် Sonoran , Mojave နဲ့ Chihuahuan နိုင်ငံတွေဟာဆိုရင်လည်း အဓိက ကန္တာရဒေသကြီးတွေပဲဖြစ်ပြီးတော့ အမေရိကတိုက်ကြီးရဲ့ အနောက်ဘက်ပိုင်းမှာပဲတည်ရှိနေပါတယ်။ အနောက်ဘက်တောင်တန်းဒေသတွေမှာ ဆိုရင် တောင်တွေ ၊ ကန္တာရတွေ သစ်တောတွေတည်ရှိပြီးတော့ ရေနံဆီ နဲ့ သဘာဝဓာတ်ငွေ့တွေအများဆုံးထွက်တဲ့ ဒေသတွေပဲဖြစ်ပါတယ်။ 

အလယ်ပိုင်း မြေပြန့်ဒေသ 

မြေပြန့်ဒေသတွေကိုတော့ မြောက်အမေရိကတိုက်ကြီးရဲ့ အလယ်မှာတွေ့နိုင်ပါတယ်။ အဓိကအားဖြင့် Canada နိုင်ငံ နဲ့ United State မှာတည်ရှိပါတယ်။ ဒီဒေသတွေကို မြောက်အမေရိကတိုက်ရဲ့ ပေါင်မုန့်ခြင်းလို့လည်း တင်စားခေါ်ဝေါ်ကြပြီး အစာရေစာပေါများကြွယ်ဝစွာ ထုတ်လုပ်နိုင်လောက်အောင် စိုက်ပျိုးနိုင်ကြပါတယ်။ ဒီဒေသတွေဟာလည်း ရေနံဆီ နဲ့ သဘာဝဓာတ်တွေ ထုတ်လုပ်နိုင်တဲ့အထိ သဘာဝရင်းမြစ်တွေ ကြွယ်ဝစွာရှိပါတယ်။ ရာသီဥတုပြင်းထန်မှုတွေကြောင့် အနောက်ဘက်တောင်တန်းဒေသတွေလို  ကြီးမားတဲ့ အပင်ကြီးမျိုးတွေ ပေါက်ရောက်နိုင်ခြင်းမရှိပေမယ့် ဒေသမျိုးရင်းဖြစ်တဲ့ မြက်ပင်တွေဟာ ဒီဒေသမှာကြီးစိုးထားပါတယ်။ မြက်ပင်တွေဟာ  ၂ မီတာ ( ၇ လက်မ ) အထိ ကြီးထွားနိုင်ပါတယ်။ 

အရှေ့ပိုင်းကမ်းရိုးတန်းဒေသများ 

အရှေ့ပိုင်းကမ်းရိုးတန်းဒေသမှာ တောင်တစ်ချို့ရယ် အတ္တလန်းတစ် ပင်လယ်ကမ်းရိုးတန်းလွင်ပြင်တွေ တည်ရှိပါတယ်။ အရှေ့ပိုင်းဘက်ဒေသမှာတော့ တောင် တစ်ချို့တည်ရှိကြပြီး ဒီဒေသတွေကနေ အဓိကအားဖြင့် ကျောက်မီးသွေးတွေနဲ့ တခြားတွင်းထွက်သတ္တုတွေ တူးဖော်ကြပါတယ်။ အတ္တလန်းတစ် ပင်လယ်ကမ်းရိုးတန်းလွင်ပြင်တွေဟာ မြစ်ချောင်းတွေ ၊ စိမ့်စမ်းအိုင်တွေ ၊ ရေခံမြေခံကောင်းမွန်တဲ့ ဒေသဖြစ်ပြီးတော့ ဒီဒေသတွေမှာ  မြေကြီးဟာ အမြဲတမ်းလိုလို ဒါမှမဟုတ် ရာသီဥတုကို လိုက်ပြီးတော့ အစိုဓာတ်ကြွယ်ဝစွာပါရှိပါတယ်။ The Florida Everglades ဟာ အရှေ့ဘက်ပိုင်းဒေသရဲ့ အကြီးမားဆုံးသော ရေခံမြေခံဒေသတစ်ခုဖြစ်ပြီးတော့ 11,137 kilometers ( 4,300 square miles ) ကျယ်ဝန်းပြီး Florida နိုင်ငံရဲ့ တောင်ဘက်ပိုင်းမှာတည်ရှိပါတယ်။ ဒီဒေသမြစ်ချောင်းအင်းအိုင်ပေါများတဲ့ ဒေသဖြစ်တာအလျောက်  မိချောင်းတွေ ၊ ငှက်တွေနဲ့ အခြားသော သတ္တဝါမျိုးစိတ်မြောက်များစွာ မှီတင်းနေထိုင်ကြတဲ့ ဒေသ တစ်ခုဆိုလည်း မမှားပါဘူးနော်။ 

မြောက်အမေရိက တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံးတတိယမြောက်တိုက်ကြီးဖြစ်တဲ့အလျောက် ဒေသတွင်းဆိုင်ရာ တောင်တန်းတွေ ၊ မြေပြန့်ဒေသတွေ ၊ ကမ်းရိုးတန်းဒေသတွေများစွာတည်ရှိပြီး ကွဲပြားတဲ့ ရာသီဥတုတွေ မတူခြားနားတဲ့ သတ္တဝါမျိုးစိတ်တွေ များစွာမှီတင်းနေထိုင်ကြတဲ့ တိုက်ကြီးပဲဖြစ်ပါတယ်။ လက်ရှိ မြောက်အမေရိကတိုက်ကြီးထဲမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံတည်ရှိပါတယ်။ စာဖတ်သူတို့ရေ မြောက်အမေရိကတိုက်ကြီး အကြောင်းကို ဒီနေ့ ဒီလောက်နဲ့ပဲ အဆုံးသတ်ချင်ပါတယ်။ နောက်လာမယ့် အပတ်တွေမှာ တောင်အမေရိက တိုက်တွေအကြောင်း ကို ဆက်လက်ဝေမျှပေးသွားမှာမို့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။

Share:

More Posts

Send Us A Message