ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ကိုယ်စီတာဝန်ယူရတဲ့အပိုင်းကဏ္ဍတွေ ရှိကြပါတယ်။ ဟော်မုန်းတွေဟာဆိုရင်လည်း ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်သာ မက စိတ်ပိုင်းဆိုင်ရာတွေအတွက်ပါ သက်ရောက်တဲ့ စွမ်းဆောင်မှုတွေရှိပါတယ်။ များသောအားဖြင့် ဟော်မုန်းတွေက ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပြီး ခန္ဓာကိုယ်မှာ လည့်ပတ်သွားလာနေပြီး လိုအပ်တဲ့ လုပ်ဆောင်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေရဲ့ လုပ်ဆောင်ပုံ အခန်းကဏ္ဍတွေကို ဖော်ပြပေးသွားပါမယ်။
ဟော်မုန်းတွေ ထုတ်လုပ်ပုံ – ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ထဲကနေ ထုတ်လွှတ်တဲ့နေရာ တစ်ခုနဲ့ တစ်ခုမတူညီကြပါဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အမျိုးမျိုးသော အကျိတ်ကလေးတွေကနေပြီး မတူညီတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ကြပါတယ်။
ဟော်မုန်းတွေ သွားလာလှုပ်ရှားပုံ – အကျိတ်လေးတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းလေးတွေဟာ အာရုံကြောတွေ ၊ သွေးကြောတွေကနေ တစ်ဆင့် ခန္ဓာကိုယ်ထဲကို လှည့်လည်သွားလာကြပါတယ်။ အဓိကအားဖြင့် သွေးကြောတွေကသာ ဟော်မုန်းတွေကို တာဝန်ကျ သက်ဆိုင်ရာ ဆဲလ်နဲ့ အစိတ်အပိုင်းတွေဆီရောက်အောင် သယ်ဆောင်ပေးတာပဲဖြစ်ပါတယ်။
သက်ဆိုင်ရာတာဝန်ယူကြပုံ – ဟော်မုန်းလေးတွေဟာ သက်ဆိုင်ရာ တာဝန်ကျတဲ့ ဆဲလ်နဲ့ အစိတ်အပိုင်းတွေဆီကို ရောက်တဲ့အခါမှာ ဆဲလ်တွေရဲ့ နံရံတွေ ဒါမှမဟုတ် လက်ခံတဲ့နေရာနဲ့ ချိတ်ဆက်ပြီး ပေါင်းစည်းသွားကြပါတယ်။ ဟော်မုန်းလေးတွေမှာ ကိုယ်တာဝန်ကျရာမဟုတ်တဲ့ ဆဲလ်တွေနဲ့ ပေါင်းစည်းလို့မရတဲ့ လျို့ဝှက်ကုတ်ကလေးတွေကိုယ်စီရှိကြပါတယ်။ ဟော်မုန်းလေးတွေကြောင့်ဖြစ်ပေါ်လာတဲ့ သက်ရောက်မှု – ဟော်မုန်းလေးတွေရှိတာကြောင့် ခန္ဓာကိုယ်ကြီးဟာ ဟန်ချက်ညီညီရပ်တည်ရှင်သန်နိုင်တယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို လုပ်ဆောင်နိုင်တယ်။ ဆဲလ်တွေ ခန္ဓာကိုယ်ကြီးထွားမှုတွေကို အထောက်အကူဖြစ်စေနိုင်တယ်။ စိတ်ဖိဆီးမှုတွေကို လျော့ချဖို့ ၊ ထိန်းညှိဖို့လုပ်ဆောင်နိုင်တယ်။ မျိုးပေါ်ဖို့အတွက် လှုံ့ဆော်နိုင်တယ်။ သွေးလေလည်ပတ်မှုအားကောင်းပြီး ကိုယ်ခံအားစနစ်တွေကို အထောက်ကူပြုစေတယ်။ အစရှိတဲ့ သက်ရောက်မှုတွေရှိပါတယ်။
Bahuthuta Corner မှတင်ဆက်သော ဆောင်းပါးတို များအားစဥ်ဆက်မပြတ်ဖတ်ရှုပေးကြသည့် ပရိသတ်များအားကျေးဇူးအထူးတင်ရှိပါသည်။ ဆက်လက်ပြီး အသစ်တင်သော ဆောင်းပါးတို များကို လက်မလွတ်စေရန် Notification On ထားနိုင်ပါတယ်ဗျာ။ ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]
-Bahuthuta Corner