ကျွန်တော်တို့ နေ့စဉ်စားသောက်ရတာတွေက ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ဟာ ကျန်းမာလှုပ်ရှားသွားလာလုပ်ကိုင်နိုင်ဖို့အတွက် စွမ်းအင်တွေ ၊ အာဟာရတွေ ပြည့်ဝဖို့အရေးကြီးပါတယ်။ တစ်ချို့အစားအစာတွေဟာ ဗိုက်ပြည့်တယ်ဆိုပေမယ့် အာဟာရတွေ စွမ်းအင်တွေမပြည့်ဝတာမို့ ပြည့်ပြည့်ဝဝအကျိုးမရှိပါဘူးနော်။ တန်ဖိုးများမှ အာဟာရပြည့်ဝအောင် စားနိုင်တာမျိုးမဟုတ်ပဲ အဖိုးအခနည်းနည်းနဲ့ အာဟာရပြည့်ပြည့်ဝဝရအောင် စားနိုင်တဲ့ အစားအစာတွေလည်း အများကြီးရှိပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်တို့ နေ့စဉ်စားသောက်ဖို့အတွက် ပတ်ဝန်းကျင်မှာ အလွယ်တကူဝယ်လို့ရနိုင်ပြီးတော့ အဖိုးအခနည်းနည်း နဲ့ ကျန်းမာစေဖို့ စားနိုင်တာတွေကို ဝေမျှပေးသွားပါမယ်နော်။
ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံများ
ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကတော့ ဘယ်အစားအစာမှာမဆို မပါမဖြစ်အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေ အသီးအနှံတွေကများသေားအားဖြင့် လိုအပ်တဲ့ ဗီတာမင်တွေ ၊ ဖိုင်ဘာတွေ အခြားသော အာဟာရတွေ ကြွယ်ဝစွာ ပါဝင်တာမို့ မဖြစ်မနေစားသုံးရပါမယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုရင် ခရမ်းချဉ်သီး ( ဗီတာမင် စီ ) ၊ ဟင်းနုနွယ်ရွက် ၊ ဘူးညွှန့် ၊ရုံးပတီသီး ( ဖိုင်ဘာ ) ၊ ဘူးသီး ၊ ကျောက်ဖရုံသီး ၊ ခရမ်းသီး အစရှိတဲ့ အသီးအနှံတွေဟာ ဝယ်ယူရလွယ်ကူပြီး အဖိုးအခ အသင့်အတင့်နဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အစားအစာပဲဖြစ်ပါတယ်။ ကျောက်ဖရုံသီးဆိုရင် ခန္ဓာကိုယ်က အနံ့ဆိုးထွက်တတ်တာကို ထိန်းသိမ်းပေးတဲ့ အစွမ်းအာနိသင်ရှိတယ်လို့ဆိုပါတယ်။ အခြားဟင်းသီးဟင်းရွက် အသီးအနှံတွေကတော့ မုန့်ညှင်း ၊ ဂေါ်ဖီ ၊ မုန်လာဥ ၊ ကိုက်လန် ၊ ကန်စွန်းရွက် တို့ဟာလည်း စားသောက်သင့်တဲ့ ခန္ဓာကိုယ်အထောက်အကူဖြစ် အသီးအနှံတွေပဲဖြစ်ပါတယ်။
ပဲအမျိုးမျိုး
အကယ်၍ ကိုယ်ဟာသာ အသားကြီး ၊ ငါးကြီး မစားတတ်တဲ့သူမျိုးဆိုရင်တော့ ပဲတွေကို မဖြစ်မစေ စားသောက်ရပါမယ်။ ပဲအမျိုးမျိုးဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဝယ်ရတာလွယ်ကူပြီး အဖိုးအခကလည်းအခြားသော စားသောက်စရာတွေထက်စာရင် အင်မတန်နည်းပါးပါတယ်။ ဒါ့အပြင် ပဲတွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာမျိုး ပဲအမျိုးမျိုးဟာ စားကိုစားသင့်တဲ့ အစားအစာတွေမှာပါဝင်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်ကျင်းမှာ အလွယ်တကူဝယ်လို့ရနိုင်ပြီး အဖိုးအခ နည်းတဲ့ ပဲတွေဟာဆိုရင် ပဲပြုတ် ၊ ပဲကတ္တီပါ ၊ ပဲနီလေး ၊ ပဲဝါလေး ၊ ပဲကြမ်း ၊ ဗိုလ်စားပဲ ၊ စားတော်ပဲ တို့ပဲဖြစ်ပြီး ကထိကယမများတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။
အသား ၊ ငါး နှင့် ကြက်ဥ
အသား ၊ ငါး နဲ့ ကြက်ဥ ကတော့မဖြစ်မနေစာကို စားရပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ဖွံဖြိုးဖို့ ၊ ကောင်းမွန်စွာ လှုပ်ရှားသွားလာနိုင်ရေးအတွက် လိုအပ်တဲ့ အာဟာရတွေကိုဖို့ကို ပရိုတင်းဓာတ်ကြွယ်ဝနေဖို့လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကို အသား ၊ ငါး ၊ ဥအမျိုးမျိုး ၊ ပဲအမျိုးမျိုး ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိပါတယ်။ အသား ၊ ငါး ဆိုတဲ့ နေရာမှာ ဈေးအသင့်အတင့် ဝယ်စားလို့ရတဲ့ ကြက်သား ၊ ပုဇွန်ဆိတ် ၊ ငါးသစ်တုံး ၊ ငါးသလဲထိုး ၊ အစရှိတာတွေကိုစားလို့လည်းရပါတယ်။
အဆီ နဲ့ အချိုများ
အဆီ နဲ့ အချိုဓာတ်တွေကလည်း ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ တစ်စိတ်တစ်ဒေသမှာပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ စွမ်းအင်တွေကို ချက်လုပ်နိုင်ဖို့ အဆီဓာတ်ကို လိုအပ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ ထမင်းဟာ ခန္ဓာကိုယ်အတွက် အဓိက လိုအပ်တဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်တဲ့ အဓိက အစားစာတစ်ခုပါပဲ။ ဒါ့အပြင် ဂျုံ ၊ ယာဂု အစရှိတာတွေဟာလည်း ခန္ဓာကိုယ်ကို အကျိုးဖြစ်ထွန်းစေပါတယ်။ ခန္ဓာကိုယ်ကြီး သင့်တင့်မျှတပြီး ကျန်းမာစေဖို့အတွက် အဆီ နဲ့ အချိုတွေကိုလည်း မျှတစွာ စားပေးရပါတယ်။ လိုအပ်တဲ့ အဆီနဲ့ အချိုဓာတ် လုံလုံလောက်လောက်မရှိတဲ့အခါ ပင်ပန်းနွမ်းနယ် ၊ မူးဝေတာ ၊ ကောင်းကောင်းမွန်မွန်အလုပ်မလုပ်နိုင်တာ အစရှိတဲ့ အကျိုးဆက်တွေ ကြုံရနိုင်ပါတယ်။
တကယ်တော့ ဒီအစာအုပ်စုအမျိုးအစားတွေက ကျွန်တော်တို့ငယ်စဉ်ကတည်းက ခဏခဏ သင်ကြားရခဲ့ပြီးသားပါ။ အစားအစာကို စားတဲ့အခါမှာ လိုအပ်တဲ့အာဟာရတွေကို သင့်တင့်မျှတစွာ စားနိုင်တာဟာ အကောင်းဆုံးပါပဲ။ တန်ဖိုးကြီးမှ အာဟာရပြည့်ဝတာမျိုးမဟုတ်ပဲ ဈေးနှုန်းသင့်တဲ့စွာနဲ့ ကျန်းမာအောင်စားစရာတွေအများကြီးရှိပါတယ်။ ကိုယ်နေ့စဉ်စားနေကျ အစားအစာတွေဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်ဆိုရင် ရေရှည်မှာ ကိုယ့်ကျန်းမာရေးကို စိတ်ပူစရာမလိုတော့ပါဘူးနော်။ ဒီကနေ့ ဝေမျှပေးခဲ့တဲ့အစားအစာတွေကို နေ့စဉ်ပါဝင်အောင် စားသောက်ကြည့်ပါလို့အကြံပြုရင်းနဲ့ပဲ အဆုံးသတ်ပါရစေ။ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]
-Bahuthuta Corner