Bahuthuta Corner.com

အမျိုးသမီးတွေ သားအိမ်ရေလုံးတည်ခြင်း 

သားအိမ်ထဲမှာ ရေလုံးတည်တယ်ဆိုတာ အမျိုးသမီး ၁၀ ယောက်ရှိရင် ၈ ယောက်လောက်ကြုံတွေ့ရတဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအခြေအနေကြောင့် ဓာတ်မှန်ရိုက်ဖူးတဲ့သူ ၊ ဆေးစစ်ဖူးတဲ့သူတွေကတော့ သတိထားမိတတ်ကြပေမယ့် အများစုဟာ ရေလုံးတည်နေတာကိုတောင် သတိမထားမိတတ်ကြပါဘူး။ ဒီလိုရေလုံးတည်ခြင်းဟာလည်း များသောအားဖြင့် ထိခိုက်နာကျင်တာ ၊ ဘေးထွက်ဆိုးကျိုးရယ်လို့ မရှိတာကြောင့်လည်း သတိမထားမိတတ်ကြတာဖြစ်ပါလိမ့်မယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး အမျိုးသမီးတွေ အဖြစ်များကြတဲ့ သားအိမ်ထဲမှာ ရေလုံးတည်ခြင်းအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဝေမျှပေးသွားပါရစေ။ 

သားအိမ်ထဲမှာ ရေလုံးလေးများတည်ခြင်း 

သားအိမ်ထဲမှာ ရေလုံးလေးတွေ ဖြစ်လာရခြင်းအကြောင်းအရာဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ များသောအားဖြင့် ဓမ္မတာလာတဲ့အချိန်မှာ တည်တာ ၊ ဟော်မုန်းမညီမျှတာ အစရှိတာတွေကြောင့် သားအိမ်ထဲမှာ ရေလုံးလေးတွေ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရဲ့ ဖွံဖြိုးမှုဟာလည်း သားအိမ်ထဲမှာ ရေလုံးတည်စေနိုင်ပါတယ်။ အဆိုပါရေလုံးထဲမှာ ဆံသား ၊ အရေပြားအဖတ်ကလေးများ ၊ သွား ၊ အစရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေ ပါ ပါဝင်တတ်ပြီး ဒီလိုဖြစ်စဉ်မျိုးဟာ အင်မတန်ကို ရှားပါတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ 

သားအိမ်ထဲမှာ ရေလုံးလေးများတည်ခြင်းဟာ…. 

သားအိမ်ထဲမှာ ရေလုံးတည်ခြင်းဟာ များသောအားဖြင့် မသိသာကြပေမယ့် ရံဖန်ရံခါ အခြေအနေမှာ ဒီလိုမျိုးပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်ဟာ ခန္ဓာကိုယ်ကို သက်ရောက်မှုတွေ ဖြစ်တတ်ကြပါတယ်။ အမျိုးသမီးအများစုဟာ ဒီလိုမျိုးမကြုံတွေ့ကြရပေမယ့် အချို့သော အမျိုးသမီးတွေဟာ သားအိမ်ထဲမှာ နာကျင်တာ ၊ ဗိုက်ကြီးလေးနေတာ ၊ ပြည့်ဖောင်းဖောင်းဖြစ်နေသကဲ့သို့ ခံစားနေရတာ ၊ ရာသီစက်ဝန်းအချိန်မမှန်တာ ၊ မျိုးဥကြွေတဲ့ အချိန်နာကျင်ကိုက်ခဲတာ အစရှိတာမျိုးတွေ ခံစားရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ရေအိမ်က ကြီးမားလာတဲ့အခါမျိုးတွေမှာ ဆိုရင် ဆီးအိတ်ကို ဖိမိပြီး ဆီးအောင့် ၊ ဆီးကျဉ် ၊ ဆီးမကြာခဏသွားရတဲ့ ဝေဒနာတွေကိုပါ ကြုံတွေ့ရတတ်ပါတယ်။ 

သားအိမ်ထဲမှာ ရေလုံးတည်ခြင်းကို… 

သားအိမ်ထဲမှာ တည်တဲ့ ရေလုံးတွေဟာ အရွယ်အစားသေးငယ်တဲ့အခါမှာတော့ သွားပြီးထုတ်လို့ မရပါဘူး။ များသောအားဖြင့် ရေလုံးလေးတွေဟာ တည်ပြီး အချိန်အတိုင်းအတာ တစ်ခုရောက်ရင် သူ့ဘာသာ ပျောက်ဆုံးသွားကြပါတယ်။ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဟော်မုန်းဆေးတွေ သောက်သုံးတာ ၊ မကြာခဏဆေးစစ်ပြီး ဟော်မုန်းထိန်းညှိစေတဲ့ ဆေးတွေ သောက်သုံးခြင်းဟာ သားအိမ်ထဲမှာ ရေလုံးတည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အကယ်၍ ရေလုံးဟာ ပျောက်ကွယ်မသွားပဲ ကြီးထွားလာတယ်။ ခန္ဓာကိုယ် ကိုထိခိုက်သည်အထိ ဖြစ်လာတယ်ဆိုရင်တော့ ခွဲစိတ်ပြီး ထုတ်ရသည်အထိ ဖြစ်လာနိုင်ပါတယ်။ အဆိုပါ ဖြစ်စဉ်တွေကတော့ ရှားပါးပါတယ်။ 

နိဂုံးချုပ်ရတဲ့အခါမှာ သားအိမ်ထဲမှာ ရေလုံးလေးတွေတည်တာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ တောင်ဆိုလို့ရပါတယ်။ ဟော်မုန်းမညီမျှတဲ့အခါ ၊ ရာသီစက်ဝန်းလာတဲ့အခါမှာ တည်တတ်ကြပြီး တည်ပြီး အချိန်အတိုင်းအတာ တစ်ခုရောက်ရင် ပြန်လည်ပျောက်ဆုံးသွားလေ့ရှိတာမို့ ခန္ဓာကိုယ်ကို ဆိုးရွားတဲ့ ထိခိုက်မှု မျိုးဖြစ်စေတာမျိုးကတော့ နည်းပါးပါတယ်။ ခန္ဓာကိုယ်ကို သိသိသာသာထိခိုက်လာတဲ့အခါ ၊ သိသာတဲ့ သက်ရောက်မှုတွေ ရှိတဲ့အခါ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုကို ခံယူဖို့ အကြံပေးတိုက်တွန်း နှိုးဆော်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ 

 ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]

-Bahuthuta Corner

Share:

More Posts

Send Us A Message