Immune System အကြောင်း သိကောင်းစရာ နဲ့ ပိုမိုကောင်းမွန်စေနိုင်မယ့် အချက်လေးများ
(Unicode) Immune System ဆိုတာဟာ ကျွန်တော်တို့ ကိုယ်ထဲမှာ ရှိတဲ့ ကိုယ်ခံအားစနစ်ကို ခေါ်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ခံအား စနစ်ဟာ ပြင်ပကနေဝင်ရောက်လာနိုင်တဲ့ ရောဂါပိုးတွေ ၊ ဘက်တီးရီးယားတွေ ၊ မှိုတွေ ၊ အမှုန်အမွှားတွေ နဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲ အလွယ်တကူ ဝင်ရောက်လာပြီး ဒုက္ခမပေးနိုင်ဖို့ တားဆီးပေးတာပဲဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေ ၊ ဆဲလ်တွေ ၊ ပရိုတင်းတွေ နဲ့ ဖွဲ့စည်းပြီး အတူတကွလုပ်ဆောင်တဲ့ လုပ်ဆောင်မှုတစ်ခုပါ။ ကိုယ်ခံအားနည်းတဲ့ အခါ ဒါမှမဟုတ် ကိုယ်ခံအားကျသွားတဲ့အခါမှာ ပြင်ပကနေဝင်ရောက်လာတဲ့ အရာတွေက ခန္ဓာကိုယ်ကို အလွယ်တကူပဲ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာ – ရာသီပေါ်တုတ်ကွေးဖြစ်ရခြင်းဟာ ထိုရာသီမှာဖြစ်ပေါ်တဲ့ မှိုတွေ ၊ အမှုန်အမွှားလေးတွေဟာ […]
HIV ရောဂါပိုး အကြောင်း သိကောင်းစရာ အချက်ကလေးများ
(unicode) HIV ပိုးဟာ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ကိုယ်ခံအားကို သီးသန့်တိုက်ထုတ်တဲ့ ရောဂါပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ HIV ပိုးရဲ့ အရှည်ကောက်ကို Human Immunodeficiency Virus လို့ခေါ်ပြီး HIV ရောဂါပိုးဟာ ၁၈၀၀ ပြည့်နှစ်များက ချင်ပန်ဇီမျောက်တွေဆီကနေမှ တစ်ဆင့်လူသားတွေဆီကို ကူးစက်လာတယ်လို့ လေ့လာတွေ့ရှိကြပါတယ်။ ပထမဦးဆုံး လူသားမှာတွေ့ရှိခဲ့တဲ့ HIV ရောဂါပိုးကို ၁၉၅၉ ခုနှစ် ၊ ကွန်ဂိုနိုင်ငံမှာ ရှိတဲ့ အမျိုးတစ်ယောက်ဆီက သွေးနမူနာမှာတွေ့ရှိခဲ့ပါတယ်။ HIV ရောဂါပိုးဟာ သွေးကနေ တစ်ဆင့်ကူးစက် နိုင်ပြီးတော့ ယခုအချိန်ထိ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမရှိသေးတဲ့ ရောဂါပိုးအမျိုးစားတစ်မျိုးပါ။ HIV ရောဂါပိုးက ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါမှာတော့ တခြားသောရောဂါပိုးများ နဲ့ ပြင်ပ အရာတွေကို တိုက်ထုတ်ပေးနေတဲ့ ဆဲလ်တွေကို […]
Blue Monday ဆိုတာ ဘာလဲ။ ဒါကို ဘယ်လိုကျော်ဖြတ်ကြမလဲ။
(Unicode) Blue Monday အနောက်တိုင်း နိုင်ငံတွေကနေပြီးတော့ အစချီလာတဲ့ အသုံးအနှုံးတစ်ခုပဲဖြစ်ပါတယ်။ အဓိကအားဖြင့် နှစ်တစ်နှစ် ရဲ့ အစကနဦးပိုင်းဖြစ်တဲ့ January လ ရဲ့ ပထဦးဆုံး ၃ ရက်မြောက်တဲ့ Monday ကို Blue Monday လို့ သတ်မှတ်ကြတယ်။ ပေါ်ပေါက်လာပုံရဲ့ ကနဦးကတော့ နှစ်ကူးပွဲတွေ ၊ မိသားစုတွေ့ ဆုံမှုတွေ ၊ ပိတ်ရက်အားလပ်ရက်တွေ ခရီးထွက် ၊ အနားယူတာတွေကနေမှ လုပ်ငန်းခွင်ထဲကို ပြန်လည်ဝင်ရောက်ကြတဲ့အခါ စိတ်အားထက်သက်မှုမရှိပဲနဲ့ အပျင်းကြီး နေတာမျိုး ၊ စိတ်ခွန်အား မပြည့်ဝ သေးတဲ့ စိတ်ခံစားချက်ကို အဓိက ဆိုလိုပြီး ပေါ်ပေါက်လာတာမျိုးပဲဖြစ်ပါတယ်။ ယခုနှစ် နောက်ပိုင်းတွေမှာတော့ အနောက်တိုင်းယဉ်ကျေးမှုတွေ အရှေ့တိုင်းယဉ်ကျေးမှုတွေက ပျံနှံ့လာတာနဲ့ အညီ Blue […]