ဖျောက်ဖျက်သင့်တဲ့ အမူအကျင့်နဲ့ အတွေးအခေါ်များ
ကျွန်တော်တို့ တွေမှာ တစ်ဦးနဲ့ တစ်ဦးမတူညီကြတဲ့ အမူအကျင့်တွေ တွေးခေါ်မှုတွေ ပိုင်ဆိုင်ထားကြပါတယ်။ များသော အားဖြင့် ကျွန်တော်တို့ရဲ့ အမူအကျင့်တွေ ၊ အတွေးအခေါ်တွေက ကျွန်တော်တို့ ကြီးပြင်းလာခဲ့တဲ့ မိသားစု ၊ ပတ်ဝန်းကျင် ၊ အသိုင်းအဝိုင်းတွေနဲ့ များစွာ သက်ဆိုင်နေပါတယ်။ ဒီအမူအကျင့်တွေ တွေးခေါ်မှုတွေကို မူတည်ပြီးတော့ ကျွန်တော်တို့ ဘဝမှာ အရေးပါတဲ့ လုပ်ငန်းစဉ်တွေ ၊ ဆုံးဖြတ်ချချတာတွေ ၊ ခံယူချက်ထားတာတွေ ပြုလုပ်တတ်ကြပါတယ်။ ကောင်းမွန်တဲ့ အမူအကျင့်နဲ့ အတွေးအခေါ်တွေ ပိုင်ဆိုင်ထားတဲ့ သူတွေအတွက်တော့ ဘဝကြီးမှာရွေးခြယ်မှုတွေအတွက် စိုးရိမ်စရာထွေထွေထူးထူးမရှိပေမယ့် တစ်ချို့ အမူအကျင့်လေးတွေက မသိသာပဲနဲ့ ကျွန်တော်တို့ကို ထိခိုက်စေတာလေးတွေရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်က ပြင်သင့်တဲ့ ၊ ဖျောက်ဖျက်သင့်တဲ့ အတွေးအခေါ် နဲ့ အမူအကျင့်လေးတွေ အကြောင်းကို […]
GED အကြောင်း တစ်စေ့တစ်စောင်း
ကမ္ဘာပေါ်မှာ နိုင်ငံတွေအပေါ်မူတည်ပြီးတော့ သင်ယူလေ့လာရတဲ့ စံနှုန်းတွေ အသီးသီး ကွာခြားကြပါတယ်။ တစ်ချို့နိုင်ငံတွေက သိပ္ပံ နဲ့ သင်္ချာကို ဦးစားပေးကြတယ်။ တစ်ချို့တွေကကျတော့ ဘာသာ စကားကို အသားပေးကြသလို တစ်ချို့ နိုင်ငံတွေမှာ ကမ္ဘာ့စံနှုန်းနဲ့ လက်ခံသတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတန်း တွေကို လက်ခံကြသလိုရှိပါတယ်။ အဲ့ဒီလို ကွာခြားမှုတွေ ရှိလာတာကြောင့်မို့ GED , SAT , IELTS , TOEFL , etc…. စသဖြင့် မျိုးစုံသော ပညာရေးသင်ရိုးညွှန်းတန်းတွေပေါ်ပေါက်လာပါတယ်။ ဒီထဲမှာ မှာ အမေရိကန် နိုင်ငံ ၊ ကနေဒါ နိုင်ငံ တို့ အပြင် နိုင်ငံပေါင်း ၅၀ ကျော်တို့က လက်ခံထားတဲ့ GED အကြောင်းဝေမျှပေးသွားပါမယ်။ GED ရဲ့ ဆိုတာ […]
ခွန်ထိုင်းတို့ရဲ့ ထူးခြားတဲ့ ဘန်ကောက်မြို့တော်
ဘန်ကောက်မြို့ဆိုတာဟာ အရှေ့တောင်အာရှမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ခရီးသွားလာကြသူတွေ ကြားမှာ ရေပန်းစားတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ဘန်ကောက်မြို့က ထိုင်းနိုင်ငံ ရဲ့ မြို့တော်ဖြစ်ပြီးတော့ သက်တမ်းအနေနဲ့ နှစ်ပေါင်း ၂၄၀ ခန့်ရှိပါပြီ။ လူဦးရေကတော့ ၁၄,၆၂၆,၂၂၅ ဦးရေခန့်နေထိုင်ကြပြီး ခရီးသွားလာရေး လုပ်ငန်းတွေ ၊ အရှေ့တောင်အာရှ ရဲ့ အငွေ့အသက်တွေနဲ့ လည်ပတ်နေတဲ့ မြို့ တစ်မြို့ပဲဖြစ်ပါတယ်။ ဘန်ကောက်မြို့ဟာ ဘာကြောင့်မို့လို့ တခြား အရှေ့တောင်အာရှက တခြားခရီးသွားနိုင်ငံ တွေနဲ့ ကွဲပြားခြားနားတာလဲဆိုတာကို ပြောပြပေးပါမယ်။ ၁။ အစား အသောက် နဲ့ မုန့်ဆိုင်များ ဘန်ကောက်မြို့ဟာ street foods တွေ nightlife တွေကြားမှာ အထူးထင်ရှားတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ဘန်ကောက်မြို့ကို ရောက်တာနဲ့ မုန့်ဆိုင်တွေဟာ မရေမတွက်နိုင်လောက်အောင်ကို များပြားတာကို တွေ့နိုင်ပါတယ်။ […]
နို့ နဲ့ နို့ထွက်ပစ္စည်းများ စားသုံးခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ။
နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်နဲ့ အမျှ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ စားသုံးနေကြပါတယ်။ ဒိန်ချဉ် ၊ ဒိန်ခဲ ၊ ချိစ် ၊ နွားနို့ ကနေစပြီးတော့ ကိတ်မုန့် ၊ ပေါင်မုန့် စသည်အထိ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်နေကြပါတယ်။ နို့ နဲ့ နို့ ထွက်ပစ္စည်းများဟာလည်း နေရာအနှံ့အပြားမှာလွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက အစာအာဟာရ အုပ်စုတွေ အကြောင်းသင်ကြားခဲ့တဲ့နေရာမှာလည်း နို့ နဲ့ နို့ထွက်ပစ္စည်းများ အကြောင်းကိုသင်ယူခဲ့ရသည်အထိ နို့ နဲ့ နို့ထွက်ပစ္စည်းများဟာ ကျွန်တော်တို့ နေ့စဉ်ဘဝတွေကို သက်ရောက်မှု ရှိပါတယ်။ ဒီနေ့မှာတော့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတဲ့အခါမှာ ကျွန်တော်တို့ အပေါ်ကို သက်ရောက်နိုင်တဲ့ […]
စိတ်တက်ကြွမှ လုပ်တတ်သူလား ဒါမှမဟုတ် စည်းကမ်းနဲ့စနစ်တကျလုပ်တတ်သူလား။
ဒီစာလေးကို မဖတ်ခင်မှာ အရင်စဉ်းစားကြရအောင်။ ကိုယ့်အကြောင်းကို အရင်စဉ်းစားကြည့်ကြပါစို့။ ကိုယ်ဟာ လုပ်ငန်းတစ်ခုကို မလုပ်ခင်မှာ ဒါမှမဟုတ် လုပ်ကိုင်တဲ့အခါမှာ ဘယ်လိုမျိုးလုပ်က်ိုင်တတ်ပါသလဲ။ စိတ်အားတက်ကြွမှ လုပ်ကိုင်တတ်သူလား ၊ ဒါမှမဟုတ် စည်းကမ်းတွေ ဥပဒေသတွေ သတ်မှတ်ပြီးတော့မှ လုပ်ကိုင်တတ်သူလား။ ကျွန်တော်တို့ဟာ နေ့တစ်ဓူဝ လှုပ်ရှားသွားလာ လုပ်ကိုင်နေကြရပါတယ်။ တစ်နေ့တာ လုပ်ငန်းစဉ်တွေမှာ တစ်ချို့ ကိစ္စတွေက အစီအစဉ်အတိုင်းပြီးသွားပေမယ့် အစီအစဉ်မရှိပဲနဲ့ လုပ်ဖြစ်သွားတဲ့ ကိစ္စမျိုးတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း လုပ်ကိုင်ကြတဲ့အခါ အရင်းခံကို စဉ်းစားကြည့်ရင် စိတ်အားတက်ကြွမှု နဲ့ လုပ်ဆောင်တာရယ် ဒါမှမဟုတ်ပဲနဲ့ စည်းကမ်းသတ်မှတ်ထားလို့ လုပ်ကြတာရယ်ဆိုပြီး ၂ မျိုးသီးသန့်ခွဲခြားနိုင်ပါတယ်။ လုပ်ငန်းဆောင်တာကိစ္စတွေက မလုပ်မဖြစ် လုပ်ရတဲ့ ကိစ္စတွေ ဖြစ်ပေမယ့် တစ်ကယ်တမ်းလုပ်ကိုင်ကြတဲ့အခါ ကိုယ့်ရဲ့ စိတ်အရင်းခံပေါ်မူတည်ပြီးတော့လုပ်ကိုင်ကြ ပါတယ်။တစ်ချို့နေ့ရက်တွေမှာ ကိုယ်ဟာ […]
ခေါင်းကိုက်တဲ့အခါ အလျှင်မြန်ဆုံးသက်သာပျောက်ကင်းစေဖို့
ကျွန်တော်တို့ဟာ အနည်းနဲ့အများတော့ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားဖူးကြမှာပါ။ ခေါင်းကိုက်တယ် ဆိုရာမှာလည်း အကြောင်းအမျိုးမျိုးပေါ်မူတည်ပြီး တစ်ခုနဲ့ တစ်ခု ကွဲပြားပါတယ်။ အိပ်ရေးပျက်တာ ၊ ပင်ပန်းတာ ၊ နေပူတာ ၊ အဖျားရှိတာ ၊ အားနည်းတာ ၊ စိတ်ဖိဆီးမှုများတာ စတာတွေကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားရတဲ့အခါမျိုးမှာ ကိုယ်လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို တွင်တွင်ကျယ်ကျယ်မလုပ်နိုင်တော့ပဲ ဝေဒနာကို ခံစားရတာမို့ အလုပ်လည်း မတွင် လူလည်း ဝေဒနာခံစားရပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းကိုက်ဝေဒနာကို ခံစားရတာအခါ အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ အလင်းအရောင်နည်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာအနားယူပါ။ ဆူညံသံတွေ ၊ လူတွေ ၊ အလင်းရောင်များလွန်းတာတွေဟာ ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါမှာ ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ […]
နေ့စဉ်လုပ်ဆောင်သင့်သော တိုးတက်ကောင်းမွန်စေမည့် အကျင့် ၄ မျိုး
ကိုယ့်ရဲ့ နေ့စဉ်လုပ်ဆောင်တတ်တဲ့ အကျင့်တွေဟာ ကိုယ့်အပေါ်မှာ အများကြီးအကျိုးသက်ရောက်မှု တွေရှိပါတယ်။ ကိုယ်ရဲ့လုပ်ဆောင်တတ်တဲ့ အမူအကျင့်တွေအပေါ်မှာ မူတည်ပြီးတော့ ကိုယ့်အနာဂတ်ဟာ သက်ရောက်မှုတွေ ၊ အပြောင်းအလဲတွေ ဖြစ်လာမှာပါ။ ကိုယ်ဟာ အားကစားပုံမှန်လုပ်တတ်တဲ့သူ ၊ ကျန်းမာရေးကို အရေးပေးလိုက်စားတဲ့သူဆိုရင် အနာဂတ်ကာလမှာ ကိုယ့်ခန္ဓာကိုယ်ဟာ ကောင်းမွန်တဲ့ အနေအထားကို ရရှိမှာဖြစ်တဲ့အပြင် ကိုယ်ဟာ ပုံမှန်လေ့လာနေတတ်တဲ့သူ ၊ စဉ်ဆက်မပြတ် လိုအပ်ချက်တွေ ဖြည့်တင်းတတ်တဲ့သူဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ဟာ တစ်ရက်ထက် တစ်ရက်ပိုပြီး တိုးတက်လာမှာပါ။ ဒါကြောင့်မို့ ကိုယ့်အပေါ်ကို အများကြီးအကျိုးရှိစေမယ့် လုပ်ဆောင်သင့်တဲ့ အကျင့် ၄ မျိုးကို ဖော်ပြပေးသွားပါမယ်။ ၁။ အိပ်ယာ စောစောဝင်တာ ၊ အိပ်ယာ စောစောထတာ။ ယခုခေတ်မှာ အိပ်ယာဝင်ချိန်တွေကို ထိခိုက်လာကြပါတယ်။ တစ်နေကုန် လုပ်ငန်းခွင် […]
Professionalism နဲ့ ကျင့်သုံးသည့်သော အချက်ကလေးများ
( Unicode ) Professionalism ဆိုတာ ကျွန်တော်တို့ လုပ်ငန်းခွင်တွေမှာ မကြာခဏ ကြားနေရတဲ့ professionalရဲ့ နာမ်အဓိပ္ပာယ်ပါ။ Professionalism ကို အလွယ်နည်းနဲ့ အဓိပ္ပာယ်ဖွင့်ဆိုရရင်တော့ လုပ်ငန်းတစ်ခုကို လုပ်ကိုင်သူ ရဲ့ အရည်အချင်း ၊ တာဝန်ယူမှု ၊ တာဝန်ခံမှု ၊ ကျွမ်းကျင်မှု ၊ စောင့်ထိန်းအပ်သော ကျင့်ဝတ်တို့ကို စောင့်ထိန်းနိုင်မှု စသည်တို့ကို အကျဉ်းချူပ်ပြီး စုစည်းထားတယ်လို့ သတ်မှတ်လို့ရပါတယ်။ လုပ်ငန်းလုပ်ကိုင်သူတွေ ကြားထဲမှာ လုပ်ငန်းအပေါ်ကို ထားကြတဲ့ သဘောထားနဲ့ စံနှုန်းတွေက ကွာခြားကြပါတယ်။ တစ်ချို့သူတွေက ကိုယ့်လုပ်ငန်းတစ်ခုကို စိတ်ရော ကိုယ်ပါနှစ်မြုပ်ပြီး လုပ်တတ်ကြပေမယ့် တစ်ချို့သူတွေကတော့ အလုပ်တစ်ခုကို တာဝန်ယူမှု ၊ တာဝန်ခံမှု မရှိပဲ လျော့တိလျောရဲ သတ်မှတ်ပြီး လုပ်ကိုင်တတ်ကြပါတယ်။ […]