ကောင်းမွန်တဲ့အရာတွေဟာ အချိန်ယူတယ်
တစ်ခါတစ်လေမှာ ကျွန်တော်တို့ တွေးမိကြပါလိမ့်မယ်။ ငါက ကောင်းကောင်းနေသလောက် ဘာလို့ ငါ့ကျမှ ကောင်းကောင်းမွန်မွန်မဖြစ်ရတာလဲ။ တစ်ခြားသူများကို ဖျံကျတတ်တဲ့သူတွေ ၊ မကောင်းတာတွေကို လုပ်ကိုင်နေကြတဲ့သူတွေကျဘာလို့ အဆင်ပြေနေရတာလဲ စသဖြင့် ကောင်းမွန်ခြင်းအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတတ်ပါတယ်။ မှန်ပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကောင်းမှုတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်ပြီး အဆင်ပြေနေတဲ့သူတွေလည်းမြင်နိုင်သလို ကောင်းပါလျက်နဲ့ ဘဝကို ရုန်းကန်နေကြရတဲ့သူတွေကိုလည်း မြင်ရတွေ့ရပါလိမ့်မယ်။ ဒီလိုအချိန်တွေမှာ အကုန်လုံးထင်ထားကြသလိုမျိုး ကောင်းမွန်အောင်နေထိုင်ရှင်သန်ခြင်းဟာ တကယ်ပဲ ကိုယ့်အတွက်ကော ကိုယ့်ဘဝအတွက်ပါ ကောင်းမွန်စေရဲ့လားဆိုတဲ့အရာက တကယ် အစစ်အမှန်ပဲဟုတ်ရဲ့လားဆိုတာ ဇဝေဇဝါတွေဖြစ်လာတတ်ကြပါတယ်။ ကောင်းမွန်တဲ့အရာတွေကို လုပ်ကိုင်တဲ့သူဟာ ကောင်းမွန်ခြင်းတွေကိုပြန်ရတယ်လို့ ငယ်ရွယ်စဉ်ကတည်းက ကျွန်တော်တို့ ဆုံးမခံခဲ့ကြရပေမယ့် တကယ်တမ်းလက်တွေ့ဘဝမှာ မလွယ်ကူပါဘူး။ ကောင်းမွန်ခြင်းတွေဟာ အချိန်ယူတတ်ကြပါတယ်။ ဥပမာ တစ်ခု ပြောရရင် အင်မတန်ကြီးကျယ်လှပတဲ့ ရောမ မြို့ကြီးကို တစ်ရက်တည်း […]
ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုများ
ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ်ကို ရောက်လာတဲ့အခါမှာ ခန္ဓာကိုယ်မှာ ကြီးကောင်ဝင်လာတဲ့ အနေနဲ့ ပြောင်းလဲမှုတွေများစွာရှိလာပါတယ်။ မိန်းကလေးတွေဆိုရင် သိသိသာသာရင်သားဖွံဖြိုးလာတာ ၊ ဓမ္မတာ စက်ဝန်းလာတာ အစရှိတဲ့ ပြောင်းလဲမှုတွေ ရှိလာသလို ယောင်္ကျားလေးမှာလည်း အသံအောလာတာ ၊ အမွှေးအမျှင်တွေထွက်လာတာ အစရှိတာတွေ ပြောင်းလဲမှုတွေရှိလာပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုတွေ နဲ့ ပတ်သတ်ပြီး ဝေမျှပေးသွားပါမယ်။ သိသာထင်ရှားတဲ့ ပြောင်းလဲမှုများ ကြီးကောင်းဝင်စအရွယ်မှာ ကျွန်တော်တို့ ကလေးဘဝကရှိခဲ့တဲ့ ခန္ဓာကိုယ်ကနေ လူကြီးဖြစ်ပြီဆိုတဲ့ အပြောင်းအလဲအနေနဲ့ လူကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အဖြစ်ကို ဖွံဖြိုးလာပါတယ်။ ဒီလိုဖွံဖြိုးလာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ အသိသာဆုံးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်နံ့ပြင်းထန်လာခြင်း – ယောင်္ကျားလေးတွေဆိုရင် သိသိသာသာ အသံသြလာတယ်။ အမွှေးအမျှင်တွေ ပိုမိုသန်ပြီးထွက်လာတယ်။ ခန္ဓာကိုယ်နံ့တွေ ပြင်းလာတယ်။ အရိုးအဆစ်တွေ ကြီးလာတယ် အစရှိတဲ့ ပြောင်းလဲမှုတွေ […]