Bahuthuta Corner.com

Alcohol သောက်ခြင်းကြောင့် ရရှိနိုင်တဲ့ သက်ရောက်မှုများ

ကျွန်တော်တို့ adult life ထဲကို စတင်ဝင်ရောက်လာတာနဲ့ ထိတွေ့မိတ်ဆက်ကြတဲ့ အရာတွေထဲမှာ အရက် ၊ ဝီစကီ ၊ ဘီယာ ၊ ဝိုင် ၊ ကော့တေး ၊ ဗော့ကာ ၊ အစရှိတဲ့ alcohol တွေက မပါမဖြစ်ပါပဲ။ သူငယ်ချင်းတွေ ဆုံတွေ့ရင်းပဲဖြစ်စေ ၊ ညစာစားပွဲတွေမှာပဲဖြစ်စေ ၊ စကားဝိုင်းတွေမှာပဲဖြစ်စေ alcohol တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ထိတွေ့လာကြပါတယ်။ ငယ်စဉ်ကတော့ လူကြီးတွေက အရက်သောက်တာမကောင်းဘူး လို့ ဆုံးမ ကြပေမယ့် အသက်ကြီးပိုင်းဝင်လာတဲ့အခါမှာတော့ ကြိုက်လို့ဖြစ်စေ ၊ မကြိုက်လို့ပဲဖြစ်စေ သောက်သုံးတတ်လာကြတာ အမှန်ပါပဲ။ အရက်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့အရာတွေကို သိကြပေမယ့် alcohol ပါဝင်တဲ့ အရာတွေ သောက်သုံးမိတာက ဘယ်လိုသက်ရောက်မှုမျိုး ဖြစ်စေနိုင်သလဲ ၊ […]

ပြဿနာကို ဘယ်ကိုကိုင်တွယ်ဖြေရှင်းမလဲ

ကျွန်တော်တို့ နေ့တစ်ဓူဝရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ ပြဿနာတွေ ၊ စိန်ခေါ်မှုတွေက ကျွန်တော်တို့အတွက် ပိုကောင်းတဲ့ အခြေအနေတစ်ရပ်ရောက်လာအောင် ဆွဲတင်ပေးတဲ့အရာတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် ရင်ဆိုင်ကြုံတွေ့ရတာခြင်းမတူသလို ၊ ဖြေရှင်းတဲ့ ပုံတွေလည်း ကွဲပြားခြားနားမှု ရှိပါတယ်။ အဲ့သလိုတွေကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် တိုးတက်မှုတွေဟာ ကွာခြားသွားပါတယ်။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ရဲ့အခြေအနေတွေဟာ ပိုမိုကောင်းမွန်လာနိုင်သလို ပိုမိုဆိုးရွားတာမျိုးလည်းကြုံတွေ့နိုင်ပါတယ်။ တစ်ချို့သူတွေကတော့ စိန်ခေါ်မှုတွေ ၊ အခက်အခဲတွေကို ကြုံတွေ့လာရင် ထွက်ပြေးဖို့ ကြိုးစားတတ်ကြတယ်။ တစ်ချိုကတွေကတော့ ထိပ်တိုက်ရင်ဆိုင်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ပြဿနာတစ်ခု ၊ စိန်ခေါ်မှု တစ်ခု ၊ အခက်အခဲ တစ်ခုဟာ ဖြေရှင်းချင်းမရှိပဲနဲ့ ပြေပျောက်သွားတယ်ဆိုတာမရှိပါဘူး။ ဒါ့ကြောင့်မို့လို့ ဒီကနေ့မှာတော့ ပြဿတစ်ခုခုနဲ့ကြုံတွေ့တဲ့အခါ ဒါမှမဟုတ် စိန်ခေါ်မှု ၊ အခက်အခဲနဲ့ […]