Bahuthuta Corner.com

တောင်အမေရိကတိုက်အကြောင်း သိကောင်းစရာများ

အရင်တစ်ရက်က မြောက်အမေရိကတိုက်အကြောင်းဝေမျှခဲ့ပြီးပြီဆိုတော့ ဒီတစ်ရက်မှာ တောင်အမေရိက တိုက်အကြောင်းကို မျှဝေပေးချင်ပါတယ်။ မြောက်အမေရိကတိုက်ကြီးကို ခရစ်စတိုဖာ ကိုလံဘတ်စ် က ၁၄၉၂ ခုနှစ် က စတင်အခြေချခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့ပြီး တောင်အမေရိကတိုက် ကိုလည်း ၁၄၉၈ ခုနှစ် သြဂတ်လ ၁ ရက်နေ့မှာ ကိုလံဘတ်စ်ကပဲ ဗင်နီဇွဲလား က ပါရီယာ ပင်လယ်ကွေ့မှာ စပိန်အလံကို စိုက်ထူခဲ့ပါတယ်။ တောင်အမေရိက တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး တိုက်တွေထဲက တစ်ခုဖြစ်ပြီးတော့ မြောက်အမေရိကပြီးရင် စတ္တုထမြောက်အကြီးဆုံးဖြစ်တဲ့ တိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ လက်ရှိ တောင်အမေရိကတိုက်ထဲမှာ စုစုပေါင်း ၁၂ နိုင်ငံတည်ရှိပါတယ်။  တောင်အမေရိကတိုက်  တောင်အမေရိကတိုက်ဟာ အနောက်မြောက်ဘက်မှာရှိတဲ့ ဒါရီယန်း ပင်လယ်ကွေ့ကနေပြီးတော့ တောင်ဘက်မှာရှိတဲ့ တီရာတာဒယ် ဖူ(ရ်)ဂို ကျွန်းစုတွေနဲ့ ဆက်စပ်နေပါတယ်။ တောင်အမေရိကတိုက်ကိုလည်း ကုန်းမြင့်ဒေသ ၊ […]

ခရီးထွက်ခြင်းကြောင့်ရလာနိုင်တဲ့ အကျိုးကျေးဇူးများ 

ခရီးထွက်ရတာကို နှစ်သက်ပါသလား။ ဘာလို့နှစ်သက်တာပါလဲ။ ဒါမှမဟုတ်ရင် ခရီးထွက်ရတာကို မုန်းတီးတဲ့သူများလား။ ဘာကြောင့်ပါလဲ။ သင်ဟာ ခရီးထွက်ရတာကို ကြိုက်တဲ့ ပုဂ္ဂိုလ်မျိုးဆိုရင် ခရီးထွက်ရမယ်လို့ တွေးမိတဲ့အခါတိုင်းမှာ စိတ်လှုပ်ရှားပြီးတော့ ပျော်ရွှင်မှုတွေကို ခံစားရမှာဖြစ်ပြီး ခရီးထွက်ရမှာ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာမုန်းတီးတဲ့သူမျိုးဆိုရင်တော့ ခရီးထွက်ရမယ့်အခါ စိတ်တွေ လေးလံပင်ပန်းထိုင်းမှိုင်းသွားမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ဘဝကြီးမှာ တစ်နေရာတည်းမှာပဲ နေထိုင်ရတာထက် တခြားဒေသတစ်ခုခုကို သွားလာရတာတွေ ၊ တခြားလူမျိုး ၊ တခြားယဉ်ကျေးမှုတွေနဲ့ ထိတွေ့ဆက်ဆံရတာတွေက မလွဲမရှောင်သာ ကြုံတွေ့ရမယ့် အရာတွေပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ခရီးထွက်ရတာ နှစ်သက်တဲ့သူဆိုရင်တော့ ပြဿနာမရှိပေမယ့် ခရီးထွက်ရတာကို မုန်းတီးတဲ့သူတွေအတွက် ခရီးထွက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးလေးတွေ ရနိုင်လာသလဲဆိုတာကို ဝေမျှပေးသွားပါမယ်။  ၁။ ခရီးထွက်ခြင်းဟာ အသိအမြင်ပိုမိုကျယ်ပြန့်စေတယ်။  မတူညီတဲ့ဒေသတွေ ၊ မတူညီတဲ့ ပုဂ္ဂိုလ် ၊ […]