Bahuthuta Corner.com

နှလုံးရောဂါအကြောင်းသိကောင်းစရာများ 

နှလုံးဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမှာပါဝင်နေပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အောက်ဆီဂျင်တွေ ၊ အာဟာရတွေကို ကိုယ်တွင်းမှာရှိတဲ့ သွေးတွေကနေ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို လှည့်လည်ပို့ဆောင်ပေးနေပြီးတော့ ဒီသွေးတွေလည်ပတ်နိုင်အောင်လို့ နှလုံးက အဓိက တွန်းအားပေးပြီး လုပ်ဆောင်ပါတယ်။ နှလုံးဟာ ကျုံ့နိုင် ဆန့်နိုင်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီးတော့ နှလုံးကို ကျုံ့ခြင်း ၊ ဆန့်ခြင်းအားဖြင့် သွေးကြောတွေကနေ တစ်ဆင့် သွေးတွေကို တွန်းထုတ်ပြီးတော့ လည်ပတ်စေပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်တွေ ၊ အာဟာတွေကို ပို့ဆောင်ပြီးသားဖြစ်တဲ့ ညစ်ညမ်းပြီးသား သွေးတွေကိုလည်း ပြန်လည်ယူဆောင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ နှလုံး ဟာ ခန္ဓာကိုယ်လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နှလုံးဟာလည်း နာမကျန်းဖြစ်တာတွေ ၊ ရောဂါခံစားရတာ […]

ကိုယ့်ရဲ့ တိုးတက်မှုကို နောက်တစ်ဆင့် ဘယ်လိုမြှင့်တင်မလဲ (သို့) တိုးတက်မှုနှုန်းကို အဆင့်တစ်ခု မြှင့်တင်ခြင်း 

ကျွန်တော်တို့ နေ့စဉ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေ ၊ တာဝန်ယူမှုတွေ ရှိပါတယ်။ တစ်ချို့ အရာတွေက နေ့စဉ်ပုံမှန်လုပ်ဆောင်နေရတာဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ နေ့စဉ်မဟုတ်တဲ့ လုပ်ဆောင်မှုတွေလည်းရှိပါတယ်။ ကိုယ်ဟာအမြဲတမ်း လေ့လာနေတဲ့သူ တိုးတက်ဖို့ကြံဆောင်နေတဲ့သူဆိုရင်တော့ ပိုလိုတောင်မှ လုပ်စရာတွေ များပြားနေတတ်ပါတယ်။ ဒါပေမယ့် ပင်ပန်းလာတဲ့အခါ လုပ်စရာတွေများလာတဲ့အခါမှာ ကျွန်တော်တို့ဟာ ငါတို့ လုပ်နေတာဟာ တိုးတက်မှု ရှိရဲ့လား ဒါမှမဟုတ် တကယ်ကော ဖြစ်လာရဲ့လား တိုးတက်လာရဲ့လားဆိုတဲ့ သံသယဝင်မှုလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်နဲ့ အမျှ တိုးတက်လာတဲ့ တိုးတက်မှုလေးတွေဟာ ပေတံ တွေ စံနှုန်းတွေနဲ့ တိုင်းတာလို့မရပါဘူး။ မျက်စိနဲ့ မမြင်ရနိုင်တဲ့အရာဖြစ်လို့ တိုင်းတာဖို့ရာ ခဲယဉ်းပါတယ်။ ဒါပေမယ့် လုံးဝတိုင်းတာလို့ မရတာမျိုးတော့ မဟုတ်ပါဘူး။ ဒီနေ့မှာ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ ၊ တိုးတက်မှုတွေကို ဘယ်လိုမျိုးသိသာစေနိုင်သလဲ […]