Bahuthuta Corner.com

Mental Disorder ဆိုတာဘာလဲ။ စိတ်ကျန်းမာရေးဆိုင်ရာသိမှတ်ဖွယ်ရာများ 

Mental Disorder ဆိုတာဘာလဲ။ မြန်မာလို ဘာသာပြန်ရရင်တော့ စိတ်ရောဂါ ၊ စိတ်ဝေဒနာ အစရှိသလို ဘာသာပြန်ဆိုလို့ရပါတယ်။ စိတ်မကျန်းမာမှုလို့လည်း ယူလို့ရပါတယ်။ စိတ်ရောဂါ (ခ) စိတ်မကျန်းမာမှုဆိုတာ အလုံးစုံ ရူးသွပ်နေတာကို ပြောဆိုတာမဟုတ်ပဲနဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေ ၊ ခံစားချက်တွေ အပြုအမူတွေကို ထိခိုက်စေတယ် ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို သက်ရောက်နေတဲ့အခြေအနေမျိုးကို သတ်မှတ်လို့ရပါတယ်။ တစ်ချို့ စိတ်မကျန်းမာမှုအခြေအနေဟာ တစ်ရက်ချင်းစီဖြစ်နိုင်သလို တစ်ပတ် ၊ တစ်လ တန်သည်မှာ ပြန်လည်ကောင်းမွန်နိုင်ပြီး တစ်ချို့အခြေအနေတွေဟာ နှစ်ရှည်လများ ကြာမြင့်နိုင်ပါတယ်။ စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်မှာလို သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ မမြင်နိုင်တာကြောင့် ရံဖန်ရံခါမှာ သတိပြုမိဖို့ ခက်ခဲပါတယ်။ ဒီကနေ့မှာတော့ စိတ်မကျန်းမာတာဟာ ၊ စိတ်ရောဂါ ၊ အစရှိတာတွေနဲ့ ပတ်သတ်ပြီးတော့ […]

ခရီးမထွက်ခင် ကျစ်ကျစ်လစ်လစ်ပြင်ဆင်ရမည့် နည်းလမ်းကလေးများ 

ကျွန်တော်တို့ ဘဝတွေမှာ ခရီးတွေများစွာ ထွက်ဖူးကြပါလိမ့်မယ်။ ကိုယ်ဟာခရီးထွက်ရတာ မကြိုက်တဲ့သူဆိုရင်တောင်မှ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ ၊ ကိစ္စတစ်ခုခုကြောင့်ဖြစ်စေ တစ်ခုမဟုတ်တော့ တစ်ခု ခရီးတော့သွားရမှာပဲဖြစ်ပါတယ်။ အကယ်၍ လုပ်ငန်းလိုအပ်ချက်အရ ခရီးထွက်ရတဲ့အခါ လုပ်ငန်းဘက်က စီစဉ်ပေးတာတွေရှိရင် ကိုယ့်ဘက်ထွေထွေထူးထူးပြင်ဆင်ရတာမျိုးမရှိလို့ သက်သာပေမယ့် အပျော်တမ်းခရီးတွေ ၊ လေ့လာလေးခရီးတွေ ၊ မိသားစုခရီးတွေ ထွက်တဲ့အခါမှာတော့ ကိုယ်တိုင်ကိုယ်ကျ စီစဉ်ရပါပြီ။ ဒီအခါမှာ ခရီးမထွက်ချင် ခရီးစဉ်ကို ဘယ်လိုမျိုးကျစ်ကျစ်လစ်လစ်နဲ့ အကျိုးရှိရှိသွားလို့အောင် ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။  ၁။ ငွေကြေးစီမံခန့်ခွဲမှုကို ကြိုတင်ပြင်ဆင်ခြင်း။  ခရီးမထွက်ခင် အရင်ဆုံးတွေးရမယ့် အရာဟာ ငွေကြေးပဲဖြစ်ပါတယ်။ ကိုယ်ဟာ ထွက်မယ့် ခရီးအပေါ်မူတည်ပြီးတော့ ကုန်ကျမယ့်စရိတ်တွေ ၊ သုံးမယ့်စရိတ်တွေကို လုံလုံလောက်လောက်ဖြစ်အောင် စီမံခန့်ခွဲဖို့အရေးကြီးပါတယ်။ ခရီးတစ်ခုထွက်တဲ့အခါ ငွေကြေးက အင်မတန်အရေးပါပါတယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသတစ်ခု […]