Bahuthuta Corner.com

ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ လုပ်ဆောင်ချက်များအကြောင်း 

ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ Cells သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ Cells တွေကမှ တစ်ဆင့် Tissues တွေဖြစ်ပေါ်လာပြီး Tissues အစုအဖွဲ့တွေကနေမှ Organs တွေ ဖြစ်လာပါတယ်။ Organs တွေ အတူတကွဖွဲ့စည်းတည်ဆောက်ပြီး အလုပ်လုပ်ဆောင်ကြတဲ့ အခါမှာ Organ Systems ဖြစ်ပေါ်လာပြီးတော့ နောက်ဆုံးမှာ Organism ဆိုပြီး သက်ရှိဖြစ်ပေါ်လာပါတယ်။ အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ပုံဟာ လူတစ်မျိုးတည်းတိုင်းမဟုတ်ပဲ သက်ရှိတွေ အများစုဟာလည်း အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီနေ့မှာတော့ Organ Systems မှာပါဝင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ သူတို့ တာဝန်ယူဆောင်ရွက်ထားတဲ့ လုပ်ဆောင်ချက်ကလေးများကို ဝေမျှပေးသွားပါမယ်။  ကျွန်တော်တို့ လူသားတွေရဲ့ Organ System ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဒီခန္ဓာကိုယ်ကြီး အသက်ရှင်ရပ်တည်နိုင်အောင် အဓိက လုပ်ဆောင်ချက်တွေကို […]

အာရှတိုက်ရဲ့ ထိပ်တန်းလည်ပတ်စရာနေရာများ 

ကမ္ဘာပေါ်မှာရှိတဲ့ နေရာဒေသတွေ ၊ မြို့တွေ တိုင်းမှာ ထူးခြားလှပတဲ့ ကိုယ်ပိုင်သွင်ပြင်တွေရှိကြပါတယ်။ သဘာဝအတိုင်းရှိနေတဲ့  တောင်ကုန်းတောင်တန်းတွေ ၊ ပင်လယ်ဒေသတွေ ၊ သစ်တောတွေ ၊ ကွင်းပြင်တွေကနေပြီးတော့ လူတွေရဲ့ ဖန်တီးတည်ဆောက်မှုဖြစ်တဲ့ အဆောက်အဦးတွေ ၊ ဘုရားအဆောင်တွေ ၊ လည်ပတ်စရာနေရာတွေ အကုန်လုံးမှာ ထူးခြားပြီး သီးသန့်ဆန်တဲ့ အသွင်အပြင်တွေ ကိုယ်စီရှိကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ နေထိုင်ရာ အာရှတိုက်မှာ ရှိတဲ့ ထိပ်တန်းနေရာတွေလို့ ဆိုလို့ရလောက်မယ့် နေရာတစ်ချို့ကို ဗဟုသုတအနေနဲ့ ဝေမျှပေးသွားပါမယ်။  ၁။ ဖူဂျီတောင် ( ဂျပန်နိုင်ငံ )  ကျွန်တော်တို့ ဖူဂျီတောင် ဆိုတာနဲ့ ဂျပန်နိုင်ငံကို တွဲမြင်သလို ခွဲခြားလို့မရတဲ့ တောင်တစ်ခုပဲဖြစ်ပါတယ်။ ဂျပန်ရုပ်ရှင်ကားတွေ ၊ ပန်းချီကားတွေ ၊ ဓာတ်ပုံတွေထဲမှာ အင်မတန်လှပပြီးတော့ […]