Anxiety Disorder ( သို့မဟုတ် ) စိတ်ပူပင်သောကကြောင့်ကျမှုရောဂါ တစ်မျိုး
ကျွန်တော်တို့ စိတ်ကျန်းမာရေးအကြောင်း ၊ စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ စိတ်ပူပင်တာ ၊ စိတ်သောက ရောက်တာ အစရှိတာတွေကမပါမဖြစ်ပါပဲ။ ဒါတင်မကပဲ စိတ်ရောဂါတွေအကြောင်း တန်းစီရေးတဲ့အခါမှာ စိတ်ပူပင်သောကကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ (သို့) စိတ်ရောဂါဟာ အမြဲတမ်း အရှေ့ဆုံးကနေလိုလို ပါဝင်နေတတ်ကြပါတယ်။ အရင်အပတ်က ကျန်းမာရေးနဲ့ ပတ်သတ်ပြီး စိတ်ဝေဒနာ နဲ့ စိတ်ရောဂါအကြောင်း အကြမ်းဖျင်းဖော်ပြခဲ့ပေးပြီးပြီဆိုတော့ ဒီနေ့မှာတော့ စိတ်ပူပင်သောကမှုဆိုင်ရာ စိတ်ရောဂါအကြောင်းကို ဝေမျှပေးချင်ပါတယ်။ စိတ်ပူပင်သောကဝေဒနာတစ်မျိုး (သို့) ပူပင်သောကရောဂါ အင်္ဂလိပ်လိုဆိုရင် Anxiety disorder လို့ ခေါ်ပြီး မြန်မာလို အလွယ်ခေါ်ရရင်တော့ စိတ်ပူပင်သောက ဖြစ်စေတဲ့ စိတ်ရောဂါတစ်မျိုးဟာ ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာမှာပါ သိသာထိရှားတဲ့ စိတ်ရောဂါ လက္ခာတစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါဝေဒနာကို ခံစားနေရတဲ့သူဟာ သာမန်ထက်ပိုတဲ့ စိတ်ပူပင်မှုတွေ ၊ […]
မိမိကိုယ်ကို လက်ခံခြင်းဆိုတာ ဘာလဲ။
မိမိကိုယ်ကို လက်ခံခြင်းဆိုတာဟာ ကိုယ့်ဘဝဟာ တခြားသူတွေနဲ့ ထပ်တူမကျပဲ ကိုယ့်မှာ မတူညီတဲ့ စိန်ခေါ်မှုတွေ ၊ လျှောက်လှမ်းတွေ ရှိတယ်ဆိုတာကို သိရှိပြီးတော့ ငါဟာ ဘယ်သူနဲ့မှ တူဖို့မလိုပဲ ငါဖြစ်နေဖို့ပဲ လိုတာပါ ဆိုတဲ့ အတွေးအခေါ်မျိုးပါပဲ။ အပေါ်ယံကြည့်ရင် ရှင်းလင်းပေမယ့် တကယ်တမ်းမှာတော့ ရှုပ်ထွေးပါတယ်။ ဆိုပါစို့ – ကိုယ်ဟာ လုပ်ငန်းခွင်မှာ အပြိုင်ဆိုင် ကြိုးစားရမယ့် အချိန်တစ်ခုမှာ တစ်ဖက်အသင်းက အသည်းအသန်ကြိုးစားနေပေမယ့် ငါကတော့ ကြိုးစားဖို့မလိုပါဘူး ငါ့ဘဝနဲ့ ငါပါပဲ သူနဲ့ တူမှမတူတာဆိုပြီး အလွယ်တကူ လက်လျော့ဖို့ အတွက် ဆင်ခြေတစ်ခု အနေနဲ့ သုံးလိုက်တာဟာ မိမိကိုယ်ကို လက်ခံတာမျိုးမဟုတ်ပါဘူး။ မိမိ ကိုယ်ကို လက်ခံခြင်းဆိုတာဟာ ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ ကောင်းခြင်း ၊ ဆိုးခြင်းတွေ ၊ […]