သိထားရမည့် ကမ္ဘာမြေကြီးအကြောင်း
ကျွန်တော်တို့နေထိုင်ရာ ပတ်ဝန်းကျင်အကြောင်းကို လေ့လာကြတဲ့အခါမှာ ကျွန်တော်တို့ ကမ္ဘာမြေကြီး အကြောင်းကိုလည်း မေ့ထားလို့မရပြန်ပါဘူး။ သက်ရှိတွေ ၊ စွမ်းအင်တွေ ၊ ရာသီဥတုတွေ ၊ သမုဒ္ဒာတွေ ၊ မြေကြီးတွေ ၊ သတ္တုတွေ နဲ့ တည်ရှိနေတဲ့ ကမ္ဘာမြေကြီးဟာ အခုချိန်ထိ လေ့လာစရာတွေ မကုန်ဆုံးနိုင်သေးပါ။ ကမ္ဘာမြေကြီးဟာ သက်ရှိတွေကို ဘယ်လို ထောက်ပံ့နေသလဲ ၊ ဖြစ်လိုဖြစ်တည်လာသလဲ ၊ ဘယ်လိုမျိုး လည်ပတ်နေတာလဲ ဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတ ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ အကြောင်း တစ်စိတ်တစ်ပိုင်းကို ဝေမျှပေးသွားပါမယ်။ ကမ္ဘာမြေကြီးရဲ့ အစ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးဟာ နေရဲ့ တတိယမြောက်နေရာမှာ ရှိတဲ့ ဂြိုလ်တစ်ခုဖြစ်ပြီးတော့ ယခုအချိန်ထိ လေ့လာနိုင်သမျှ […]
အာရှတိုက်ရဲ့ လည်ပတ်မှုအများဆုံး မြို့တော်များ
ကမ္ဘာပေါ်မှာ ဒေသရှုခင်းတွေရှိတဲ့ နေရာတွေတင်မဟုတ်ပဲ လူဦးရေထူထပ်ပြီး စဉ်ဆက်မပြတ် သွားလာလှုပ်ရှားနေတဲ့ မြို့တွေ ၊ ဒေသတွေကိုလည်း လည်ပတ်ကြပါတယ်။ တစ်ချို့သူတွေဟာ ဒေသရှုခင်းတွေ ကိုကြည့်မယ် အပန်းဖြေကြမယ်ဆိုတာထက် ကိုယ့်နိုင်ငံနဲ့ နေထိုင်မှုပုံစံနဲ့ မတူညီတဲ့ မြို့ပြတွေ ၊ မြို့ပြစည်ကားမှုတွေ ၊ အစားအသောက်တွေကို စိတ်ဝင်စားကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ အာရှတိုက်မှာရှိတဲ့ လည်ပတ်မှုလူဦးရေအများဆုံးလို့ သတ်မှတ်ထားကြတဲ့ မြို့ကြီးတွေရဲ့ ထူးခြားချက်တွေ ၊ ခန့်မှန်းကုန်ကျစရိတ်ကျနိုင်ချေတို့ကို ဝေမျှပေးသွားပါတယ်။ ၁။ ဟောင်ကောင် ဟောင်ကောင်မြို့ဟာ ၁၁၁၄ ကီလိုမီတာသာ ကျယ်ဝန်းပြီးတော့ လူဦးရေ ၇.၄၁၃ သန်း နေထိုင်တဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ တရုတ်ဘာသာစကား ၊ အင်္ဂလိပ် ၊ မန်းဒရင်း ဘာသာစကားတို့ကို အဓိက အသုံးပြုတဲ့ နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အထူးအုပ်ချူပ်ခွင့်ရတဲ့ […]