Bahuthuta Corner.com

Bipolar Disorder ( သို့  ) အလွန်အမင်း စိတ်တက်လွယ်ကျလွယ် ရောဂါ 

စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ ကျွန်တော်တို့ အခုနောက်ပိုင်း Social Media တွေပေါ်မှာ ခဏခဏ မြင်ရတွေ့နေရပြီး စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ အဓိက စိတ်ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ အလွန်အမင်း စိတ်တက်လွယ်ကျလွယ်ရောဂါ Bipolar Disorder အကြောင်းကို ဒီနေ့မှာ မျှဝေပေးသွားပါမယ်။  Bipolar Disorder  ဒီစိတ်ရောဂါ ဝေဒနာခံစားနေရတဲ့သူတွေဟာ စိတ်ခံစားမှု အစွန်း ၂ ဖက်ကို အလျင်အမြန်အပြောင်း အလဲမျိုးခံစားရပါတယ်။ သာမန်သူတွေ ခံစားရသလိုမျိုးမဟုတ်ပဲနဲ့ကို စိတ်ဓာတ်တက်ကြွတဲ့အခါ အလွန်အမင်း ယုံကြည်မှုရှိတာ ၊ အလွန်အမင်းစွမ်းအင်ပြည့်ဝနေသလိုခံစားရတာ ၊ အလွန်အမင်းတက်ကြွနေတာ ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးမချနိုင်တော့ပဲ ဘာမဆိုလုပ်နိုင်တယ်လို့ ခံစားနေရတာ အစရှိတာတွေ အပြင် စိတ်ဓာတ်ကျသွားတဲ့အခါမှာ အလွန်အမင်း ဝမ်းနည်းတာ ၊ စိတ်ဓာတ်ကျဆင်းတာ ၊ စိတ်ခံစားချက်တွေ စိတ်ဝင်စားတာတွေ […]

အပြစ်တင်တတ်တာ ကောင်းမွန်တဲ့ အကျင့်တစ်ခုလား 

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အပြစ်တင်ခြင်းတွေကို အနည်းနဲ့ အများတော့ ရင်းနှီးကြမှာပါ။ ကိုယ်တိုင်ကဖြစ်စေ ၊ ကိုယ့်ကို ဖြစ်စေ အပြစ်တင်တာဟာ တစ်နည်းမဟုတ်တစ်နည်း တစ်ကွေ့ကွေ့မှာကြုံဖူးကြမှာပါပဲ။ ဒါပေမယ့် တကယ်တမ်းမှာ အပြစ်တင်လိုက်တာကြောင့် ပြဿနာတွေ အဆင်ပြေသွားတယ်လို့ကော မြင်ဖူးတွေ့ဖူးကြပါသလား။ အပြစ်တင်ခြင်းဟာ တကယ်ပဲ နည်းမှန်လမ်းမှန် ဟုတ်ရဲ့လား။ အပြစ်တင်တာကြောင့် ဘယ်လိုတွေသက်ရောက်သွားနိုင်သလဲဆိုတာကိုကော တွေးမိကြဖူးပါသလား။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ အပြစ်တင်တတ်တဲ့ အကျင့်ဟာ ကောင်းမွန်တဲ့ အကျင့်တစ်ခုလား ဒါမှမဟုတ် ပြုပြင်သင့်သလား ၊ ဘယ်လိုမျိုး ပိုမိုကောင်းမွန်အောင် နေထိုင်ရမလဲဆိုတာကို မျှဝေပေးသွားပါတယ်။  ကျွန်တော်တို့က အပြစ်တင်တတ်ကြပါတယ်။ လူမှန်းသိတတ်စ အရွယ်ကတည်းကနေစပြီးတော့ အသက်ကြီးပြီး အိုမင်းလာတဲ့ အထိ အပြစ်တင်ခြင်းကို ပြုလုပ်တတ်ကြပါတယ်။ အပြစ်တင်ခြင်းဟာ တကူးတက သင်ယူစရာမလိုပဲ တတ်မြောက်လာတဲ့ အကျင့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် […]