Depressive Disorder (ခ) စိတ်ကျရောဂါအကြောင်းတစ်စေ့တစ်စောင်း
Depression Disorder ကို ကျွန်တော်တို့ မြန်မာလိုဆိုရင် စိတ်ကျရောဂါလို့ သိထားကြပါတယ်။ Depression Disorder စိတ်ခံစားမှုပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီးတော့ အသက်အရွယ်မရွေး ၊ ကျားမ မရွေး ကြုံတွေ့ရနိုင်တဲ့ စိတ်ရောဂါအခြေအနေတစ်မျိုးပဲဖြစ်ပါတယ်။ စိတ်ကျရောဂါ ခံစားရသူဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ကြုံတွေ့ရမှာ ဖြစ်ပြီးတော့ နေ့စဉ် လူနေမှုဘဝကိုပါ ထိခိုက်စေပါတယ်။ ဒီနေ့မှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာသာမက ကိုယ့်မှာပါ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျရောဂါလေးအကြောင်း နဲ့ ဘယ်လိုမျိုး လက္ခဏာမျိုးတွေ ပြသနိုင်တယ် ၊ ဘယ်လိုဖြစ်နိုင်တယ် ၊ ဘယ်လိုမျိုး ကုသမှုတွေ ယူနိုင်သလဲဆိုတာလေးတွေကို ဝေမျှပေးသွားပါမယ်။ Depressive Disorder (ခ) စိတ်ကျရောဂါဆိုတာဘာလဲ။ စိတ်ကျရောဂါဆိုတာ စိတ်ပိုင်းဆိုင်ရာမှာ ခံစားရတဲ့ ဝေဒနာတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်တွေအထိ သက်ရောက်မှုရှိတဲ့ စိတ်ရောဂါ တစ်မျိုးလို့ သတ်မှတ်နိုင်ပါတယ်။ […]
ကမ္ဘာ့အလှဆုံးကမ်းခြေများ
ကျွန်တော်တို့ စာဖတ်သူတွေထဲမှာ ကမ်းခြေတွေကို ကြိုက်နှစ်သက်တဲ့သူတွေရှိပါသလား။ ဘာကြောင့် ကမ်းခြေတွေကို သဘောကျတာပါလဲ။ ပင်လယ်ပြာကြီးကြောင့်လား ၊ သဲသောင်ပြင်တွေကြောင့်လား ဒါမှမဟုတ် နေဝင်ချိန်ဆည်းဆာကို ကြည့်ရတာ သဘောကျတာလား ၊ ညအခါမှာ ကမ်းခြေကနေ ကြယ်တွေကို ကြည့်ရတာကြိုက်တာလား။ ကမ်းခြေတွေရောက်လို့ရှိရင်ကော ဘယ်လိုမျိုး နေထိုင်ရတာ သဘောကျပါသလဲ။ ရေကူးရတာလား ၊ သဲသောင်ပြင်မှာ လမ်းလျှောက်ရတာလား။ ဒီကနေ့မှာတော့ ကမ်းခြေတွေကို ချစ်တဲ့သူတိုင်းအတွက် ပုံလေးတွေ မြင်တာနဲ့တင် သွားချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာစေမယ့် ကမ္ဘာ့အလှဆုံးကမ်းခြေတွေကို ဝေမျှပေးသွားပါမယ်။ Saud Beach ( Philippines ) Saud Beach ဟာ အာရှတိုက်တစ်ခွင်လုံးမှာ အလှပဆုံးသော ကမ်းခြေလို့ တင်စားခံထားရတဲ့ ကမ်းခြေ တစ်ခုပဲဖြစ်ပါတယ်။ Pagudpud Ilocos Norte လို့ ခေါ်တဲ့ […]