ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို အရယူခြင်း
ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ ငွေတွေအများကြီးရှိရင်ကော တကယ်ပျော်ရွှင်ရရဲ့လား။ ကျန်းမာရေးကောင်းရင်ကော တကယ်ပျော်ရွှင်ရရဲ့လား။ ကိုယ့်ရဲ့ကျန်းမာပျော်ရွှင်မှုဟာ ဘယ်အပေါ်မှာ အမှီပြုနေပါသလဲ။ တကယ်တမ်းကော ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကို ရနိုင်ရဲ့လား။ ဒီနေ့မှာတော့ ကျွန်တော်တို့ ဗဟုသုတကနေပြီးတော့ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝ ကို ရယူနိုင်ခြင်းဆိုင်ရာ နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်နော်။ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခု လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်းဟာ တကယ်တမ်းမှာ ကိုယ်နဲ့ပဲ အဓိက သက်ဆိုင်နေပါတယ်။ ယခုအချိန်ခါမှာလို မီးတွေ မမှန်တာ ၊ ဈေးနှုန်းတွေ အဆမတန် ဖောင်းပွနေတာ ၊ လုံခြုံမှု မရှိတာ အစရှိတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာမှာကော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းတာတွေ ၊ ထိခိုက်တာတွေ ကြုံတွေ့ရပါတယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ […]