Obsessive-compulsive disorder ( OCD )
OCD ဆိုတာကို ကြားဖူးကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ နေ့တစ်ဓူဝကြားဖူးနေကြ စိတ်ရောဂါမျိုးမဟုတ်ပေမယ့် အဓိက စိတ်ရောဂါဝေဒနာမှာပါဝင်တဲ့ စိတ်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ရုပ်ရှင်တွေထဲမှာပဲဖြစ်ဖြစ် ၊ ဟာသဇာတ်လမ်းတိုတွေထဲမှာပဲဖြစ်ဖြစ် ပါဝင်နေတတ်သလို ကျွန်တော်တို့ ကိုယ်တိုင်တောင် ဖြစ်လို့ ဖြစ်နေမှန်းမသိ ဖြစ်နေတတ်တဲ့ စိတ်ရောဂါလေးတစ်ခုကို ဒီနေ့မှာ ဗဟုသုတကနေပြီး တော့ ဝေမျှပေးသွားပါမယ်။ Obsessive-compulsive disorder ( OCD ) ဆိုတာ ဘာလဲ။ OCD ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာကော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ သိသာထင်ရှားစေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဖြစ်ပါတယ်။ ကိုယ်လုပ်ထားတဲ့ အရာဝတ္ထုတစ်ခုကို ဆိုးရွားတာတွေ ဖြစ်မှာ တွေးပူနေရာ ၊ မြင်ရတွေ့ရတဲ့ အရာဝတ္ထုတွေကအချိုးမညီတာ ၊ ခေါက်ရိုးမညီတာကိုကြောက်ရွံနေတာ ၊ ကိန်းဂဏန်းတွေ ဗျောက်သောက်ဖြစ်နေတာကိုကြောက်တာ ၊ အစိုးရိမ်လွန်တဲ့ အရာဝတ္ထုတစ်ခုကို ထပ်ခါထပ်ခါ လုပ်မိနေတာ […]
ခေတ်စားလာတဲ့ Campingထွက်ခြင်း(သို့) မြို့ပြရဲ့ကင်းဝေးရာစိတ်လက်အပန်းဖြေခြင်း
ကျွန်တော်တို့ အခုနောက်ပိုင်းမှာ Camping ထွက်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ အတူ Camp ထွက်တဲ့ လုပ်ဆောင်မှုတစ်ခု ဟာ မြို့ပြလူတန်းစားတစ်ရပ်မှာ ခေတ်စားလာပါတယ်။ တကယ်ဆိုရင် ဒီ Camp ထွက်ခြင်းဟာ အနောက်တိုင်း နဲ့ ဖွံဖြိုးပြီးဆဲ နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တာ ကြာပြီဆိုပေမယ့် ကျွန်တော်တို့လို မဖွံဖြိုးသေးတဲ့ နိုင်ငံတွေ ၊ မြို့ပြတွေနဲ့ လူနေမှုအဆင့်အတန်း မမြင့်မားသေးတဲ့ နိုင်ငံတွေမှာတော့ မရင်းနှီးလှတဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခေတ်စားနေတဲ့ Camp ထွက်ခြင်းရဲ့ အနှစ်သာရ ၊ ဦးတည်ချက်နဲ့ ဘာတွေ လုပ်ဆောင်သင့်တယ် ၊ ဘာတွေယူဆောင်သွားရမလဲဆိုတာကို ဗဟုသုတ ကနေပြီးတော့ ဝေမျှပေးသွားပါမယ်နော်။ Camp ထွက်တယ်ဆိုတာ ဘာလဲ။ Camp ထွက်တယ်ဆိုတာ မြို့ပြ ရဲ့ ကင်းဝေးတဲ့ နေရာတစ်ခုမှာ […]