အမျိုးသမီးတွေဟာ ထင်သလောက် အရေးပါရဲ့လား ? (သို့)
အမျိုးသားတွေလောက် စွမ်းဆောင်ရည်မြင့်မားပါသလား ? အမျိုးသမီးတွေဟာ ကမ္ဘာလောကကြီးမှာ ထင်သလောက်အရေးပါရဲ့လား။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေက တကယ်တမ်းရော အမျိုးသားတွေလောက် မြင့်မားသလား။ အမျိုးသားတွေလိုကော ဦးဆောင်နိုင်စွမ်းတွေ ၊ ရပ်တည်နိုင်စွမ်းတွေရှိသလား။ အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်ဖက် ကောင်းကောင်းရှာပြီး အိမ်မှုကိစ္စလုပ်ဖို့ပဲ အရေးပါတာမဟုတ်ဘူးလား။ မိန်းမ တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ အိမ်မှာပဲရှိတယ်။ အစရှိတဲ့ စကားတွေ ၊ အသုံးအနှုန်းတွေ ၊ အတွေးအခေါ်တွေကို ကျွန်တော်တို့ အနေနဲ့ တစ်မျိုး မဟုတ် တစ်မျိုး ကြားဖူး ၊ မြင်ဖူးနေကြမှာပါ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အခုချိန်ထိ တွင်တွင်ကျယ်ကျယ်ကို တွေ့နိုင်မြင်နိုင်နေဆဲပါပဲ။ ဒီကနေမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလို တကယ်ပဲ စွမ်းဆောင်ရည်ရှိသလားဆိုတာကို ရေးသားဖော်ထုတ်ပေးသွားပါမယ်။ ပထမဦးဆုံး ရေးသားမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာလောကကြီးဟာ […]
GED Social Study အတွက် သိထားသင့်သမျှ
GED ဖြေဆိုတဲ့ ကျောင်းသားတွေအတွက် သင်္ချာ နဲ့ သိပ္ပံ ဟာ ခက်ခဲတဲ့ဘာသာရပ်တွေမဟုတ်ပေမယ့် Social Study လို့ ကြားလိုက်ရရင် သွေးတိုးချင်သလိုလို ၊ ကိုယ်ပူချင်သလိုလို တစ်မျိုးကြီးဖြစ်ဖြစ်သွားတာကို ကြုံဖူးကြမှာပါ။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ပညာရေးမှာ Social Study ဆိုတာ မရှိခဲ့တဲ့ အရာတစ်ခု ဖြစ်တာတစ်ကြောင်း ၊ ကျွန်တေ်ာတို့ ကြားဖူးနေတဲ့ ဘာသာရပ်တစ်ခုမဟုတ်တာကြောင့် တစ်ကြောင်း ထိတ်လန့်ကြတာပါ။ ဒီကနေ့မှာတော့ Social Study ဟာ ဘာအတွက်လဲ ၊ ဘာတွေ ပါဝင်သလဲ ၊ ဖြေဆိုမယ့် ကျောင်းသားတွေ အနေနဲ့ ဘယ်အရာတွေကို ရှာဖွေလေ့လာနိုင်သလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်နော်။ GED Social Study ဆိုတာဟာ တစ်နည်းအားဖြင့်တော့ အမေရိကန်ပြည်ထောင်စု […]