Bahuthuta Corner.com

ထူးချွန်တဲ့သူတိုင်း အောင်မြင်သူတစ်ယောက် ဖြစ်နိုင်သလား ? 

ထူးချွန်တဲ့သူတိုင်းဟာ အောင်မြင်သူတစ်ယောက်ဖြစ်နိုင်သလား။ ဒါမှမဟုတ် အောင်မြင်တဲ့သူတိုင်းဟာ ထူးချွန်လား။ ဒီမေးခွန်းကို မေးလေ့မေးထ မရှိကြပေမယ့် တွေးဖူးကြပါလိမ့်မယ်။ ကျွန်တော်တို့ တကယ်တမ်း မြင်နေတွေ့နေရတဲ့ အောင်မြင်တဲ့သူတွေဆိုတာဟာ ဘယ်တက္ကသိုလ်ကနေ ကျောင်းမပြီးပဲ ထွက်လာတာတို့ ၊ သူများတွေ တန်းတူ ပညာသင်ကြားနေရချိန်မှာ သူဟာ ဘယ်လိုမျိုး လှုပ်ရှားရုန်းကန်ခဲ့ရတာတို့ အစရှိတဲ့ ဇာတ်လမ်းမျိုးတွေပဲ အကြိမ်ကြိမ်အဖန်ဖန်တွေ မြင်ရတွေ့ရတဲ့အခါ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ထူးချွန်ဖို့ တကယ်လိုအပ်ရဲ့လားဆိုတဲ့ကို တွေးစရာဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်းအရာကို မပြောခင်မှာ ကနဦးအနေနဲ့ ကျွန်တော်တို့ လည်ပတ်နေတဲ့ လူ့ပတ်ဝန်းကျင်အကြောင်းကို အစပြောရလိမ့်မယ်ထင်ပါတယ်။  ကျွန်တော်တို့ဟာ ငယ်စဉ်ကတည်းက ကျောင်းတက်တဲ့အခါမှာ ပညာသင်ကြားဖို့ အရေးကို တိုက်တွန်းခံခဲ့ရသလို ၊ လုံလောက်တဲ့ ပညာရေးရဖို့အတွက်ကို သင်ချင်သည်ဖြစ်စေ ၊ မသင်ချင်သည်ဖြစ်စေ သင်ကြားခဲ့ရပါတယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို သူများတန်းတူပညာတွေ တတ်စေချင်တဲ့သူတွေချည်းပါပဲ။ […]

ပန်းနာရင်ကျပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ 

ရေနစ်ဖူးပါသလား။ အသက်ရှုတဲ့အခါ လေတွေ ဝင်မလာပဲ ရေတွေမွန်းသွားတဲ့အခါ ဘယ်လိုခံစားရသလို ဆိုတာ ခံစားဖူးပါသလား။ ရေထဲမှာ မြုပ်နစ်တဲ့အချိန်မှာ လေတွေရှုသွင်းချင်ပေမယ့် လေဘယ်လိုမှ ဝင်မလာတဲ့အခြေအနေမျိုးကို ကြုံတွေ့ရဖူးပါသလား။ ဒါဟာ ရေနစ်တဲ့အခြေအနေတစ်ခုပါ။ ပန်းနာရင်ကျပ်ရှိတဲ့သူတွေ ၊ အသက်ရှုကျပ်တတ်တဲ့သူတွေ ၊ ရင်ကျပ်တတ်တဲ့သူတွေဟာ ရေမနစ်ပဲ လေထုထဲမှာနေပြီး အသက်ရှုမရပဲ မွန်းကျပ်ရတဲ့သူတွေပါ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေတွေရှိနေပေမယ့် အသက်ရှုမရတဲ့အခါ ၊ လေရှုသွင်းလို့မရတဲ့အခါမှာ ကြုံတွေ့ခံစားရတဲ့ မွန်းကျပ်မှုဟာ ဖော်ပြစရာ စကားလုံးမရှိဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ ရင်ကျပ်တတ်တဲ့သူတွေအတွက် ဒါမှမဟုတ် မကြုံရဖူးသေးတဲ့သူတွေအတွက်  ဒီနေ့မှာတော့ ပန်းနာရင်ကျပ်ခြင်း နှင့်သက်ဆိုင်တဲ့ အခြေအနေတွေ ၊ ရောဂါဖြစ်ပေါ်ရခြင်းတွေ ၊ သက်ဆိုင်ရာ ကုထုံးတွေ အကြောင်းကို ဗဟုသုတကနေပြီးတော့ မျှဝေပေးသွားပါမယ်။  ပန်းနာရင်ကျပ်ဆိုတာဟာဘာလဲ။  ပန်းနာရင်ကျပ်ဆိုတာဟာ ကျွန်တော်တို့ အဆုတ်ကို အဓိက […]