Bahuthuta Corner.com

စာမေးပွဲအတွက် ဘယ်လိုပြင်ဆင်ကြမလဲ

ကျွန်တော်တို့တွေ စာမေးပွဲလို့ အသံကြားရတဲ့အခါ ခေါင်းကိုက်သလို ၊ သွေးတိုးသလို ၊ ဖျားချင်သလို ဖြစ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ကျွန်တော်တို့တွေဟာ စာမေးပွဲဖြေဆိုရမှာထက် စာမေးပွဲမှာ ကိုယ်လေ့လာထားတာတွေ မပါတာမျိုး ၊ ကိုယ်မလေ့လာနိုင်တာမျိုး ၊ အမှတ်နည်းတာမျိုးတွေကို ပိုမို စိုးရိမ်တတ်ကြတာပါ။ ဒီနေ့မှာတော့ ဒီလိုမျိုုး စိုးရိမ်မှုတွေ လျော့ပါးသွားစေဖို့အတွက် စာမေးပွဲကို မဖြေဆိုခင် ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။ ၁။ စာတွေကို လေ့လာတဲ့အခါမှာ တစ်ပြိုင်နက်တည်း အများကြီးလေ့လာတာထက် အပိုင်းကလေးတွေ ဖြတ်ပြီး လေ့လာကြည့်ပါ။ တစ်ခါတစ်လေမှာ စာတွေ တအားဖတ်ဖို့ များလာတဲ့အခါ ဒါမှမဟုတ် စာတွေ ပုံလာတဲ့အခါ ကျွန်တော်တို့တွေဟာ စာတွေကို ကြည့်ပြီးတော့ စိတ်ဖိဆီးလာတတ်ကြပါတယ်။ ဒီလိုအနေအထားမျိုးကို ရောက်လာတဲ့အခါမှာ စာတွေကို ကြည့်ပြီး စိတ်ဖိဆီးနေတာထက် ကိုယ်မဖြစ်မနေလေ့လာရမယ့် […]

ရွေးခြယ်စရာများတဲ့ နေထိုင်မှုဘဝပုံစံများ 

ကိုယ်ဟာ တစ်နေ့နေ့မှာ ဘာဖြစ်ရမယ်ဆိုတဲ့ အတွေးတွေရှိပါသလား။ ဒါမှမဟုတ် ကိုယ်ဟာ အနားယူတော့မယ့်အချိန်မှာ ဘယ်လို ဘဝလေးတစ်ခုမှာပဲ ဖြတ်သန်းတော့မယ်ဆိုပြီး တော့ စိတ်ကူးထားတာရှိပါသလား။ ဒါမှမဟုတ် ကိုယ်ဖြတ်သန်းချင်တဲ့ ဘဝနေထိုင်မှုပုံစံတွေကိုကော သိထားပြီးပြီလား။ မသိသေးတဲ့ သူတွေရှိရင် ဒီနေ့မှာတော့ ဗဟုသုတကနေပြီး ရွေးခြယ်မှုများတဲ့ နေထိုင်မှုဘဝပုံစံတွေအကြောင်းကို ဝေမျှပေးသွားပါမယ်နော်။   Active Lifestyle  Extrovert လေးတွေအတွက် အဆင်ပြေနိုင်တဲ့ နေထိုင်မှု့ဘဝပုံစံတစ်မျိုးပါပဲ။ အမြဲတမ်း ခွန်အားတွေ ၊ စွမ်းအင်တွေ အပြည့်ရှိနေမယ်။ အမြဲတမ်း လှုပ်ရှားမှုတွေရှိနေမယ်။ အမြဲတမ်း ပတ်ဝန်းကျင်တဲ့ထိတွေ့ဆက်ဆံ မှုတွေရှိတယ်။ ဘယ်နေရာ ဘယ်ပတ်ဝန်းကျင်မှာမဆို ကိုယ်ဟာအများနဲ့ ပေါင်းသင်းဆက်ဆံနိုင်ပြီး ကိုယ်စိတ်ဝင်စားတဲ့ ကိစ္စတွေကို အမြဲတမ်း အားတက်သရော်လုပ်နိုင်ပါတယ်။ ကိုယ့်မှာ ခွန်အားရှိနေသ၍ ကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက အမြဲတမ်း အားအင်တွေနဲ့ အများအမြင်မှာ ကိုယ်ဟာ […]