Bahuthuta Corner.com

ဝမ်းနည်းစိတ်ပျက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ 

ကျွန်တော်တို့ ဘဝမှာ အမြဲတမ်း ပျော်စရာ ၊ စိတ်ခွန်အားဖြစ်ရာ ၊ သတင်းကောင်းတွေချည်း ရှိနေမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ ဝမ်းနည်းပူဆွေးရမယ်။ စိတ်ပင်ပန်းရမယ်။ စိတ်ထိခိုက်ရမယ်။ အစရှိတဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်ကြုံတွေ့ပြီး ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။ ဒီလို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဘယ်လိုမျိုး အကောင်းဆုံး ရင်ဆိုင်သွားရမလဲ ပြီးရင် ဘာဆက်လုပ်ကြရမလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဒီကနေ့မှာ ဝမ်းနည်းစိတ်ပျက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတဲ့အခါဆိုပြီး ဝေမျှပေးသွားပါမယ်။  ဝမ်းနည်းစိတ်ပျက်ခံစားရတဲ့အခါ ခံစားချက်တွေကို လက်ခံပါ။  ကိုယ်ဝမ်းနည်းနေတယ်။ ကိုယ်အရမ်းစိတ်ပျက်မိတယ်။ စိတ်မကောင်းဖြစ်တယ်။ လက်ခံလိုက်ပါ။ ကိုယ့်ခံစားချက်တွေကို အခုချိန်မှာ တွန်းလှန်နေလို့ အကျိုးမရှိပါဘူး။ အခုချိန်မှာလည်း ကိုယ့်ကိုကိုယ် ဖိအားပေးနေလို့လည်း ဘာမှထူးခြားမလာပါဘူး။ ဒါ့ကြောင့်မို့ လက်ခံလိုက်ပါ။ ကိုယ့်ရဲ့ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ပျက်စရာတွေကို ခံစားရတဲ့အတိုင်းလက်ခံလိုက်ပါ။   ကိုယ့်ရဲ့ခံစားချက်တွေအတွက် အချိန်ယူပါ။  ခံစားချက်တစ်ခုက အမြဲတမ်းရှိမနေပါဘူး။ အချိန်အတိုင်းအတာ […]

GED ဖြေဆိုမယ့်အခါ ဘယ်ဘာသာကို အရင်ဆုံးဖြေဆိုသင့်သလဲ။ 

GED ဖြေဆိုမယ့် ကျောင်းသားတွေအတွက် မဖြစ်မနေ ခေါင်းထဲဝင်လာကြမယ့် မေးခွန်းဟာ ငါတို့ ဘာကို အရင် စဖြေရမလဲဆိုတာပါပဲ။ GED ဟာ ဘယ်လိုဘာသာကို ဘယ်နေ့မှာ ဘယ်တော့ စတင်ဖြေဆိုရမယ်လို့ သတ်မှတ်ထားခြင်းလည်းမရှိသလို ကန့်သတ်ထားခြင်းတွေမရှိတာကြောင့် ကိုယ်အဆင်ပြေတဲ့ ဘာသာကို ကိုယ်အဆင်ပြေတဲ့ နေ့ နဲ့ အချိန်မှာ ဖြေဆိုနိုင်ခြင်းဟာ GED ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ အားသာချက်ဆိုပေမယ့် တကယ်တမ်းဖြေဆိုဖို့အတွက် စာလုပ်ကြတဲ့အခါမှာ ဘယ်ဘာသာကို ကိုယ်တွယ်ရမလဲဆိုတာကို စဉ်းစားရင်းလမ်းတွေပျောက်တတ်ကြပါတယ်။  GED ကိုဖြေဆိုတော့မယ့်အခါ တစ်ချို့တွေက ကိုယ်အရဆုံးဘာသာကို ဖြေဆိုကြတယ်။ တစ်ချို့တွေကတော့ ကိုယ်အပိုင်နိုင်ဆုံးလို့ထင်တဲ့ ဘာသာကို ဖြေဆိုတတ်ကြပါတယ်။ ဒီနေရာမှာ အကြံပေးချင်တာကတော့ တကယ်တမ်း GED ကို စတင်ဖြေဆိုတော့မယ်ဆိုရင် RLA ( Reasoing Through Language Art […]