Bahuthuta Corner.com

ပိရမစ်တွေရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်များ 

အီဂျစ်နိုင်ငံ ပိရမစ်တွေဟာ ကမ္ဘာကျော်ပြီး ထင်ရှားပါတယ်။ ဒါ့အပြင် သူနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေဟာလည်း မယ်မယ်ရရ သိရတာမျိုးတွေ မရှိပဲ လူတွေရဲ့ ထင်ကြေးတွေ ၊ ခန့်မှန်းချက်တွေနဲ့ ပြည့်ဝနေပါတယ်။ တစ်ချို့က ဖာရိုဘုရင်တွေရဲ့ အုတ်ဂူတွေလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါဟာ တခြားဂြိုလ်က သက်ရှိတွေနဲ့ အဆက်အသွယ်ရှိလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါတွေဟာ ကြယ်တွေ နက္ခတ်တွေကို လေ့လာဖို့ဆိုပြီး ပြောကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ အခုခေတ်မှာတောင် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတဲ့ ပိရမစ်ကြီးတွေကို လွန်ခဲ့တဲ့ နှစ်ရာထောင်ချီက တည်ဆောက်နိုင်ခဲ့တာကတော့ အင်မတန်ကို နားလည်ရခက်သလို စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုဆိုတာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ ပိရမစ်တွေနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်အလက်ကလေးတွေကို ရှာဖွေလေ့လာပြီး ဝေမျှပေးသွားပါမယ်။  ၁။ အီဂျစ်မှာရှိတဲ့ ပိရမစ်အရေအတွက်ဟာ […]

သိထားသင့်တဲ့ Down Syndrome

Down Syndrome ဆိုပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပါ။ ရံဖန်ရံခါမှာ Down Syndrome ခံစားရတဲ့သူတွေနဲ့လည်း ကြုံတွေ့ဆက်ဆံရဖူးကြမှာပါ။ သိထားရမှာက Down Syndrome ဆိုတာဟာ ရောဂါဝေဒနာ ဆိုတာထက် ခန္ဓာကိုယ်မှာ လိုအပ်တာထက် ပိုမိုတဲ့အရာကို ခံစားရတဲ့ အခြေအနေ တစ်ခုဆိုတာက ပိုမှန်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ Down Syndrome ခံစားရတဲ့သူတွေဟာ ရောဂါခံစားရတဲ့သူတွေ မဟုတ်ပဲ သာမန်ထက်လွန်ကဲတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ သူတွေလို့မှတ်ယူလို့ရနိုင်ပါတယ်။ ဒီကနေ့မှာတော့ Down Syndrome အကြောင်းနဲ့ ပတ်သတ်ပြီးတော့ သိထားရမယ့်အကြောင်းအရာလေးတွေကို ဝေမျှပေးသွားချင်ပါတယ်နော်။  Down Syndrome ဆိုတာဘာလဲ။  Down Sydrome ဆိုတာဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရှိသင့်ရှိထိုက်တဲ့ Chromosomes ပမာဏထက် ပိုရှိတဲ့အခြေအနေမျိုးကို ခေါ်ဆိုတာပါ။ Chromosomes […]