Bahuthuta Corner.com

ကော်ဖီတစ်ခွက် ကပေးနိုင်တဲ့ ကျန်းမာရေး 

ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကော်ဖီတစ်ခွက်က မပါမဖြစ်လို့ကို ဖြစ်နေပါတယ်။ အထူးသဖြင့် မနက်ခင်း ပိုင်းတွေ အိပ်ယာနိုးပြီးကာစဖြစ်စေ ၊ အလုပ်မလုပ်ခင်မှာဖြစ်စေ ကော်ဖီတစ်ခွက်သောက်ပြီး တစ်နေ့တာကို စတင်တတ်ကြပါတယ်။ ကော်ဖီ သောက်ခြင်းအားဖြင့် လူကို လန်းဆန်းစေပြီး ဦးနှောက်ကို ပိုမို အလုပ်လုပ်နိုင်စေတယ်။ လူကို ပိုပြီးတက်ကြွစေတယ်လို့လည်း ယုံကြည်ထားကြပါတယ်။ တကယ်တမ်းမှာ ကော်ဖီ တစ်ခွက်က သာမန်ထက် ပိုတဲ့ ခန္ဓာကိုယ်ကို အထောက်အကူဖြစ်စေတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ ကော်ဖီတစ်ခွက်ကို ပုံမှန်သောက်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဝေမျှရေးသားပေးသွားပါမယ်။  ၁။ ကော်ဖီသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်ပေါ်စေပါတယ်။  ကော်ဖီသောက်တဲ့သူတွေဟာ သာမန် မသောက်တတ်တဲ့သူတွေထက်စာရင် ၁၇ ရာခိုင်နှုန်းသေဆုံးနိုင်ချေနည်းပါးတယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်တမ်းတွေအရ ကော်ဖီသောက်သုံးတဲ့သူတွေဟာ မသောက်တဲ့သူတွေထက် နှလုံးရောဂါ […]

ဖိနှိမ်ခံထားရတဲ့ အမျိုးသားတွေ 

ခေတ်အဆက်ဆက်မှာလည်း အမျိုးသားတွေဟာ ဖိနှိမ်ခံထားရတယ်။ ဒီလိုပြောရင် တစ်ချို့တွေက ဟုတ်ရဲ့လား။ တကယ်မှမဟုတ်တာ။ အမျိုးသားတွေဟာ အမြဲတမ်းဦးဆောင်သူ ၊ အရေးပါသူ ၊ စံနှုန်းတွေရဲ့တိုင်းတာသူ ၊ အခွင့်အရေးအရဆုံး သက်ရှိမျိုးစိတ်တစ်ခုလို့ ပြေးမြင်တတ်ကြပါတယ်။ အမျိုးသား လို့ဆိုလိုက်တာနဲ့ အလိုလိုနေရင်း အရေးပါအရာရောက်တဲ့သူတစ်ဦးဖြစ်သွားတာမျိုး။ နိုင်ငံတစ်ခုလုံးကနေစပြီး ကိုယ့် မိသားစုမှာတောင် အမျိုးသား တစ်ဦး ရဲ့ သြဇာအာဏာက အမျိုးသမီးဖြစ်သူထက် ပိုပြီးတော့ သက်ရောက်မှုတွေပိုရှိပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာဖြစ်စေ ၊ ပတ်ဝန်းကျင်မှာဖြစ်စေ အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ၊ နေရာတစ်ဦးကို ရွေးခြယ်တဲ့အခါမှာ အမျိုးသားတွေကပဲ အမြဲတမ်း ဦးဆောင်နေတတ်ကြပါတယ်။ ဒီလိုမျိုး အခွင့်အရေးတွေ ရရှိနေတဲ့ အမျိုးသားတွေဟာ ဖိနှိမ်ခံထားရတယ်ဆိုတာ မဖြစ်နိုင်လောက်ပါဘူးလို့ပဲ တွေးမိခဲ့ကြပါတယ်။  ခေတ်အဆက်ဆက်ကနေ ယနေ့ထိတိုင်အောင် လူအများစုအပေါ်သက်ရောက်နေတဲ့ မဟာဖိုဝါဒီဟာ အမျိုးသား […]