Bahuthuta Corner.com

ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ခြင်း 

ကျွန်တော်တို့ ဘဝကြီးမှာ လူအမျိုးမျိုးဆက်ဆံရေးအမျိုးမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါလိမ့်မယ်။ တစ်ချို့သောသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိသလို တစ်ချို့တွေနဲ့လည်း ပေါင်းရသင်းရတာ အဆင်မပြေလို့ လမ်းခွဲခဲ့ရတာတွေလည်း ကြုံခဲ့ဖူးကြမှာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဖြစ်စေ ၊ လုပ်ငန်းခွင်မှာဖြစ်စေ ၊ လူမှုရေးတွေမှာဖြစ်စေ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိတာက ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ရရှိစေပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ခြင် စိတ်ရှိပေမယ့် ဘယ်လိုမျိုးတွေဟာ အရေးကြီးသလဲ ၊ လုပ်ဆောင်သင့်သလဲဆိုတာတွေကို သတိပြုမိဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီနေ့မှာတော့ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ အချက်အလက်လေးတွေကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားမှာပါ။  အပြန်အလှန်ဆက်သွယ်မှုရှိခြင်း  မိသားစုဝင်တွေနဲ့ ဆက်ဆံရေးဖြစ်ဖြစ် ၊ လုပ်ငန်းခွင်ဆက်ဆံရေးဖြစ်ဖြစ် ၊ သမီးရည်းစား သူငယ်ချင်းဆက်ဆံရေး ဖြစ်ဖြစ် ဘယ်ဆက်ဆံရေးတွေမဆို အပြန်အလှန်ဆက်သွယ်မှုရှိဖို့က အင်မတန်အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ အပြန်အလှန်ဆက်သွယ်မှုရှိခြင်းဆိုတာဟာ […]

Things to know all about GED

GED ဖြေဆိုချင်ကြတဲ့သူတွေအတွက် အခုလက်ရှိမှာတော့ GED ကို ဖြေဆိုကြတဲ့ သူတွေအလွန်အမင်းများပြားလာတာပဲဖြစ်ပါတယ်။ အလွန်အမင်းများပြားလာတာနဲ့ အမျှ GED အကြောင်းကို သေချာသိတဲ့သူတွေလည်းရှိသလို GED ဆိုတာဘာလဲ ၊ ဘယ်လိုဖြေဆိုရတာလဲဆိုတာကို ရေရေရာရာမသိကြသေးတဲ့သူတွေလည်း အများအပြား ရှိကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီး GED ကို ဖြေဆိုကြမယ့်သူတွေ ၊ GED ဆိုတာ ဘာလဲ မသိသေးတဲ့သူတွေအတွက် သိသားသင့်သမျှကို ဝေမျှပေးပါမယ်။  GED ဆိုတာဘာလဲ။  GED ဆိုတာက U.S က ပညာရေးအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ မူလပထမကတော့ ကမ္ဘာ့စစ်အတွင်းမှာ တာဝန်ထမ်းဆောင်ရတဲ့ စစ်မှုထမ်းတွေ ပြန်တမ်းဝင်တဲ့အခါမှာ သာမန်လူနေမှု့ဘဝထဲကို ပြန်လည်ဝင်ရောက်တဲ့အခါ လစ်လပ်သွားတဲ့ ပညာရေးတွေ ၊ အသိပညာ ၊ ဗဟုသုတတွေကို အချိန်တိုအတွင်းမှာ လေ့လာသင်ယူနိုင်အောင် လုပ်ထားတဲ့အစီစဉ်တစ်ခုပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းတွေမှာတော့ […]

အသံတိတ်လူသတ်သမား (သို့) သွေးတိုးခြင်း 

ကျွန်တော်တို့ လူငယ်တွေမှာ မသိသာပေမယ့် အသက်ရလာတဲ့ လူကြီးတွေမှာ သွေးတိုးခြင်းဟာ အမြဲမြဲလိုလိုတွေ့ရတတ်ပါတယ်။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ လူငယ်တွေသွေးတိုးတတ်ပေမယ့် မသိသာတာကြောင့် မသိလိုက်တာမျိုး တွေဖြစ်တတ်ပါတယ်။ သွေးတိုးခြင်းဟာ အသက်အရွယ်ငယ်တဲ့သူတွေ ၊ အချို့သူတွေမှာ သိသာထင်ရှားတဲ့ လက္ခဏာဝေဒနာတွေကိုမပြသလို့ အသံတိတ်လူသတ်သမားလို့ လည်းသိကြပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေ သွေးတိုးခြင်းနဲ့ ပတ်သတ်ပြီးသိသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးသွားပါမယ်။  သွေးတိုးခြင်း။  သွေးတိုးခြင်းဆိုတာဟာ ကိုယ်တွင်းမှာရှိတဲ့ သွေးဖိအားနှုန်းတွေ သာမန်ထက် ပိုမိုလွန်ကဲလာတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ပုံမှန်ရှိသင့်ရှိထိုက်တဲ့ သွေးဖိအားနှုန်းထက် ပိုမိုများနေပြီဆိုရင် သွေးတိုးနေပြီလို့မှတ်ယူလို့ရပါတယ်။ သာမန်သွေးဖိအားက ပုံမှန်အားဖြင့် 120/80 mm Hg ရှိပြီး ဒီ့ထက်ပိုများနေပြီဆိုရင် သွေးတိုးနေပါပြီ။  သွေးတိုးခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာများ…. သွေးတိုးခြင်းဟာ များသောအားဖြင့် မျိုးရိုးလိုက်တတ်ကြပါတယ်။ ကိုယ့်အဖိုးအဖွားတွေ ၊ […]