Bahuthuta Corner.com

Ketamine (ခ) K အကြောင်းသိကောင်းစရာ 

ယခုခေတ်လူငယ်တွေကြားမှာ လူသိများထင်ရှားတဲ့ K အရှည်ကောက်ဟာ Ketamine ပါ။ Ketamine ကို ကနဦးကာလတွေမှာ ထုံဆေး ၊ မေ့ဆေးအဖြစ် အသုံးပြုကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ K ခေါ် Ketamine ကို ပါတီ တွေ ၊ ကလပ်တွေမှာ မူးယစ်ဆေးဝါးတစ်ခုအဖြစ်အများအပြားသုံးပြုလာကြပါတယ်။ K ကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုလာကြပေမယ့် တကယ်တမ်းမှာ သူ့ရဲ့စတင်တွေ့ရှိခဲ့မှုတွေ ၊ လက်တွေ့ အသုံးချ မှုတွေဟာ မူးယစ်ဆေးဝါးတစ်ခုထက် ပိုမိုတဲ့ အကျိုးသက်ရောက်မှုှတွေရှိပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး K လို့ ခေါ်တဲ့ Ketamine အကြောင်းကို ပိုမိုသိရှိကြစေဖို့ မျှဝေပေးချင်ပါတယ်။  K (ခ) Ketamine မူလပထမပေါ်ပေါက်လာခဲ့ပုံ  K လို့ သိကြတဲ့ Ketamine ကို […]

တစ်စုံတစ်ယောက်ကို အတိတ်မှာ ချန်ထားခဲ့ခြင်း ( သို့ ) Move On လုပ်နိုင်ဖို့အတွက် ..

ကျွန်တော်တို့မှာ မေ့ပျောက်ချင်တဲ့ အကြောင်းအရာတွေ ၊ အမှတ်တရတွေ ၊ အတိတ်တွေ ကိုယ်စီရှိကြမှာပါပဲ။ မေ့ပျောက်နိုင်ဖို့ဆိုတာထက် အခုလက်ရှိအချိန်ထိ အတိတ်ကဖြစ်ရပ်တွေဟာ ကိုယ့်ကို လာရောက်သက်ရောက်နေတာ။ ကိုယ်က သတိရနေတာ ၊ စိတ်ထဲမှာ စွဲလန်းနေတာတွေဟာ အရှေ့ကို ဆက်မယ့် ခရီးတစ်ခုအတွက် ကြီးမားတဲ့ အနှောက်အယှက်တစ်ခုပါ။ တစ်ချို့လူတွေဟာ လွယ်လွယ်ကူကူပဲ ဖြတ်ကျော်လာနိုင်ပေမယ့် တော်တော်များများဟာ အတိတ်က တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို မေ့ပျောက်ပြီး အရှေ့ဆက်လာနိုင်ဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။ ဒီလိုမျိုးခက်ခဲတဲ့သူတွေအတွက် ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲဆိုတဲ့ အချက်ကလေးတွေကို ဗဟုသုတကနေပြီး မျှဝေပေးချင်ပါတယ်။  အတိတ်ကို အတိတ်မှာပဲချန်ခဲ့ပါ။  ဒီအချက်ကတော့ အားလုံးအတွက် အခြေခံအကျဆုံးဖြစ်ပါလိမ့်မယ်။ ဖြစ်ပြီးတဲ့ ကိစ္စတွေကို ပြင်လည် ပြုပြင်လို့မရပါဘူး။ အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ ဖြစ်ခဲ့ပြီးပါပြီ။ ကိုယ်ပြန်လည်ပြင်ဆင်လို့မရတဲ့ ဖြစ်ရပ်တွေဆိုတာကို […]