နှစ်နှစ်ခြိုက်ခြိုက်မအိပ်စက်ရတဲ့ ဝေဒနာများ
အများသူငါအိပ်စက်အနားယူနေတဲ့အချိန်မှာ ကိုယ်ကမအိပ်နိုင် ၊ အနားမယူနိုင်ဖြစ်နေတာဟာ အတော်ကို ဆိုးရွားပါတယ်။ အိပ်စက်အနားယူချင်ပေမယ့် အိပ်လို့ မရတာ ၊ အိပ်မပျော်တာတွေဟာ ရေရှည်မှာ ကိုယ့်ကျန်းမာရေးကိုသာမက ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေရှိလာစေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အိပ်ဆေးသောက်ပြီး ဖြေရှင်းလိုက်ပေမယ့် တကယ်တမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ရေးဝသလို မခံစားရသလို အိပ်ယာက နိုးလာတဲ့အခါမှာလည်း ပင်ပန်းနှုံးချိနေတတ်တာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ညအိပ်ရခက်တဲ့သူတွေ ကြုံတွေ့ရတဲ့ ဝေဒနာတွေ ၊ ဘယ်လိုမျိုး အဆင်ပြေအောင်လုပ်လို့ရနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ ညဘက်အိပ်ရခက်စေတဲ့ ရောဂါဝေဒနာများ ညဘက်တွေ အိပ်မပျော်စေတာဟာ တစ်ယောက်နဲ့ တစ်ယောက်အခြေအနေတွေမတူညီကြပါဘူး။ အိပ်ပျော်ခြင်းကို အဟန့်အတားဖြစ်စေတဲ့ ဝေဒနာတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ များသောအားဖြင့် – Insomnia ( အိပ်ပျော်ရခက်ခဲစေခြင်း ၊ လူကို အိပ်မပျော်အောင် လှုံဆော်ခြင်း ) […]
အဖိုးအခနည်းပြီးကျန်းမာစေတဲ့ နေ့စဉ်စားစရာများ
ကျွန်တော်တို့ နေ့စဉ်စားသောက်ရတာတွေက ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ဟာ ကျန်းမာလှုပ်ရှားသွားလာလုပ်ကိုင်နိုင်ဖို့အတွက် စွမ်းအင်တွေ ၊ အာဟာရတွေ ပြည့်ဝဖို့အရေးကြီးပါတယ်။ တစ်ချို့အစားအစာတွေဟာ ဗိုက်ပြည့်တယ်ဆိုပေမယ့် အာဟာရတွေ စွမ်းအင်တွေမပြည့်ဝတာမို့ ပြည့်ပြည့်ဝဝအကျိုးမရှိပါဘူးနော်။ တန်ဖိုးများမှ အာဟာရပြည့်ဝအောင် စားနိုင်တာမျိုးမဟုတ်ပဲ အဖိုးအခနည်းနည်းနဲ့ အာဟာရပြည့်ပြည့်ဝဝရအောင် စားနိုင်တဲ့ အစားအစာတွေလည်း အများကြီးရှိပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်တို့ နေ့စဉ်စားသောက်ဖို့အတွက် ပတ်ဝန်းကျင်မှာ အလွယ်တကူဝယ်လို့ရနိုင်ပြီးတော့ အဖိုးအခနည်းနည်း နဲ့ ကျန်းမာစေဖို့ စားနိုင်တာတွေကို ဝေမျှပေးသွားပါမယ်နော်။ ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံများ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကတော့ ဘယ်အစားအစာမှာမဆို မပါမဖြစ်အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေ အသီးအနှံတွေကများသေားအားဖြင့် လိုအပ်တဲ့ ဗီတာမင်တွေ ၊ ဖိုင်ဘာတွေ အခြားသော အာဟာရတွေ ကြွယ်ဝစွာ ပါဝင်တာမို့ မဖြစ်မနေစားသုံးရပါမယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုရင် ခရမ်းချဉ်သီး ( […]