နည်းပညာနဲ့ဆက်စပ်ပြီး ဝင်ငွေအကောင်းဆုံး အလုပ်အကိုင်များ
ကျွန်တော်တို့ဟာ နည်းပညာတွေ တိုးတက်မှု မြန်ဆန်တဲ့ ခေတ်ကာလကြီးမှာ ရှင်သန်နေကြရပါတယ်။ ယခုလို ခေတ်ကာလကြီးမှာ အရင်ကလို ကိုယ်ကာယသုံးပြီး လုပ်ကိုင်ရတာထက် ဉာဏကို ကိုသုံးပြီး လုပ်ကိုင်ကြရတာပိုမိုများပြားပါတယ်။ ဒါ့အပြင် ခေတ်ရေစီးကြောင်းအရ နည်းပညာပိုင်းဆိုင်ရာတွေကို ကောင်းမွန်စွာ အသုံးချတတ်တဲ့သူတွေကို အများအပြားလိုအပ်နေပြီး ဒီနေရာတွေကို လုပ်ကိုင်နိုင်ဖို့ဟာ ကျွမ်းကျင်ခိုင်မာတဲ့ အရည်အချင်းတွေရှိဖို့ လိုအပ်တာမို့ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပတ်သတ်တဲ့ အလုပ်တွေဟာ အမြဲတမ်းဝင်ငွေကောင်းနေတဲ့ အလုပ်တွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီးတော့ နည်းပညာရေးဆိုင်ရာကဏ္ဍကနေ ဝင်ငွေအများဆုံးရရှိနိုင်တဲ့ အလုပ်အချို့ကို ဝေမျှပေးသွားပါမယ်နော်။ ၁။ Developers နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပြောရရင်တော့ developers တွေဟာ မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြ Social Media Platform တွေကနေပြီး နည်းပညာပိုင်းဆိုင်ရာ ပတ်သတ်သမျှဟာ developers တွေရဲ့ ဖန်တီးရေးဆွဲမှုတွေကနေပေါ်ပေါက်လာတာပါ။ […]
ကင်ဆာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ
ကင်ဆာဆိုတာဟာ ကျွန်တော်တို့ ကြားဖူးကြပါလိမ့်မယ်။ ကုသဖို့ ဆေးမရှိတော့သလို ကင်ဆာဖြစ်ပြီ ဆိုတာနဲ့ ဘဝကြီးဟာ ပြီးဆုံးသွားပြီလို့ ထင်ခဲ့ကြပါလိမ့်မယ်။ ဒါတွေက ကျွန်တော်တို့ ကင်ဆာနဲ့ ပတ်သက်ပြီးသေသေ ချာချာမသိခဲ့ကြလို့ ဒီလိုမျိုးတွေ မှတ်ယူခဲ့ကြတာပါ။ တကယ်တမ်းမှာ ကင်ဆာဝေဒနာ ခံစားရတဲ့အခါ အခြေအနေမလွန်ခင်အထိ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်ပါတယ်။ ဒီကနေ့မှာတော့ ကင်ဆာဝေဒနာ ခံစားရတာနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ဗဟုသုတကနေပြီး ဝေမျှပေးသွားပါမယ်။ ကင်ဆာဆိုတာဘာလဲ။ ရောဂါ တစ်မျိုးလား၊ ကင်ဆာဆိုတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းက မဟုတ်ပဲ ပြင်ပက ဆဲလ်တစ်ခုခုဟာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းမှာ တွယ်ငြိပြီး အထိန်းအချူပ်မရှိတဲ့ တိုးပွားလာတဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေ တွယ်ငြိရာ ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ်ကို မူတည်ပြီး ကင်ဆာဟာ အမျိုးမျိုး ရှိပါတယ်။ ကင်ဆာဆဲလ်တွေဟာ ကိုယ်တွင်းကဆဲလ်တွေမဟုတ်ပဲ ထိန်းချူပ်လို့ မရတာကြောင့် […]