ကျောနာ ၊ ခါးနာ ခြင်းဆိုင်ရာသိစရာများ
ကျောနာ ၊ ခါးနာခြင်းဟာ တော်တော်များများမှာ အဖြစ်များကြတဲ့ ဝေဒနာတွေပါ။ ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ နာဖူးကြပါလိမ့်မယ်။ ဒီလို ကျော ၊ ခါး နာခြင်းကြောင့် နေရထိုင်ရတာ သက်တောင့်သက်သာမဖြစ်သလို တစ်ခါတစ်ရံ အလွန်အမင်းနာကျင်ကိုက်ခဲခြင်း ၊ ကောင်းကောင်းမွန်မွန် မလှုပ်ရှားနိုင်ခြင်း ၊ အချို့ကိစ္စတွေမှာဆိုရင် အိပ်ယာပေါ်ကနေ မထနိုင်တဲ့အထိကို ပြင်းထန်တတ်ကြပါတယ်။ ဒီလိုအဖြစ်များကြတဲ့ ကျောနာ ၊ ခါးနာခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ဗဟုသုတကနေ ဝေမျှပေးသွားပါမယ်နော်။ ကျောနာ ၊ ခါးနာတတ်တဲ့ ပုံစံများ။ ကျွန်တော်တို့ နောက်ကျော နဲ့ ခါးဟာ အရိုးတွေ ၊ အဆစ်တွေ ၊ ကြွက်သားတွေ နဲ့ ဖွဲ့စည်းထားပါတယ်။ ကျောတွေ ၊ ခါးတွေ နာကျင်ကိုက်ခဲတဲ့အခါ အကြောင်းအရာ အမျိုးမျိုးအပေါ်မူတည်ပြီးတော့ […]
Toxic Person (သို့မဟုတ်) ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေကြသူများ
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အင်မတန်ကို စိတ်ရှုပ်စရာ ၊ စိတ်ညစ်ညူးစရာကောင်းတဲ့သူတွေကို မကြာခဏတွေ့ဖူးကြပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ညစ်ညူးစရာကောင်းပုံခြင်းက တူညီချင်မှ တူညီကြပေမယ့် သေချာကြည့်တဲ့အခါ သူတို့မှာ တူညီတဲ့ အကျင့်စရိုက်တွေ ၊ ပုံစံတွေ ရှိနေတာကို သတိထားမိ ပါလိမ့်မယ်။ ဒီလူတွေဟာ မိမိကိုယ်ကို သိသိရဲ့နဲ့ ဖြစ်စေ ၊ မသိလို့ပဲဖြစ်စေ အဆိပ်အတောက်ဖြစ်ပြီး ပတ်ဝန်းကျင်ကို အဆိပ်ခပ်မိနေကြသလို ဖြစ်နေတတ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ပတ်ဝန်းကျင်မှာ မြင်တွေ့ရနေကြ toxic person လို့ခေါ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ သူတွေရဲ့ အမူအကျင့်နဲ့ အကြောင်းအရာတွေကို ဝေမျှပေးသွားပါမယ်နော်။ သူတို့ဟာ တစ်ဖက်သူ တစ်ဖက်အရာတွေကို ထိန်းချုပ်လိုစိတ်ပြင်းထန်တယ်။ ကျွန်တော်တို့ဟာ အနည်းနဲ့အများတော့ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ၊ အရာတွေကို ကိုယ်လိုချင်တဲ့ပုံစံ ၊ ကိုယ်လိုအပ်တဲ့ […]