Bahuthuta Corner.com

အမျိုးသမီးတွေ သားအိမ်ရေလုံးတည်ခြင်း 

သားအိမ်ထဲမှာ ရေလုံးတည်တယ်ဆိုတာ အမျိုးသမီး ၁၀ ယောက်ရှိရင် ၈ ယောက်လောက်ကြုံတွေ့ရတဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအခြေအနေကြောင့် ဓာတ်မှန်ရိုက်ဖူးတဲ့သူ ၊ ဆေးစစ်ဖူးတဲ့သူတွေကတော့ သတိထားမိတတ်ကြပေမယ့် အများစုဟာ ရေလုံးတည်နေတာကိုတောင် သတိမထားမိတတ်ကြပါဘူး။ ဒီလိုရေလုံးတည်ခြင်းဟာလည်း များသောအားဖြင့် ထိခိုက်နာကျင်တာ ၊ ဘေးထွက်ဆိုးကျိုးရယ်လို့ မရှိတာကြောင့်လည်း သတိမထားမိတတ်ကြတာဖြစ်ပါလိမ့်မယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး အမျိုးသမီးတွေ အဖြစ်များကြတဲ့ သားအိမ်ထဲမှာ ရေလုံးတည်ခြင်းအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဝေမျှပေးသွားပါရစေ။  သားအိမ်ထဲမှာ ရေလုံးလေးများတည်ခြင်း  သားအိမ်ထဲမှာ ရေလုံးလေးတွေ ဖြစ်လာရခြင်းအကြောင်းအရာဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ များသောအားဖြင့် ဓမ္မတာလာတဲ့အချိန်မှာ တည်တာ ၊ ဟော်မုန်းမညီမျှတာ အစရှိတာတွေကြောင့် သားအိမ်ထဲမှာ ရေလုံးလေးတွေ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရဲ့ ဖွံဖြိုးမှုဟာလည်း သားအိမ်ထဲမှာ ရေလုံးတည်စေနိုင်ပါတယ်။ အဆိုပါရေလုံးထဲမှာ […]

ကိုယ့်ကိုဆွဲချနေသော အကျင့်များ (သို့) အောင်မြင်မှုလမ်းစပေါ်က အဟန့်အတားများ 

ကျွန်တော်တို့ရဲ့ နေ့တစ်ဓူဝအကျင့်စရိုက်တွေ စိတ်နေစိတ်ထားတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု များစွာရှိပါတယ်။ စည်းစနစ်တကျ နဲ့ ပုံမှန်တည်ဆောက်ပြီး လည်ပတ်နေတဲ့သူဟာ အနာဂတ်ဟာ တည်ငြိမ်မှုရှိသလို စည်းစနစ်မရှိပဲ ပရမ်းပတာ လှုပ်ရှားသွားလာနေရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ပန်းတိုင်ဟာ တည်ငြိမ်မှုမရှိပဲ အရလှမ်းနိုင်ဖို့ ခဲယဉ်းနေပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ နေ့တစ်ဓူဝ အကျင့်စရိုက်တွေ ၊ စိတ်နေစိတ်ထားတွေဟာ ကိုယ့်အနာဂတ်ရဲ့ အခြေခံအုတ်ချပ်တွေဖြစ်တာကြောင့် သေချာ ဂရုတစိုက်ပြုပြင်တည်ဆောက်ဖို့လိုပါတယ်နော်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ကျွန်တော်တို့ကို အောင်မြင်မှုတွေ ၊ အိမ်မက်တွေ ၊ ပန်းတိုင်တွေနဲ့ အလှမ်းဝေးစေမယ့် အကျင့်စရိုက်တွေ အကြောင်းကို ဝေမျှပေးသွားပါမယ်။  စိတ်အလိုလိုက်တာ (သို့မဟုတ်) ကိုယ့်ဘာသာစောင့်ထိန်းနိုင်စွမ်းမရှိတာ…  ကျွန်တော်တို့ စိတ်ရော ခန္ဓာကိုယ်ရောဟာ သက်တောင့်သက်သာဖြစ်မှုကို အင်မတန် နှစ်ခြိုက်ပါတယ်။ သက်တောင့်သက်သာနေချင်တယ်။ အေးအေးလူလူနေချင်ကြတယ်။ ဒါတွေဟာ သဘာဝပဲ […]