ရိုးရှင်းပေမယ့် အစွမ်းထက်တဲ့ ဓာတ်ဆား( သို့ ) Oral Rehydration Salts
တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့အရာတွေရဲ့ အရေးပါမှုကို ကျွန်တော်တို့က သတိမပြုမိတတ်ကြပါဘူး။ အချို့အရာတွေဟာ သေးငယ်ပေမယ့် တကယ်တမ်းအရေးကြုံလာတဲ့အခါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပြီးတော့ စွမ်းဆောင်နိုင်တဲ့ အရာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ သိထားကြတဲ့ ဓာတ်ဆားရည်ဆိုတာဟာလည်း အဆိုပါ အရာတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ဓာတ်ဆားရည်ဟာ ဘယ်လိုမျိုးအရေးကြီးတဲ့ အခန်းကဏ္ဍတွေရှိသလဲ ၊ ဘယ်လိုမျိုးစွမ်းဆောင်ရည်တွေ ရှိသလဲဆိုတာကို အားလုံးအတွက် အတူတကွမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ဓာတ်ဆား (သို့) Rehydration Salts ကျွန်တော်တို့ အလွယ်ခေါ်ကြတဲ့ ဓာတ်ဆားရည်ဟာ Oral Rehydration Salts လို့ ခေါ်တွင်ပါတယ်။ ဓာတ်ဆားရည်ဟာ ခန္ဓာကိုယ်ရေဓာတ်တွေ ကုန်ခမ်းသွားတဲ့အခါ သောက်သုံးရတဲ့ အရာတစ်ခုဖြစ်ပြီး ဘယ်နေရာမှာမဆို အလွယ်တကူ ဈေးသက်သက်သာသာရဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ဓာတ်ဆားဟာ ဈေးနည်း ၊ သောက်သုံးရလွယ်ကူပြီး […]
မတူညီတဲ့ အတွေးအခေါ်တွေကို လက်ခံသင့်ရဲ့လား ?
ကျွန်တော်တို့ဟာ ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျောက်လုံး အတွေးအခေါ်နဲ့ အယူအဆတွေဟာ အမျိုးမျိုးပြောင်းလဲနေကြပါတယ်။ ငယ်ရွယ်စဉ်က တွေးခေါ်ခဲ့တဲ့ အတွေးအခေါ်နဲ့ အယူအဆတွေဟာ ကိုယ်ကြီးပြင်းရင့်ကျက်လာတဲ့အခါမှာ တစ်မျိုးတစ်ဖုံတွေပြောင်းလဲတတ်သွားပါတယ်။ ဒီလိုပြောင်းလဲလာတာဟာ ဆန့်ကျင်သွားတာမျိုးမဟုတ်ပဲ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေ ကိုယ်မြင်ရတဲ့ ရှု့ထောင့်တွေ ပြောင်းလဲသွားတာကြောင့် ပြောင်းလဲသွားတာမျိုးပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်မမြင်တွေ့ရတဲ့ ရှု့ထောင့်တစ်ခုကြောင့် ကိုယ်တစ်သက်လုံးစွဲထင်ခဲ့တဲ့ အမြင်တွေဟာလည်း အလုံးစုံ ပြောင်းလဲသွားတတ်ကြပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး မတူညီတဲ့ အတွေးအခေါ်အပြောင်းအလဲအယူအဆတွေကို ဘာကြောင့် လက်ခံသင့်သလဲဆိုတာကို ဝေမျှပေးသွားပါတယ်။ ပိုမိုမြင့်မားလာတဲ့ အတွေးအခေါ်ပြောင်းလဲခြင်းဟာ ရင့်ကျက်ခြင်းကို ဆောင်ယူပါတယ်။ ကျွန်တော်တို့ ကလေးဘဝကအသိအမြင်နဲ့ အတွေးအခေါ်ထက် ကြီးပြင်းလာတဲ့ အသိအမြင်အတွေးအခေါ်တွေဟာ များစွာကွာခြားမှုရှိပါတယ်။ ငယ်ရွယ်စဉ်က ရခဲ့တဲ့ အချက်အလက်တွေဟာ အရမ်းကို ကျဉ်းမြောင်းပါတယ်။ ဒါ့ကြောင့်မို့ကျွန်တော်တို့ ငယ်ရွယ်စဉ်မှာ တွေးခေါ်ခဲ့ကြတဲ့ အတွေးအခေါ် ၊ အထင်အမြင် […]