Bahuthuta Corner.com

အဆိပ်ခတ်နေတဲ့ အကောင်းမြင်စိတ်များ 

လူတွေက အကောင်းမြင်ခြင်းကိုကောင်းမွန်တဲ့ အရာတစ်ခုလို့ သတ်မှတ်ကြတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာကောင်းတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူဟာ ဘယ်နေရာမှာမဆို နေပျော်တယ်ဆိုပြီး တွေးထင်တတ်ကြပါတယ်။ ဒါတွေဟာ တကယ်ကော မှန်ရဲ့လား။ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းမြင်တာဟာ တကယ်ကော ပျော်ရွှင်စေရရဲ့လား။ အဆင်ပြေစေရဲ့လားဆိုတာဟာ မေးခွန်ထုတ်စရာတစ်ခုဖြစ်လာပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး လူတွေကို အဆိတ်ခပ်နေတဲ့ အကောင်းမြင်စိတ်အကြောင်းကို ဝေမျှပေးချင်ပါတယ်။  အဆိပ်ဖြစ်စေတဲ့ အကောင်းမြင်စိတ်လက္ခဏာများ  အကောင်းမြင်စိတ်ရှိတယ်ဆိုတာနဲ့ မကောင်းတဲ့ အရာတွေကို ဘာမှလက်မခံတော့ပဲ ငြင်းပယ်ပစ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ချို့အခြေအနေတွေမှာ စိတ်ပင်ပန်းရတဲ့အခါ မကောင်းတာတွေ ကြုံရမယ်။ စိတ်ပင်ပန်းတယ်။ စိတ်ဖိဆီးတယ်။ အနားယူဖို့လိုအပ်လာတဲ့အခါတွေမှာ အရာရာကို အကောင်းအတိုင်းလက်ခံရမယ်ဆိုပြီး အတင်းအကျပ်ဖိအားပေးတာဟာ အလုပ်မဖြစ်ပါဘူး။ ကျွန်တော်တို့ စိတ်တွေဟာ မြင်ရတဲ့အရာတွေမဟုတ်တာကြောင့် အခြေအနေအရဖြစ်ပေါ်လာတဲ့ စိတ်ကို အတင်းအကျပ်ဖိအားပေးနေတာတွေဟာ စိတ်ကော လူကောပိုမိုပြီး ပင်ပန်းစေပါတယ်။ ရလာတဲ့ ရလဒ်ကလည်း စစ်မှန်မှုမရှိပဲ […]

ဖယ်ထုတ်ပစ်နိုင်တဲ့ ကိုယ်တွင်းအစိတ်အပိုင်းများ 

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ ကိုယ်စီထမ်းဆောင်ရတဲ့ အခန်းကဏ္ဍတွေ ရှိကြပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ အရေးကြီးတယ်ဆိုပေမယ့် တစ်ချို့သော အစိတ်အပိုင်းတွေကို ကျန်းမာရေးလိုအပ်ချက်အရဖြစ်စေ ခန္ဓာကိုယ်ကနေဖယ်ထုတ်ပစ်လို့ရပါတယ်။ ဒီလိုဖယ်ထုတ်ခြင်းဟာ အသက်ဆက်ရှင်နိုင်တယ်ဆိုပေမယ့် နဂိုမူလခန္ဓာကိုယ်အတိုင်း ပြည့်ပြည့်ဝဝမဟုတ်တော့တာကြောင့် ပိုမိုဂရုစိုက်ပြီးတော့ သတိပြုရပါလိမ့်မယ်။ ဒီကနေ့မှာတော့ ခန္ဓာကိုယ်ကနေ ဖယ်ထုတ်နိုင်တဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ အကြောင်းကို ဝေမျှပေးသွားပါမယ်။  Appendix – Appendix လို့ ခေါ်ဆိုတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလေးက ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လုံဆောင်ချက်တွေ မပေးနိုင်တဲ့ အစိတ်အပိုင်းကလေးတစ်ခုပဲဖြစ်ပါတယ်။ သူက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းနားလေးမှာ တည်ရှိပြီးတော့ ကိုယ့်ခန္ဓာအသက်ရှင်ရပ်တည်ရေးအတွက် အထောက်အကူပြုတဲ့ အစိတ်အပိုင်းတွေထဲမှာမပါဝင်ပါဘူး။ ဒါ့ကြောင့်မို့ သူ့ကို ဖယ်ထုတ်လိုက်ခြင်းဟာ ကိုယ်ခန္ဓာအတွက် သိသာတဲ့ သက်ရောက်မှုတွေ မရှိနိုင်ပါဘူး။  Kidney – Kidney ခေါ် […]