Bahuthuta Corner.com

ဟော်မုန်းတွေရဲ့ အလုပ်လုပ်ပုံ

ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ကိုယ်စီတာဝန်ယူရတဲ့အပိုင်းကဏ္ဍတွေ ရှိကြပါတယ်။ ဟော်မုန်းတွေဟာဆိုရင်လည်း ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်သာ မက စိတ်ပိုင်းဆိုင်ရာတွေအတွက်ပါ သက်ရောက်တဲ့ စွမ်းဆောင်မှုတွေရှိပါတယ်။ များသောအားဖြင့် ဟော်မုန်းတွေက ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပြီး ခန္ဓာကိုယ်မှာ လည့်ပတ်သွားလာနေပြီး လိုအပ်တဲ့ လုပ်ဆောင်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေရဲ့ လုပ်ဆောင်ပုံ အခန်းကဏ္ဍတွေကို ဖော်ပြပေးသွားပါမယ်။  ဟော်မုန်းတွေ ထုတ်လုပ်ပုံ – ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ထဲကနေ ထုတ်လွှတ်တဲ့နေရာ တစ်ခုနဲ့ တစ်ခုမတူညီကြပါဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အမျိုးမျိုးသော အကျိတ်ကလေးတွေကနေပြီး မတူညီတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ကြပါတယ်။ ဟော်မုန်းတွေ သွားလာလှုပ်ရှားပုံ – အကျိတ်လေးတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းလေးတွေဟာ အာရုံကြောတွေ ၊ သွေးကြောတွေကနေ တစ်ဆင့် ခန္ဓာကိုယ်ထဲကို […]