Bahuthuta Corner.com

အာရှတိုက်ရဲ့ လည်ပတ်မှုအများဆုံး မြို့တော်များ

ကမ္ဘာပေါ်မှာ ဒေသရှုခင်းတွေရှိတဲ့ နေရာတွေတင်မဟုတ်ပဲ လူဦးရေထူထပ်ပြီး စဉ်ဆက်မပြတ် သွားလာလှုပ်ရှားနေတဲ့ မြို့တွေ ၊ ဒေသတွေကိုလည်း လည်ပတ်ကြပါတယ်။ တစ်ချို့သူတွေဟာ ဒေသရှုခင်းတွေ ကိုကြည့်မယ် အပန်းဖြေကြမယ်ဆိုတာထက် ကိုယ့်နိုင်ငံနဲ့ နေထိုင်မှုပုံစံနဲ့ မတူညီတဲ့ မြို့ပြတွေ ၊ မြို့ပြစည်ကားမှုတွေ ၊ အစားအသောက်တွေကို စိတ်ဝင်စားကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ အာရှတိုက်မှာရှိတဲ့ လည်ပတ်မှုလူဦးရေအများဆုံးလို့ သတ်မှတ်ထားကြတဲ့ မြို့ကြီးတွေရဲ့ ထူးခြားချက်တွေ ၊ ခန့်မှန်းကုန်ကျစရိတ်ကျနိုင်ချေတို့ကို ဝေမျှပေးသွားပါတယ်။ 

၁။ ဟောင်ကောင် 

ဟောင်ကောင်မြို့ဟာ ၁၁၁၄ ကီလိုမီတာသာ ကျယ်ဝန်းပြီးတော့ လူဦးရေ ၇.၄၁၃ သန်း နေထိုင်တဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ တရုတ်ဘာသာစကား ၊ အင်္ဂလိပ် ၊ မန်းဒရင်း ဘာသာစကားတို့ကို အဓိက အသုံးပြုတဲ့ နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အထူးအုပ်ချူပ်ခွင့်ရတဲ့ နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဟောင်ကောင်မြို့ကို လည်ပတ်တဲ့ လူဦးရေဟာ နှစ်စဉ် ခန့်မှန်းချေ ၂၅ သန်းဝန်းကျင်ခန့်ရှိပြီးတော့ သူတို့ရဲ့ ဒေသတွင်းဆိုင်ရာကြောင့် လည်ပတ်သူတွေအဓိက များပြားပါတယ်။ ဟောင်ကောင်မြို့ဟာ ခေတ်မှီအနောက်တိုင်း လူနေမှု့ပုံစံ ရယ် ရှေးဟောင်း တရုတ်လူနေမှု ပုံစံ တို့ ရောစပ်နေပြီးတော့ ကန်တွန်နိစ် ဘာသာစကားကို ၉၀% ကျော်ခန့် နေ့စဉ် ပြောဆိုဆက်ဆံကြပါတယ်။ ကျွန်တော်တို့ အခု လက်ရှိကမ္ဘာပေါ်မှာ စားသောက်နေကြတဲ့ ဒင်ဆမ်းဟာ ဟောင်ကောင်ကနေ တစ်ဆင့် ဆင်းသက်လာတယ်လို့လည်း ပြောတတ်ကြပါတယ်။ ဟောင်ကောင်မှာ မိုးမျှော်တိုက်တွေအများဆုံး ရှိပြီးတော့ အမြင့်ဆုံးဟာ အထပ်ပေါင်း ၁၂၀ အထိရှိပါတယ်။ ဇိမ်ခံဟော်တည်တွေ ၊ စားသောက်ဆိုင်တွေကနေပြီးတော့ ဈေးသက်သာတဲ့ စားသောက်ဆိုင်တွေ အထိ အများအပြားရှိပါတယ်။ အကယ်၍ ဟောင်ကောင်ကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ လူတစ်ဦးကို တစ်ပတ်စာ ဒေါ်လာ ၁၅၀၀ ဝန်းကျင်ကျသင့်နိုင်ပြီးတော့ ၂ဦး အတွက်ဆိုရင် ဒေါ်လာ ၂၇၀၀ ၊ မိသားစု ၄ ဦးဆိုရင် ဒေါ်လာ ၅၀၀၀ ဝန်းကျင်ခန့်ကျသင့်နိုင်ပါတယ်။ 

၂။ ဘန်ကောက် 

ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့တော်ဟာ ကျွန်တော်တို့ အာရှတိုက်ရဲ့ ခရီးသွားလည်ပတ်မှု အကြောင်းပြောတဲ့ အခါမပါမဖြစ်တဲ့ နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ၁၅၆၉ ကီလိုမီတာကျယ်ပြန့်ပြီး လူဦးရေ ၁၀ သန်းနီးပါး နေထိုင်ကြပါတယ်။ ထိုင်းဘာသာ စကားကိုအဓိက အသုံးပြုတဲ့ နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံ ရဲ့ မြို့တော်ပဲဖြစ်ပါတယ်။ နှစ်စဉ်လူဦးရေ ၂၃ သန်းခန့် ဝင်ရောက်လည်ပတ်ပြီး အဓိက ညဈေးတွေ ၊ မုန့်ဆိုင်တွေ ကြောင့် ကမ္ဘာမှာ ထင်ရှားပါတယ်။ ဒါ့တွေအပြင် ရှေးဟောင်း စေတီတွေ ၊ ဘုန်းကြီးကျောင်းတွေလည်း ရှိပြီး မြို့လည်မှာ လှေနဲ့ ရောင်းချတဲ့ မုန့်ဆိုင်တွေ ၊ ဈေးတွေဟာလည်း ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် အလွန်ကြီးမားတဲ့ ဈေးဝယ်စင်တာကြီးတွေရှိပြီး ကိုယ်လိုချင်တာကို စိတ်ကြိုက် မွှေနှောက်ရှာဖွေနိုင်တဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ မကြာသေးခင်ကမှ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုခဲ့တာဟာလည်း လည်ပတ်သူတွေကို ပိုမိုများပြားလာစေမယ့် ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ပြင် အာရှတိုက်မှာသာမက ကမ္ဘာမှာကျော်ကြားတဲ့ အဆိုတော်တွေ ၊ တေးဂီတအဖွဲ့တွေ ဟာလည်း ဘန်ကောက်မြို့မှာ မကြာခဏ ဖျော်ဖြေပွဲတွေလုပ်ကြတာကြောင့် ဘန်ကောက်မြို့ဟာ အမြဲတမ်း ၁၂ လ ရာသီနီးပါး လူဦးရေ မပြတ်လတ်ပဲ စည်ကားပါတယ်။ အကယ်၍ လည်ပတ်မယ်ဆိုရင် တစ်ပတ်အတွက်လူတစ်ဦးစာကို ဒေါ်လာ ၅၀၀ ဝန်းကျင်ခန့် ကုန်ကျနိုင်ပြီးတော့ လူ ၂ ဦးဆိုရင် ဒေါ်လာ ၉၀၀ ဝန်းကျင်ခန့် ကျသင့်နိုင်ပါတယ်။ မိသားစု ၄ ဦးစာဆိုရင် ဒေါ်လာ ၁၈၀၀ ဝန်းကျင်ခန့် ကျသင့်နိုင်ပါတယ်။ 

၃။ စင်္ကာပူ

စင်္ကာပူနိုင်ငံဟာလည်း ကျွန်းနိုင်ငံ တစ်ခုဖြစ်ပြီး ၇၃၃ ကီလိုမီတာခန့်သာကျယ်ဝန်းပါတယ်။ လူဦးရေ ၅ သန်းကျော်နေထိုင်ပြီးတော့ မလေးရှား ၊ မန်းဒရင်း ၊ အင်္ဂလိပ် ၊ တမီးလ် ၊ နဲ့ စင်္ကာပူ မန်းဒရင်း ဘာသာစကားတို့ကို အဓိက ပြောဆိုကြပါတယ်။ လည်ပတ်သူဟာ နှစ်စဉ် ၁၇ သန်းကျော်ရှိပြီး ဥရောပနိုင်ငံ ၊ တရုတ်နိုင်ငံ ၊ အိန္ဒိယ နိုင်ငံတို့သာမက ကမ္ဘာ့နေရာအနှံ့အပြားကနေ လာရောက်လည်ပတ်ကြပါတယ်။ စင်္ကာပူနိုင်ငံဟာ အလွန်အမင်း သန့်ရှင်းခြင်း ၊ ကမ္ဘာ့အဆင့်မှီစားသောက်ဆိုင်များရှိခြင်းတွေကြောင့် သာမက ငွေကြေးစီမံခန့်ခွဲမှု ၊ ကျန်းမာရေး စောင့်ရှောက်မှု ၊ နည်းပညာတိုးတက်မှုတွေကြောင့် အထူးထင်ရှားပါတယ်။ ကျွန်းနိုင်ငံ ဖြစ်တာကြောင့် ပတ်ပတ်လည်မှာ ပင်လယ်ဝန်းရံ့နေသလို ပင်လယ်နဲ့ ဆက်စပ်နေတဲ့ နေရာဒေသရှု့ခင်းတွေ အလွန်ပေါများတဲ့ နေရာဖြစ်ပြီး အစားအသောက်နဲ့ ပတ်သတ်ရင်လည်း စင်္ကာပူစတိုင်လို့ ဆိုလို့ရမယ့် ထူးခြားတဲ့ အသွင်အပြင်နဲ့ အစားအသောက်တွေ မြည်းစမ်းဖို့ အခွင့်အရေးတွေ အများကြီးရှိတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ တစ်ပတ်လျှင် လူတစ်ဦးကို ဒေါ်လာ ၁၇၀၀ ကျသင့်နိုင်ပြီး လူ ၂ ဦးဆိုလျှင် ဒေါ်လာ ၃၀၀၀ ဝန်းကျင် နဲ့ မိသားစု ၄ ဦးစာဆိုရင်တော့ ဒေါ်လာ ၅၀၀၀ ဝန်းကျင်ခန့်ကျသင့်နိုင်ပါတယ်။ 

၄။ ဒူဘိုင်း

ဒူဘိုင်းဟာ အာရပ်စော်ဘွားပြည်ထောင်စုထဲမှာရှိတဲ့ မြို့တစ်မြို့ပဲဖြစ်ပြီး ၃၅ ကီလိုမီတာပဲ ကျယ်ဝန်းပါတယ်။ လူဦးရေ ၃.၃ သန်းကျော်နေထိုင်ပြီး နှစ်စဉ် ခန့်မှန်းလူဦးရေ ၁၆ သန်းလည်ပတ်ကြတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒူဘိုင်းမှာ ထူခြားတဲ့ နေထိုင်မှုပုံစံတွေသာမက ၊ သဲတွေ ၊ ပင်လယ်ကမ်းခြေတွေ ရှိတာကြောင့် အမြဲတမ်း လည်ပတ်သူတွေ မပြတ်လတ်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင်ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ ဘာ့ဂျ်ကလီဖာတာဝါဟာ ဒူဘိုင်းမှာ ရှိတာဖြစ်ပြီး ၂၇၁၆ ပေမြင့်မားပါတယ်။ တာဝါထိပ်ကို အောက်ခြေကနေ မြင်ရလောက်တဲ့ အထိကို မြင့်မားပါတယ်။ ဒူဘိုင်းလို လာရောက်လည်ပတ်ကြတဲ့သူတွေဟာ ကန္တာရထဲမှာ ကုလားအုတ်စီးခြင်း ၊ သဲလွှာလျောစီးခြင်း ၊ ဆိုင်ကယ်မောင်းနှင်ခြင်းတို့ကို ပြုလုပ်နိုင်သလို  ကမ္ဘာ့အဆင့်မှီ စားသောက်ဆိုင်တွေ ၊ ဟိုတည်တွေဟာလည်း ဒူဘိုင်းကို အထူးဆွဲဆောင်မှုရှိစေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒူဘိုင်းကို သွားရောက်လည်ပတ်မယ်ဆိုရင် လူတစ်ဦးကို တစ်ပတ်စာ ဒေါ်လာ ၁၅၀၀ ဝန်းကျင်ခန့်ကျသင့်နိုင်ပြီး လူနှစ်ဦးဆိုလျှင် ဒေါ်လာ ၂၇၀၀ ဝန်းကျင်ခန့်ကျသင့်နိုင်ပါတယ်။ မိသားစု ၄ ဦးစာဆိုရင်တော့ ဒေါ်လာ ၅၀၀၀ ဝန်းကျင်ခန့်ကျသင့်နိုင်ပါတယ်။

ဒီကနေ့မှာတော့ ကျွန်တော်တို့ အာရှတိုက်ထဲမှာ ရှိတဲ့ လည်ပတ်မှု လူဦးရေး အများဆုံးလို့ သတ်မှတ်လို့ရနို်င်တဲ့ မြို့ကြီးတွေကို ဖော်ပြပေးသွားပါတယ်။ ဒီမြို့ကြီးတွေဟာ မတူညီတဲ့ ကိုယ်ပိုင်ထူးခြားမှု အသွင်အပြင်တွေရှိကြတဲ့အပြင် သွားရလာရ လွယ်ကူတာမို့လို့ ၁၂ ရာသီလုံးနီးပါး အလည်အပတ် အဝင်အထွက်က အမြဲတမ်းရှိနေပါတယ်။ ကုန်ကျနိုင်တဲ့ စရိတ်တွေက ခန့်မှန်းကုန်ကျစရိတ်ဖြစ်တာမို့ ကိုယ်သွားရောက်လည်ပတ်တဲ့နေရာ ၊ တည်းခိုစရိတ် ၊ စားသောက်မှုအပေါ်ကို မူတည်ပြီးတော့ ကွာခြားချက်တွေရှိနိုင်ပါတယ်။ နောက်အပတ်တွေမှာလည်း ဗဟုသုတကနေ အခုလိုမျိုး ဒေသအကြောင်းတွေ အပြင် အခြားဆက်စပ်နေတာလေးတွေပါ ဝေမျှပေးသွားမှာမို့ ဆက်လက်ဖတ်ရှု့ဖို့ တိုက်တွန်းရင်းနဲ့ပဲ ဒီနေ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

-Bahuthuta Corner

Share:

More Posts

Send Us A Message