Bahuthuta Corner.com

ရွေးခြယ်စရာများတဲ့ နေထိုင်မှုဘဝပုံစံများ 

ကိုယ်ဟာ တစ်နေ့နေ့မှာ ဘာဖြစ်ရမယ်ဆိုတဲ့ အတွေးတွေရှိပါသလား။ ဒါမှမဟုတ် ကိုယ်ဟာ အနားယူတော့မယ့်အချိန်မှာ ဘယ်လို ဘဝလေးတစ်ခုမှာပဲ ဖြတ်သန်းတော့မယ်ဆိုပြီး တော့ စိတ်ကူးထားတာရှိပါသလား။ ဒါမှမဟုတ် ကိုယ်ဖြတ်သန်းချင်တဲ့ ဘဝနေထိုင်မှုပုံစံတွေကိုကော သိထားပြီးပြီလား။ မသိသေးတဲ့ သူတွေရှိရင် ဒီနေ့မှာတော့ ဗဟုသုတကနေပြီး ရွေးခြယ်မှုများတဲ့ နေထိုင်မှုဘဝပုံစံတွေအကြောင်းကို ဝေမျှပေးသွားပါမယ်နော်။ 

 Active Lifestyle 

Extrovert လေးတွေအတွက် အဆင်ပြေနိုင်တဲ့ နေထိုင်မှု့ဘဝပုံစံတစ်မျိုးပါပဲ။ အမြဲတမ်း ခွန်အားတွေ ၊ စွမ်းအင်တွေ အပြည့်ရှိနေမယ်။ အမြဲတမ်း လှုပ်ရှားမှုတွေရှိနေမယ်။ အမြဲတမ်း ပတ်ဝန်းကျင်တဲ့ထိတွေ့ဆက်ဆံ မှုတွေရှိတယ်။ ဘယ်နေရာ ဘယ်ပတ်ဝန်းကျင်မှာမဆို ကိုယ်ဟာအများနဲ့ ပေါင်းသင်းဆက်ဆံနိုင်ပြီး ကိုယ်စိတ်ဝင်စားတဲ့ ကိစ္စတွေကို အမြဲတမ်း အားတက်သရော်လုပ်နိုင်ပါတယ်။ ကိုယ့်မှာ ခွန်အားရှိနေသ၍ ကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက အမြဲတမ်း အားအင်တွေနဲ့ အများအမြင်မှာ ကိုယ်ဟာ တက်ကြွသူတစ်ဦးဖြစ်စေမှာပါ. 

 Solo Life Style 

ကိုယ်ဟာ တစ်ယောက်တည်းသော နေထိုင်ရတာကို ကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေနိုင်ဆုံး ပုံစံတစ်ခုပါ။ လူတွေနဲ့ ထိတွေ့ဆက်ဆံရတာမကြိုက်ဘူး။ တစ်ယောက်တည်းပဲ နေတတ်တယ်။ တစ်ယောက်တည်းပဲ အလုပ် လုပ်တတ်တယ်ဆိုတဲ့သူတွေအတွက် ဒီနေထိုင်မှုပုံစံက အသင့်တော်ဆုံးပါပဲ။ ကိုယ့်ကို ဘယ်သူကမှလည်း ထိန်းချူပ်မနေသလို ကိုယ်ကလည်း ဘယ်သူ့ကိုမှအားနာနေဖို့ မလိုတာဟာ ဒီလိုလူတွေအတွက် အကောင်းဆုံး ဆုလာဘ်တစ်ခုပါပဲ။ 

Healthy Life Style 

နာမည်အတိုင်းပဲ စိတ်ကော ၊ လူပါ ကျန်းမာစေတဲ့ နေထိုင်မှုပုံစံတစ်မျိုးပါ။ ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ မလိုလားအပ်တဲ့ အညစ်အကြေးတွေကို မယူပဲ ကိုယ်ကလည်း မပေးနိုင်အောင် နေမယ်။ ကျန်းမာတဲ့ အစားအစာတွေကို ချင့်ချိန်စားမယ်။ ကိုယ်လက်လှုပ်ရှားမှုအတွက် ပုံမှန်အချိန်ပေးမယ်။ ကျန်းမာတဲ့ လူနေမှုပုံစံ ဆိုတဲ့အတိုင်းပဲ ကိုယ်တင်မကပဲ ကိုယ်နဲ့ ထိတွေ့ရတဲ့သူတွေကိုပါ ကောင်းမွန်တဲ့ စွမ်းအင်တွေပေးမယ်။ ဒါဟာ ကျန်းမာတဲ့ လူနေမှုဘဝပုံစံကို ကြိုက်နှစ်သက်တဲ့သူတွေ ရွေးခြယ်သင့်တဲ့ ပုံစံတစ်ခုပါပဲ။ 

Digital Life Style 

အခုလိုခေတ်ကြီးမှာ နည်းပညာတွေနဲ့ကင်းကွာလို့မရတာအားလုံး အသိပါပဲ။ ဒီကြားထဲ ကိုယ်ဟာ လူသိများတဲ့သူတစ်ယောက်ဆိုရင် Social Media ကြီးက ကိုယ့်အတွက်ကို ငွေရှာပေးဦးမှာပါ။ ဒါ့အပြင် ကိုယ်ဟာ နည်းပညာပိုင်းဆိုင်ရာ နှံ့စပ်တဲ့သူတစ်ယောက်ဆိုရင် နည်းပညာတွေကို ဘယ်လိုအသုံးချနိုင်မလဲဆိုတာကိုပါ ပိုပြီး နှံ့နှံ့စပ်စပ်သိလာနိုင်ပါဦးမယ်။ ဒါ့အပြင် အပြင်တွေ တကူးတကထွက်စရာမလိုပဲ သင်ယူလေ့လာစရာတွေရှိတယ် ၊ လူတွေအများကြီးနဲ့ ထိတွေ့ဆက်ဆံလို့ရတယ် ၊ နည်းပညာကနေ အခွင့်အလမ်းတွေ အများကြီးရနိုင်တယ်။ ဒါ့ကြောင့်မို့ကိုယ်ဟာ နည်းပညာတွေနဲ့ ပတ်သတ်ပြီးတော့ စိတ်ဝင်စားတယ် ၊ အတူနေထိုင်ချင်တယ်ဆိုရင်တော့ ဒီလူနေမှုပုံစံက သင့်အတွက် ဖြစ်ပါလိမ့်မယ်။ 

Minimalist Life Style 

အခုနောက်ပိုင်းမှာ ကြားနေရတဲ့ ခေတ်စားလာတဲ့ လူနေမှုပုံစံတစ်ခုပါပဲ။ လောဘတွေ ၊ လိုအင်တွေ နည်းပါးပြီးတော့ စိတ်အေးလက်အေးနဲ့ အပူအပင်ကင်းကင်းနေချင်တဲ့ ဒီ နေထိုင်မှုပုံစံက အသင့်တော်ဆုံးဖြစ်မှာပါ။ ကိုယ်လိုချင်တဲ့အရာတစ်ခုကိုပဲ အာရုံထားမယ်။ မလိုလားအပ်တာတွေကို အစွဲအလမ်းမထားသလို အာရုံမထားဘူး။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ လိုဘတွေကြောင့် စိတ်ဖိဆီးတာ ၊ ပင်ပန်းတာတွေဖြစ်တတ်တာမျိုးတွေ ဖြစ်မလာစေဖို့အတွက် အတတ်နိုင်ဆုံးချုံ့ပြီးတော့ နေထိုင်မယ်။ ဘဝကြီးကို အတတ်နိုင်ဆုံး အာရုံ နဲ့ အပူအပင်မများပဲ နေထိုင်နေဖို့အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။ 

ကိုယ်နဲ့ အဆင်ပြေတဲ့ နေထိုင်မှု ဘဝပုံစံမှာ နေထိုင်နိုင်တာ အကောင်းဆုံးပါပဲ။ မတူညီတဲ့ ဘဝနေထိုင်မှု တစ်ခုမှာ နေထိုင်ရတဲ့အခါ ခွန်အားတွေ ပိုမို ကုန်ခမ်းပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ်ဟာ ကိုယ်နေထိုင်ချင်တဲ့ ပုံစံတစ်ခုကို သေချာစဉ်းစားပြီး ငါဘယ်လိုနေထိုင်တာ ပိုအသင့်တော်ဆုံးဖြစ်မလဲဆိုတာကို မှန်ကန်စွာရွေးခြယ်နိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

-Bahuthuta Corner

Share:

More Posts

Send Us A Message