Bahuthuta Corner.com

မှန်ကန်ပြီး တိကျတဲ့ ဝိတ်ချနည်းများ 

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မလိုချင်တဲ့ ၊ မလိုအပ်တဲ့ အဆီပိုတွေ အများကြီးရှိပါတယ်။ အထိုင်များတဲ့သူတွေ ၊ လှုပ်ရှားမှု နည်းတဲ့သူတွေ ၊ အဆီအစိမ့်တွေ အများအပြားစားတဲ့သူတွေဆိုရင် မလိုအပ်တဲ့ အဆီပိုတွေအပြင် ခန္ဓာကိုယ်ဟာ အလွန်အမင်း အဝလွန်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဆီပိုတွေ အလွန်အမင်းများပြားခြင်းဟာ ခန္ဓာကိုယ်တွေ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ဒီနေ့မှာတော့ ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားပစ်တဲ့အခါမှာ အထင်မှားနေကြတဲ့ အကြောင်းအရာတွေ နဲ့ ဘယ်အရာတွေဟာ တကယ်တမ်း ပိုအကျိုးရှိသလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။ 

၁။ ကိုယ်လိုချင်တဲ့ နေရာတွေကိုသာ အဆီချခြင်း။ 

ကျွန်တော်တို့လူမှုကွန်ရက်တွေ ၊ တခြားသူတွေ ပြောဖူးတာကြားဖူးကြသလို လိုက်လည်း လုပ်ဖူးကြမှာပါ။ ဗိုက်ပူတဲ့အခါ အိပ်ထ မတင်လုပ်တာမျိုး အစရှိတာတွေက နားထောင်တဲ့အခါမှာ တကယ်တမ်း ဗိုက်က အဆီတွေ ကျသယောင်ယောင်ထင်ရပေမယ့် ဒီနည်းလမ်းက တကယ်တမ်းအလုပ်မဖြစ်ပါဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေကို နေရာရွေးပြီး ချလို့မရပါဘူး။ ဆိုလိုတာက ကျွန်တော်တို့ ဟာ ဗိုက်ကို အဆီချချင်ရင် တစ်ကိုယ်လုံးကို အဆီချနိုင်မှ ဗိုက်မှာရှိတဲ့ အဆီတွေက ကျသွားမှာပါ။ ခန္ဓာကိုယ်မှာ အဆီပိုတွေ အရင်ဆုံး စုတဲ့ နေရာက နောက်ဆုံးမှ အဆီချပ်ချပ်ရပ်ရပ်နဲ့ ကျမယ့်နေရာတွေပါ။ အကယ်၍ ကိုယ်ဝိတ်တက်တိုင်း ဗိုက်က အရင်ပူတယ်ဆိုရင်တော့ သေချာပါတယ် တစ်ကိုယ်လုံး အဆီတွေချပြီး နောက်ဆုံးကျမှ ဗိုက်မှာရှိတဲ့ အဆီတွေ ကျမှာပါ။ ဒါ့ကြောင့် လိုချင်တဲ့ နေရာတွေကို အဆီချလို့ရနိုင်တယ်ဆိုတဲ့ အချက်အလက်အမှားတွေကို မေ့ပစ်လိုက်ပြီး မလိုလားအပ်တဲ့ အဆီတွေကို ချချင်ရင် တစ်ကိုယ်လုံးအတွက် ခြုံပြီး စဉ်းစားရပါတယ်။ 

၂။ လေ့ကျင်ခန်းလုပ်ခြင်းဟာ အဆီတွေကျစေတယ်။ 

ဒီဟာက မှန်တယ် ဆိုလည်း ဟုတ်သလို ၊ မမှန်ဘူးလို့လည်း ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘယ်လိုမျိုးလေ့ကျင့်ခန်းတွေကို လုပ်သလဲ ဘယ်လိုမျိုးစားသောက်သလဲ ဆိုတာမှာမူတည်ပါတယ်။ ကျွန်တော်တို့ဟာ လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်ဟာ စွမ်းအင်တွေ အများအပြား သုံးရပါတယ်။ တစ်ရက်တာ စားသောက်တဲ့ အစာတွေမှာ ပါတဲ့ စွမ်းအင်တွေကို အရင်ယူသုံးရပြီး ဒီကနေရတဲ့ စွမ်းအင်တွေ ကုန်ဆုံးတဲ့အခါမှာတော့ သိုလှောင်ထားတဲ့ စွမ်းအင်တွေကို ယူသုံးပါတယ်။ ဒါတွေက တော့ ကျွန်တော်တို့ရဲ့ အဆီပိုတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ တစ်နေ့တာ စားသမျှရနိုင်တဲ့ စွမ်းအင်တွေထက် ပိုမို လုပ်တဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေမှာဖြစ်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားတွေကို ဖွံဖြိုးကျစ်လစ်လာစေမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်စားတဲ့ အဆီပမာဏတအားများလာတဲ့အခါ ခန္ဓာကိုယ်ဟာ ကြွက်သားတွေ ၊ အဆီတွေနဲ့ ရောထွေးနေပြီး ပွယောင်းယောင်း အကြီးကြီး ဖြစ်လာမှာကို သတိပြုရပါမယ်။ 

၃။ ဝိတ်ကျစေတဲ့ အစားအသောက်တွေကို စားမယ်။ 

အစားအသောက်မှန်သမျှ ကယ်လိုရီပါပါတယ်။ ကယ်လိုရီကျစေတဲ့ အစားအသောက်ရယ်လို့မရှိပါ။ ဒါ့ကြောင့်မို့ဘယ် အစားအသောက်စားရင် ဘယ်လိုဝိတ်ကျတယ်ဆိုတာဟာ မဖြစ်နိုင်တဲ့ အရာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ တစ်ချို့ရှိတာဟာ အစားအသောက်မှန်သမျှကယ်လိုရီ ပါတယ်ဆိုပေမယ့် ကယ်လိုရီတွေ ပါဝင်တဲ့ ပမာဏတွေက အနည်းအများ ကွာခြားမှုရှိပါတယ်။ ဆိုပါစို့ ကိုယ်ဟာ ကယ်လိုရီပမာဏများပြီး ပရိုတင်းတွေများတဲ့ အသားတွေ ၊ အသီးအရွက်တွေကို အစားများတဲ့အခါမှာ ကယ်လိုရီကနေဖြစ်လာတဲ့ အဆီတွေ နည်းပြီးတော့ ပရိုတင်းကနေရရှိတဲ့ အာဟာရတွေနဲ့ ခန္ဓာကိုယ်ဟာ အဆီနည်းပြီး အသားတွေနဲ့ ထွားထွားကြီးဖြစ်လာမှာပါ။ အကယ်၍ ကိုယ်ဟာ အဆီပိုတွေကိုပဲ ချချင်တာဆိုရင်တော့ ကယ်လိုရီနည်းပြီးတော့ ပရိုတင်းများတဲ့အစားအစာတွေ ၊ ဒါမှမဟုတ်ပဲ ကယ်လိုရီ နည်းနိုင်သမျှ နည်းအောင် စားသောက်တာကတော့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ 

နိဂုံးချူပ်ရရင်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာပိုနေတဲ့ အဆီပိုတွေကို ဖယ်ရှားပစ်ဖို့က ခက်ခဲတဲ့ နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အကယ်၍ ကိုယ်ကသာ ကျန်းမာရေးအခြေအနေအရကြောင့် ဆေးတွေ ကြောင့် အဆီပို ၊ အဝလွန်နေတာမျိုးမဟုတ်ရင် အစားအသောက် ၊ နေထိုင်မှု အနည်းငယ် ပြောင်းလိုက်ရုံနဲ့ အဆီပိုတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ အဆီအစိမ့်များတာတွေရှောင်ပြီး အဆီနည်းတဲ့ အစာတွေ ၊ ကယ်လိုရီနည်းတဲ့ အသားတွေ စားမယ် ၊ နေ့တိုင်း အချိန်တစ်ခုပေးပြီး လေ့ကျင့်ခန်းလုပ်မယ် ဆိုရင် ကိုယ့်ခန္ဓာကိုယ်ဟာ အဆီပိုတွေ နည်းပြီး ကျစ်ကျစ်လစ်လစ်ရှိနေမှာပါ အသေအချာပါပဲနော်။ ဒီနေ့အတွက် အဆုံးထိ ဖတ်ရှု့ပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ရက်တွေမှာ လည်း အခုလိုမျိုး ဗဟုသုတရစရာတွေကို ဝေမျှပေးသွားမှာမို့ ဗဟုသုတကို See First လုပ်ထားဖို့ မမေ့နဲ့နော်။ 

-Bahuthuta Corner

Share:

More Posts

Send Us A Message