Bahuthuta Corner.com

အသံတိတ်လူသတ်သမား (သို့) သွေးတိုးခြင်း 

ကျွန်တော်တို့ လူငယ်တွေမှာ မသိသာပေမယ့် အသက်ရလာတဲ့ လူကြီးတွေမှာ သွေးတိုးခြင်းဟာ အမြဲမြဲလိုလိုတွေ့ရတတ်ပါတယ်။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ လူငယ်တွေသွေးတိုးတတ်ပေမယ့် မသိသာတာကြောင့် မသိလိုက်တာမျိုး တွေဖြစ်တတ်ပါတယ်။ သွေးတိုးခြင်းဟာ အသက်အရွယ်ငယ်တဲ့သူတွေ ၊ အချို့သူတွေမှာ သိသာထင်ရှားတဲ့ လက္ခဏာဝေဒနာတွေကိုမပြသလို့ အသံတိတ်လူသတ်သမားလို့ လည်းသိကြပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေ သွေးတိုးခြင်းနဲ့ ပတ်သတ်ပြီးသိသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးသွားပါမယ်။ 

သွေးတိုးခြင်း။ 

သွေးတိုးခြင်းဆိုတာဟာ ကိုယ်တွင်းမှာရှိတဲ့ သွေးဖိအားနှုန်းတွေ သာမန်ထက် ပိုမိုလွန်ကဲလာတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ပုံမှန်ရှိသင့်ရှိထိုက်တဲ့ သွေးဖိအားနှုန်းထက် ပိုမိုများနေပြီဆိုရင် သွေးတိုးနေပြီလို့မှတ်ယူလို့ရပါတယ်။ သာမန်သွေးဖိအားက ပုံမှန်အားဖြင့် 120/80 mm Hg ရှိပြီး ဒီ့ထက်ပိုများနေပြီဆိုရင် သွေးတိုးနေပါပြီ။ 

သွေးတိုးခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာများ….

သွေးတိုးခြင်းဟာ များသောအားဖြင့် မျိုးရိုးလိုက်တတ်ကြပါတယ်။ ကိုယ့်အဖိုးအဖွားတွေ ၊ ကိုယ့်မိဘတွေဟာ သွေးတိုးတတ်တယ်ဆိုရင်ကိုယ်ဟာလည်း သွေးတိုးဖို့ ရာခိုင်နှုန်းတွေများပြားပါတယ်။ ဒါ့အပြင် အစားအသောက် ပုံစံမမှန်တာ ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ ၊ အရက်သေစာ သောက်သုံးတာ ၊ ဆေးလိပ်သောက်သုံးတာ အစရှိတာတွေကလည်း သွေးတိုးခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေပါပဲ။ ဒါ့အပြင် အဝလွန်တဲ့သူတွေ ၊ စိတ်ဖိဆီးမှုများပြားတဲ့သူတွေ ၊ ကျောက်ကပ်ဝေဒနာ ၊ ဆီးချို ၊ အစရှိတဲ့ ကျန်းမာရေးအခြေအနေအမျိုးမျိုးကို ခံစားနေရတဲ့သူတွေဟာလည်း အလွယ်တကူ သွေးတိုးနိုင်ပါတယ်။ 

သွေးတိုးခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ အကျိုးဆက်များ။

သွေးတိုးခြင်းဟာ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြသပဲနဲ့ အသက်အန္တရာယ်ရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ အလွန်အမင်းအခြေအနေဆိုးမှသာ သိသာတဲ့ လက္ခဏာမျိုးတွေကို ပြသလေ့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာဆိုရင် ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ အော့အန်တာ ၊ နှာခေါင်းသွေးယိုဆင်းတာ အစရှိတဲ့ လက္ခဏာတွေကို ပြသပါတယ်။ ဒါ့အပြင်သွေးတိုးခြင်းကို ထိန်းသိမ်းကုသခြင်းမရှိဘူးဆိုရင်တော့ နှလုံးရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ အမြင်အာရုံချို့တဲ့ဝေဒနာ ၊ တက်တာ အစရှိတဲ့ အကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။ ဂရုမစိုက်ပဲ အလွန်အမင်း အရက်သေစာ သောက်သုံးတာမျိုး ၊ အပူလွန်ကဲတဲ့နေရာမျိုးမှာနေတာမျိဲး ၊ စိတ်အလွန်အမင်းဖိဆီးတဲ့အခါမျိုးတွေမှာ သွေးအလိုအကျွံတိုးခြင်းဟာ ဦးနှောက်သွေးကြောပြတ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။ 

သွေးတိုးခြင်းကို ဘယ်လိုမျိုး ထိန်းသိမ်းကုသမလဲ ? 

ကိုယ်ဟာ သွေးတိုးတတ်တဲ့အလေ့အကျင့်ရှိတဲ့သူတစ်ယောက်ဆိုရင် နေထိုင်မှုပုံစံကို ထိန်းသိမ်းပြီး ကုသလို့ရနိုင်ပါတယ်။ များသောအားဖြင့် သင့်တင့်မျှတတဲ့ အစာအဟာရတွေကို ပုံမှန်စားသုံးတာ ၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်တာ ၊ အရက်သေစာသောက်စားမှုကို ရှောင်ကျဉ်တာ ၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်တာ ၊ ပုံမှန်အိပ်စက်အနားယူတာ ၊ စိတ်ကို အေးချမ်းတည်ငြိမ်အောင် စိတ်လေ့ကျင့်ခန်းလုပ်တာတွေဟာ သွေးတိုးခြင်းကို သက်သာပျောက်ကင်းစေတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်စားသောက်တဲ့ အစားအသောက်တွေမှာ အငန့်ကိုလျော့ပြီး စားတာမျိုး ၊ အက်ဆစ်ဓာတ်တွေပါဝင်တဲ့ အချဉ်ဓာတ်ပါတဲ့ အသီးအနှံ့တွေစားတာမျိုးဟာလည်း တစ်တပ်တစ်အား အထောက်အကူပြုပါတယ်။ ကိုယ်ဟာ အဝလွန်နေတာမျိုး ၊ အထိုင်များတဲ့အခါမျိုး တွေမှာဆိုရင်လည်း သွေးတိုးခြင်းကို ဖြစ်စေတာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းကို နေ့စဉ်လုပ်တာမျိုးဟာ များစွာ အထောက်အကူဖြစ်စေပါတယ်။ 

သွေးတိုးခြင်းဟာ မသိသာပေမယ့် အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ကြောက်ဖို့ကောင်းတဲ့ ကျန်းမာရေးအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ အပူပိုင်းဒေသတွေများ သွေးတိုးခြင်းကို ပိုမိုဖြစ်စေတာကြောင့် ပူပြင်းတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း သွေးတိုးခြင်းကို အလွယ်တကူဖြစ်စေနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိဆီးမှုတွေများပြားလာတဲ့အခါလည်း သွေးတိုးတတ်တာမို့ ယခုလို စိတ်ပင်ပန်းရတဲ့ ကာလတွေမှာ များစွာ ဂရုစိုက်သင့်ပါတယ်။ သွေးတိုးဝေဒနာရှိတယ်လို့ သိထားရင် ကိုယ့်ရဲ့ အစားအသောက်တွေ ၊ နေထိုင်မှုပုံစံတွေကို ထိန်းသိမ်းပြီး ဂရုစိုက်သင့်ပါတယ်။ ကြောက်ဖို့ ကောင်းပေမယ့်လည်း တကူးတက ဆေးဝါးမှီဝဲပြီး ကုသစရာမျိုးတွေ မလိုအပ်တာကြောင့် ကိုယ့်ဘာသာ ထိန်းသိမ်းနေထိုင်ရင်းနဲ့ပဲ ဂရုစိုက်ဖို့ မှာကြားရင် ဒီကနေ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့ အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။ 

Ads: ( ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected])

-Bahuthuta Corner

Ref – https://www.mayoclinic.org/…/symptoms-causes/syc-20373410

Ref – https://www.nhs.uk/cond…/high-blood-pressure-hypertension/

Share:

More Posts

Send Us A Message