ကင်ဆာဆိုတာဟာ ကျွန်တော်တို့ ကြားဖူးကြပါလိမ့်မယ်။ ကုသဖို့ ဆေးမရှိတော့သလို ကင်ဆာဖြစ်ပြီ ဆိုတာနဲ့ ဘဝကြီးဟာ ပြီးဆုံးသွားပြီလို့ ထင်ခဲ့ကြပါလိမ့်မယ်။ ဒါတွေက ကျွန်တော်တို့ ကင်ဆာနဲ့ ပတ်သက်ပြီးသေသေ ချာချာမသိခဲ့ကြလို့ ဒီလိုမျိုးတွေ မှတ်ယူခဲ့ကြတာပါ။ တကယ်တမ်းမှာ ကင်ဆာဝေဒနာ ခံစားရတဲ့အခါ အခြေအနေမလွန်ခင်အထိ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်ပါတယ်။ ဒီကနေ့မှာတော့ ကင်ဆာဝေဒနာ ခံစားရတာနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ဗဟုသုတကနေပြီး ဝေမျှပေးသွားပါမယ်။
ကင်ဆာဆိုတာဘာလဲ။ ရောဂါ တစ်မျိုးလား၊
ကင်ဆာဆိုတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းက မဟုတ်ပဲ ပြင်ပက ဆဲလ်တစ်ခုခုဟာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းမှာ တွယ်ငြိပြီး အထိန်းအချူပ်မရှိတဲ့ တိုးပွားလာတဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေ တွယ်ငြိရာ ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ်ကို မူတည်ပြီး ကင်ဆာဟာ အမျိုးမျိုး ရှိပါတယ်။ ကင်ဆာဆဲလ်တွေဟာ ကိုယ်တွင်းကဆဲလ်တွေမဟုတ်ပဲ ထိန်းချူပ်လို့ မရတာကြောင့် ဆဲလ်တွေဟာ အလွန်အမင်းတိုးပွားလာပြီး နောက်ဆုံးမှာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ကင်ဆာဟာ အမျိုးအစား ၁၀၀ ကျော်ရှိပြီး ရင်သား ကင်ဆာ ၊ အဆုတ်ကင်ဆာ ၊ အရေပြားကင်ဆာ ၊ သွေးကင်ဆာ ၊ အစာအိမ်ကင်ဆာ အစရှိတာတွေဟာ အဖြစ်များလူသိများတဲ့ ကင်ဆာအမျိုးအစားတွေပဲဖြစ်ပါတယ်။
ဘယ်လိုအရာတွေဟာ ကင်ဆာဖြစ်စေနိုင်သလဲ။
ကင်ဆာကိုဖြစ်စေတဲ့အကြောင်းအရာတွေက တိတိပပ ဖော်ပြစရာမရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ဖြစ်ပွားတဲ့ ပုံခြင်းမတူသလို ဖြစ်ပွားစေတဲ့ အကြောင်းအရာတွေကလည်း ရှုပ်ထွေးမှုတွေ ရှိတတ်ကြပါတယ်။ တစ်ချို့ကင်ဆာတွေဟာ မျိုးရိုးလိုက်တတ်သလို တစ်ချို့သော ကင်ဆာတွေဟာ ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်း ၊ အရက်အလွန်အကျွံသောက်သုံးခြင်းတွေကြောင့် ဖြစ်တတ်ကြတယ်လို့လည်း သိရပါတယ်။ ထိတွေ့နေကျမဟုတ်တဲ့ ဒါမှမဟုတ် သမရိုးကျမဟုတ်တဲ့ ဓာတ်ရောင်ခြည်တွေဟာလည်း ကင်ဆာဆဲလ်များကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရာ တစ်ခုပါပဲ။
ကင်ဆာဆဲလ်တွေ တွယ်ငြိတဲ့အခါ ဘယ်လိုဝေဒနာတွေကိုပြသ သလဲ။
ကင်ဆာဟာ ဖြစ်ပွားတဲ့ အကြောင်းအရာအပေါ်မူတည်ပြီး လက္ခဏာဝေဒနာ ပြသတဲ့ပုံစံတွေဟာ ကွဲပြားပါတယ်။ များသောအားဖြင့်ကင်ဆာဟာ ရောဂါ တစ်မျိုးတည်းဖြစ်စေတာမျိုးမဟုတ်ပဲ ကင်ဆာဆဲလ်တွေ အလွန်အမင်း တိုးပွားလာတာကြောင့် အခြားသော မလိုလားအပ်တဲ့ ဝေဒနာတွေကိုပါ ခံစားရတတ်ကြပါတယ်။ အများစု ခံစားကြရတဲ့ ဝေဒနာတွေဟာ အကြောင်းအရာမရှိပဲ အလွန်အမင်းဝိတ်ကျသွားခြင်း ၊ အချိန်ပြည့် ပင်ပန်းနွမ်းနယ်နေခြင်း ၊ ထိခိုက်ဒဏ်ရာမရှိပဲ ခန္ဓာကိုယ်ဟာ နာကျင်နေခြင်း ၊ သမားရိုးကျမဟုတ်တဲ့ အစက်အပျောက်တွေ ၊ အမာရွတ်တွေ အရေပြားပေါ်မှာ ပေါ်ပေါက်လာခြင်း ၊ အလွန်အမင်းချောင်းဆိုးခြင်း ဒါမှမဟုတ် ရင်ကျပ်ခြင်း ၊ အသက်ရှုရခက်ခြင်း အစရှိတဲ့ ဝေဒနာတွေကို ခံစားရလေ့ရှိတတ်ကြပါတယ်။
ကင်ဆာဆဲလ်တွေကို ပျောက်ကင်းအောင်ဘယ်လိုကုသကြသလဲ။
ကင်ဆာဆဲလ်တွေဟာ ထိန်းချုပ်လို့မရတဲ့အတွက် သူတို့ကို အသေသတ်မှရပါတယ်။ အသေသတ်ဖို့ လုပ်ကြတဲ့အခါမှာ အမျိုးမျိုးရှိပါတယ်။ ဓာတ်ရောင်ခြည်ကင်တာ ၊ ခန္ဓာကိုယ်ကိုပါ ထိခိုက်စေတဲ့ ပြင်းထန်တဲ့ ဆေးဝါးတွေသွင်းပြီး သတ်ရတာမျိုးတွေရှိတတ်ပါတယ်။ အဆိုပါ ကုသနည်းတွေအပြင် ခွဲစိတ်မှုတွေ ၊ အခြားဆေးဝါးသောက်သုံးရတာမျိုးတွေ ရှိတတ်ပေမယ့် ကင်ဆာဖြစ်ပွားတဲ့ အခြေအနေ ၊ ရောက်ရှိနေတဲ့ အခြေအနေနဲ့ ၊ ဆဲလ်ဖြစ်ပွားရာနေရာတွေကို မူတည်ပြီး ကုသပုံတွေဟာ အမျိုးမျိုးကွဲပြားပါတယ်။ ကင်ဆာဝေဒနာကို ပျောက်ကင်းအောင်ကုသတဲ့အခါမှာ အချိန်ကာလကြာမြင့်တတ်ပြီး စိတ်ပိုင်းဆိုင်ရာကော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကြံကြံခံနိုင်ဖို့လိုအပ်ပါတယ်။
ကင်ဆာဟာ ရောဂါတစ်စုံတစ်ခုတည်းမဟုတ်ပဲ အခြားသော ဆက်စပ်ရောဂါဝေဒနာတွေကိုပါ ခံစားရစေတတ်ပါတယ်။ ကင်ဆာဆဲလ်တွေ အလွန်အမင်းမများပြားခင် စောပြီး ကုသနိုင်လေ ကောင်းလေပါပဲ။ ကင်ဆာဆဲလ်တွေ အလွန်အမင်းများပြားလာတဲ့အခါ ကုသရတာပိုမိုခက်ခဲလာသလို ကုသမှုတွေဟာ ပြင်းထန်တာကြောင့် ဝေဒနာရှင်အတွက်လည်းအလွန်အမင်း ခက်ခဲပင်ပန်းပါတယ်။ ကင်ဆာဟာ ကုသလို့မရတဲ့ ရောဂါဝေဒနာတစ်ခုမဟုတ်ပါဘူး။ အချိန်ကာလကြာမြင့်တယ် ၊ စိတ်ကော လူကော ကြံခိုင်မှုမရှိရတယ် ၊ ငွေကုန်ကြေးကျများပြားတယ် အဆိုပါအချက်တွေကြောင့်သာ ကင်ဆာဖြစ်တဲ့အခါ စိတ်ဖိဆီးပြီး အရှုံးပေးကြရတာများပါတယ်။ အခုနောက်ပိုင်းမှာတော့ ကင်ဆာကို အနိုင်တိုက်နိုင်ပြီး ဘဝကြီးကို ကောင်းကောင်းမွန်မွန်ဆက်လက်ဖြတ်သန်းနိုင်တဲ့သူတွေ ပေါ်ပေါက်လာပြီဖြစ်သလို ကုသနိုင်တဲ့ နည်းပညာတွေကလည်း ပိုမိုအဆင့်မြင့်လာပြီလို့ပဲ ဝေမျှရင်းနဲ့ ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]
-Bahuthuta Corner