Bahuthuta Corner.com

ဖယ်ထုတ်ပစ်နိုင်တဲ့ ကိုယ်တွင်းအစိတ်အပိုင်းများ 

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ ကိုယ်စီထမ်းဆောင်ရတဲ့ အခန်းကဏ္ဍတွေ ရှိကြပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ အရေးကြီးတယ်ဆိုပေမယ့် တစ်ချို့သော အစိတ်အပိုင်းတွေကို ကျန်းမာရေးလိုအပ်ချက်အရဖြစ်စေ ခန္ဓာကိုယ်ကနေဖယ်ထုတ်ပစ်လို့ရပါတယ်။ ဒီလိုဖယ်ထုတ်ခြင်းဟာ အသက်ဆက်ရှင်နိုင်တယ်ဆိုပေမယ့် နဂိုမူလခန္ဓာကိုယ်အတိုင်း ပြည့်ပြည့်ဝဝမဟုတ်တော့တာကြောင့် ပိုမိုဂရုစိုက်ပြီးတော့ သတိပြုရပါလိမ့်မယ်။ ဒီကနေ့မှာတော့ ခန္ဓာကိုယ်ကနေ ဖယ်ထုတ်နိုင်တဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ အကြောင်းကို ဝေမျှပေးသွားပါမယ်။ 

Appendix – Appendix လို့ ခေါ်ဆိုတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလေးက ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လုံဆောင်ချက်တွေ မပေးနိုင်တဲ့ အစိတ်အပိုင်းကလေးတစ်ခုပဲဖြစ်ပါတယ်။ သူက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းနားလေးမှာ တည်ရှိပြီးတော့ ကိုယ့်ခန္ဓာအသက်ရှင်ရပ်တည်ရေးအတွက် အထောက်အကူပြုတဲ့ အစိတ်အပိုင်းတွေထဲမှာမပါဝင်ပါဘူး။ ဒါ့ကြောင့်မို့ သူ့ကို ဖယ်ထုတ်လိုက်ခြင်းဟာ ကိုယ်ခန္ဓာအတွက် သိသာတဲ့ သက်ရောက်မှုတွေ မရှိနိုင်ပါဘူး။ 

Kidney – Kidney ခေါ် ကျောက်ကပ်ဟာလည်း ခန္ဓာကိုယ်ကနေ ဖယ်ထုတ်လို့ရနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ကျောက်ကပ် ၂ စုံပါဝင်ပြီးတော့ ကျောက်ကပ် ၁ စုံတည်းနဲ့လည်း အသက်ရှင်ရပ်တည်နိုင်ပါတယ်။ ကျောက်ကပ်ဟာ ကိုယ်တွင်းက အညစ်အကြေးတွေကို ဖယ်ရှားစစ်ထုတ်သန့်စင်ဖို့အတွက် အဓိက လုပ်ဆောင်တဲ့ အစိတ်အပိုင်းဖြစ်ပြီး ကျောက်ကပ် ၁ စုံတည်းကနေပဲ ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်တာကြောင့် ကျောက်ကပ် ၁ စုံ ဖယ်ထုတ်ပေမယ့်လည်း ကောင်းမွန်စွာ ရှင်သန်နိုင်ပါတယ်။ 

Gallbladder – Gallbladder လို့ ခေါ်တဲ့ သည်းခြေအိတ်ဟာ ကျောက်ကပ်ကနေထုတ်တဲ့ သည်းခြေရည်တွေကို အဓိက သိမ်းဆည်းပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်ပါတယ်။ တစ်ချို့သူတွေကတော့ ဒီ သည်းခြေအိတ်ကနေ သူတို့ရဲ့ အစာအဟာရတွေနဲ့ ပတ်သတ်ပြီး ထိန်းညှိပေးတာတွေရှိတတ်ပါတယ်။ ဒါပေမယ့် သည်းခြေအိတ်ကို ဖယ်ထုတ်ခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဆိုးရွားတဲ့ ထိခိုက်မှုတွေ မရှိနိုင်တာကြောင့် သည်းခြေအိတ်မပါပဲလည်း အသက်ရှင်နိုင်ပါတယ်။ 

Liver – Liver ခေါ် အသည်းဟာ ထူးခြားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သူရဲ့ ထူးခြားစွမ်းအင်ဟာ ပြန်လည်ဖွံဖြိုးနိုင်တာဖြစ်ပြီး အသဲကို ထက်ဝက်ဝက်လိုက်ရင်တောင်မှ အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အခါ အသည်းတစ်ခုလုံးနီးပါး ပြန်လည်ဖွံဖြိုးနိုင်ပါတယ်။ ဒီလို ထူးခြားတဲ့ စွမ်းရည်ရှိတာကြောင့် အသဲ တစ်ခုလုံးမရှိရင်တောင် အသဲရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ကျန်နေသေးရင် အသက်ဆက်ရှင်နိုင်ပါတယ်။ 

Reproductive Organs – Reproductive Organs ခေါ် မျိုးပွားအင်္ဂါတွေကလည်း ခန္ဓာကိုယ် အသက်ရှင်ရပ်တည်ရေးအတွက် ပါဝင်လုပ်ဆောင်တဲ့ အခန်းကဏ္ဍမျိုးမရှိတာကြောင့် သူတို့မရှိလည်း အသက်ရှင်ရပ်တည်နိုင်ပါတယ်။ မျိုးပွားအင်္ဂါတွေရဲ့ အဓိက လုပ်ဆောင်ချက်တွေဟာ မျိုးဆက်ပြန့်ပွားစေဖို့ ၊ ဟော်မုန်း အပြောင်းအလဲ ထိန်းချုပ်မှုတွေ လုပ်နိုင်ဖို့ကို လုပ်ဆောင်တဲ့အတွက် ဖယ်ရှားလိုက်ရှင်တောင်မှ အသက်ဆက်လက်ရှင်ဖို့ ကြီးမားတဲ့ ကျန်းမာရေးသက်ရောက်မှုတွေ မရှိနိုင်ပါဘူး။ 

ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေက ဖယ်ရှားလို့ရတယ်ဆိုပေမယ့် ပြန်လည်ဖန်တီးလို့မရတဲ့ အရာတွေပဲဖြစ်ပါတယ်။ အလွယ်တကူဖယ်ရှားလိုက်ပေမယ့် နောက်တစ်ချိန်မှာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာဆို ပြန်လည်ဖန်တီးပြီး သွတ်သွင်းလို့ မရတော့တာကို သတိပြုမိစေလိုပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို တန်ဖိုးထားပြီး ဂရုစိုက်ကြဖို့ အကြံပြုရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ 

  ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]

-Bahuthuta Corner

Share:

More Posts

Send Us A Message