Bahuthuta Corner.com

ခွန်ထိုင်းတို့ရဲ့ ထူးခြားတဲ့ ဘန်ကောက်မြို့တော်

ဘန်ကောက်မြို့ဆိုတာဟာ အရှေ့တောင်အာရှမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ခရီးသွားလာကြသူတွေ ကြားမှာ ရေပန်းစားတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ဘန်ကောက်မြို့က ထိုင်းနိုင်ငံ ရဲ့ မြို့တော်ဖြစ်ပြီးတော့ သက်တမ်းအနေနဲ့ နှစ်ပေါင်း ၂၄၀ ခန့်ရှိပါပြီ။ လူဦးရေကတော့ ၁၄,၆၂၆,၂၂၅ ဦးရေခန့်နေထိုင်ကြပြီး ခရီးသွားလာရေး လုပ်ငန်းတွေ ၊ အရှေ့တောင်အာရှ ရဲ့ အငွေ့အသက်တွေနဲ့ လည်ပတ်နေတဲ့ မြို့ တစ်မြို့ပဲဖြစ်ပါတယ်။ ဘန်ကောက်မြို့ဟာ ဘာကြောင့်မို့လို့ တခြား အရှေ့တောင်အာရှက တခြားခရီးသွားနိုင်ငံ တွေနဲ့ ကွဲပြားခြားနားတာလဲဆိုတာကို ပြောပြပေးပါမယ်။

၁။ အစား အသောက် နဲ့ မုန့်ဆိုင်များ

              ဘန်ကောက်မြို့ဟာ street foods တွေ nightlife တွေကြားမှာ အထူးထင်ရှားတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ဘန်ကောက်မြို့ကို ရောက်တာနဲ့ မုန့်ဆိုင်တွေဟာ မရေမတွက်နိုင်လောက်အောင်ကို များပြားတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် မုန့်တွေ အစားအသောက်တွေကို အရသာရှိပြီး ဈေးသက်သက်သာသာနဲ့  ရောင်းချနိုင်တာကိုက ဘန်ကောက်မြို့ရဲ့ ထူးခြားချက် တစ်ခုဖြစ်ပါ။ အထူးသဖြင့် ထိုင်းလူမျိုးတွေရဲ့ အစားအစာဖြစ်တဲ့ Pad Thai , Tom Yum , Green Curry , Mango Sticky Rice  စတာတွေဟာလည်း ကမ္ဘာပေါ်မှာ လူသိများပြီး ထင်ရှားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

၂။ Nightlife နဲ့ Street Urban Culture

              အကယ်၍ သင်ဟာ ညဘက်တွေအပြင်ထွက်ရတာ ကြိုက်တဲ့သူ ၊ ညဘက်တွေမှာ ကဲရတာ ဝါသနာပါတဲ့ သူဆိုရင်တော့ ဘန်ကောက်မြို့က သင့်အတွက် အကောင်းဆုံးနေရာပါပဲ။ ဘန်ကောက်မြို့မှာ ကမ္ဘာကျော်တဲ့ night life တွေရှိပါတယ်။ များသော အားဖြင့် ကလပ် တွေ ၊ ဘားတွေ ၊ ညဈေးတန်းတွေ ၊ မုန့်ဆိုင်တွေဟာ ၁ ညလုံး အသက်ဝင်လှုပ်ရှားနေတာမို့ တစ်နေရာပြီး တစ်နေရာ မရိုးရအောင် လည်ပတ်စရာ အပြည့်ပါပဲ။ ကျောက်ဖရားမြစ်ကမ်းတစ်လျှောက်နဲ့ မြို့ဟောင်းအတွင်းမှာ လဲစည်းကားလှပါတယ်။

၃။ Shopping Mall များ

              ကမ္ဘာပေါ်မှာ အကြီးဆုံး ဈေးဝယ်စင်တာတွေထဲက ၂ ခု ဟာ ဘန်ကောက်မြို့မှာ ရှိတယ်ဆိုတာကော သင်သိပါသလား။ The Central World နဲ့ Siam Paragon ကမ္ဘာကျော်ပြီး ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ထဲမှာ ရှိပါတယ်။ ေဈေးဝယ်ရတာကြိုက်နှစ်သက်သူတွေအတွက်တော့ နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။ ရွေးခြယ်စရာတွေ အများကြီးရှိပြီးတော့ ကြီးမားကျယ်ပြန့်လွန်းတာကြောင့် ဈေးသွားမဝယ်ခင်မှာတော့ shopping guide လေး ဆောင်သွားဖို့ လိုလိမ့်မယ်နော်။

၄။ သွားလာရတာ လွယ်ကူခြင်း

              တခြားအရှေ့တောင် အာရှက မြို့တွေထက် စာရင် ဘန်ကောက်မြို့ရဲ့  လမ်းပန်းဆက်သွယ်ရေးက အမြဲတမ်း တစ်ပန်းသာနေတာပါပဲ။ ဘန်ကောက်မြို့တွင်းမှာ ဆိုရင် ရထားတွေ ၊ ကားတွေ နဲ့ အပြင်ကို ဆိုင်ကယ်တွေ ၊ ဆိုက်တွဲတွေနဲ့ အလွယ်တကူသွားလာနိုင်ပါတယ်။ ဒါ့အပြင် မိုးပျံရထား၊ မြေအောက်ရထား နဲ့ တုတ်တုတ် လို့ ခေါ်တဲ့ ဆိုက်တွဲလေးတွေသွားလာရလွယ်ကူပြီးတော့ ကိုယ်သွားချင်တဲ့ နေရာတိုင်းနီးပါးကို ရောက်နိုင်တာမို့ အိမ်နီးချင်းနိုင်ငံတွေကြား မှာ တစ်မူထူးခြားပြီးတော့ ရေပန်းစားပါတယ်။

၅။ ရေပေါ်ဈေးဆိုင်လေးများ

              ကုန်းပေါ်မှာ မုန့်စားရတာ ပျင်းတဲ့သူတွေအတွက်ကတော့ ဘန်ကောက်မြို့ထဲမှာတင်ကို ရေပေါ်မှာတင် မုန့်တွေ စားစရာတွေ အလွယ်တကူရနိုင်ပါတယ်။ လှေ နဲ့ ဈေးရောင်းတာတွေ ၊ မုန့်ရောင်းတာတွေကို နေရာတိုင်းမှာ မတွေ့နိုင်ပေမယ့် ဘန်ကောက်မြို့လယ်မှာတော့ တွေ့နိုင်ပါတယ်။ အကယ်၍ သင်ဟာ သူတို့ ဆီကနေ မုန့်တွေ လက်ဆောင်တွေ ဝယ်မယ်ဆိုရင်တော့ ကမ်းကို လှမ်းခေါ်နိုင်သလို သူတို့ ရှိရာကို လှေကလေးနဲ့ တစ်ဆင့်သွားလာပြီးတော့ ဝယ်ယူနိုင်ပါတယ်။

              ဒီလောက်ဆိုရင် ဘန်ကောက်မြို့တော်ဟာ ဘာလို့ ကမ္ဘာကျော်ပြီးတော့ ထူးခြားနေလဲဆိုတာကို သိနိုင်ပြီထင်ပါတယ်။ တခြားထင်ရှား ထူးခြားတဲ့နေရာလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘန်ကောက်မြို့တော် ကတော့ မုန့်စားပြီး လည်ပတ်ချင်တဲ့သူတွေ ၊ ကဲချင်တဲ့သူတွေ ၊ ဈေးဝယ်ချင်တဲ့သူတွေအတွက်တော့ အမြဲတမ်း ရွေးခြယ်စရာဖြစ်နေတဲ့ နေရာတစ်ခုဖြစ်နေမှာပါပဲ အမှန်ပါပဲ။

Ref – https://globalcastaway.com/what-is-bangkok-famous-for/#:~:text=The%20top%203%20temples%20in,ornamented%20with%20Pikachu%20and%20Batman).

Share:

More Posts

Send Us A Message