ကျွန်တော်တို့ adult life ထဲကို စတင်ဝင်ရောက်လာတာနဲ့ ထိတွေ့မိတ်ဆက်ကြတဲ့ အရာတွေထဲမှာ အရက် ၊ ဝီစကီ ၊ ဘီယာ ၊ ဝိုင် ၊ ကော့တေး ၊ ဗော့ကာ ၊ အစရှိတဲ့ alcohol တွေက မပါမဖြစ်ပါပဲ။ သူငယ်ချင်းတွေ ဆုံတွေ့ရင်းပဲဖြစ်စေ ၊ ညစာစားပွဲတွေမှာပဲဖြစ်စေ ၊ စကားဝိုင်းတွေမှာပဲဖြစ်စေ alcohol တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ထိတွေ့လာကြပါတယ်။ ငယ်စဉ်ကတော့ လူကြီးတွေက အရက်သောက်တာမကောင်းဘူး လို့ ဆုံးမ ကြပေမယ့် အသက်ကြီးပိုင်းဝင်လာတဲ့အခါမှာတော့ ကြိုက်လို့ဖြစ်စေ ၊ မကြိုက်လို့ပဲဖြစ်စေ သောက်သုံးတတ်လာကြတာ အမှန်ပါပဲ။ အရက်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့အရာတွေကို သိကြပေမယ့် alcohol ပါဝင်တဲ့ အရာတွေ သောက်သုံးမိတာက ဘယ်လိုသက်ရောက်မှုမျိုး ဖြစ်စေနိုင်သလဲ ၊ ဘယ်လောက်အထိ သောက်သုံးသင့်သလဲဆိုတာကို ဝေမျှပေးသွားပါတယ်။
ဘီယာ ၊ ဝီစကီ ၊ အရက် ၊ ကော့တေး ၊ ဝိုင် တို့မှာ alcohol ပါဝင်တဲ့ တဲ့ စံနှုန်းတွေရှိပါတယ်။ ဒီထဲကမှ United States မှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေကတော့ ဘီယာဆိုရင် ၁၄ အောင်စ ( ဝ.၄ လီတာ ) ၊ ဝိုင်ဆိုရင် ၅ အောင်စ ( ဝ.၁၄ လီတာ ) ၊ ဂျင် ၊ ရမ် ၊ ဝီစကီတို့ကတော့ ၁.၅ အောင်စ ( ဝ.၀၄၄ လီတာ ) အစရှိသဖြင့် သတ်မှတ်ထားပါတယ်။ အသောက်အစားအပျော်အပါးမက်တဲ့သူတွေအတွက်ကတော့ အသက် ၂၁ နှစ် အထက်ဆိုရင် အမျိုးသမီးဆို ၁ ခွက်မှ ၄ ခွက် ၊ အမျိုးသားဆိုရင် ၁ ခွက်မှ ၅ ခွက်အထိက က ပုံမှန်အနေအထားဆိုပေမယ့် ဒီ့ထက်ပိုမိုတဲ့ ပမာကိုဆိုရင်တော့ အရက်စွဲလန်းသူ ၊ အသောက်အစားကြိုက်နှစ်သက်သူလို့ သတ်မှတ်နိုင်ပါတယ်။
Alcohol ပါဝင်တဲ့ အရက်သေစာ သောက်စားခြင်းဟာ လူကို မူးယစ်စေပြီးတော့ သာမန်ချိန်မှာရှိတဲ့ အသိတရားထက် လွဲမှားစေတဲ့ အာရုံထွေပြားမှုကို ပေါ်ပေါက်စေပါတယ်။ သောက်သုံးတဲ့သူအနေအထား ပေါ်မူတည်ပြီးတော့ ပင်ကိုဗီဇ ဇရိုက်တွေ ၊ အပြောအဆိုတွေ ပိုမို ပေါ်ထွက်လာစေပါတယ်။ အကြမ်းဖက်တတ် တဲ့ ဗီဇရှိတဲ့သူဆိုရင် ပိုမိုပြီး အကြမ်းဖက်လိုစိတ်ပြင်းပြတာမျိုး ၊ လိင်စိတ်ပြင်းထန်တဲ့သူမျိုးဆိုရင် သဘာဝလွန် လိင်ကိစ္စတွေ ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေတာမျိုးအထိ သက်ရောက်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် မူးယစ် နေတဲ့အချိန်မှာ အသိစိတ်က ပုံမှန်မဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်မှားတာတွေ ၊ အသိမှား အမြင်မှားတာတွေကို ပေါ်ပေါက်စေနိုင်ပြီးတော့ လွဲမှားတဲ့ အပြုအမှု ၊ လုပ်ဆောင်မှုတွေ ဖြစ်ပေါ်စေတတ်ပါတယ်။ သောက်သုံးနေတဲ့လူအပေါ်မူတည်ပြီးတော့ alcohol ဝင်ရောက်မှု ပမာဏ အနည်းအများကွာခြားမှုလည်းရှိပါတယ်။ အလွန်အကျွံသောက်သုံးသူမျိုးဟာ ကိုယ်တွင်းမှာ alcohol ပမာဏ အလွန်အကျွံဝင်ရောက်ထားတာကြောင့် နဂိုသောက်တဲ့ အနေအထားထက် ပိုမို သောက်သုံးမှ မူးယစ်ခြင်းကို ဖြစ်စေနိုင်သလို ထိတွေ့မှုလုံးဝမရှိတဲ့သူတွေအတွက်ကတော့ ၁ ခွက် ၊ ၂ ခွက်သောက်သုံးသုံးခြင်းက မူးယစ်ခြင်း အနေအထားကို တစ်ခါတည်းရောက်သွားစေနိုင်ပါတယ်။
Alcohol ပါဝင်တဲ့ အရက်သေစာ သောက်စားခြင်းမျိုးဟာ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တာကို သိရှိကြမှာဖြစ်ပါတယ်။ ဒီထဲမှာမှ ရေတိုထိခိုက်မှု နဲ့ ရေရှည်ထိခိုက်မှုမျိုးပြီး ၂ မျိုး ၂ စားခွဲခြားနိုင်ပါတယ်။ ရေတို ထိခိုက်မှုမျိုးမှာဆိုရင် အသိအမြင်ဝေဝါးမှုတွေကြောင့် အသေးစား ချော်လဲမှု တွေ ၊ ထိခိုက်မှုတွေကနေစပြီးတော့ ယာဉ်အန္တရာယ် ၊ အသက် အန္တရာယ်ဆုံးရှုံးမှုတွေအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် ထိန်းချုပ်နိုင်စွမ်းနည်းပါးတဲ့သူတွေအတွက် ခိုက်ရန်ဖြစ်ပွားတာ ၊ အကြမ်းဖက်မှုဖြစ်ပွား ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ ဖြစ်ပွားတာ အစရှိတာတွေပါ ဖြစ်ပွားစေနိုင်ပါတယ်။ မူးယစ်စေတဲ့ အစွမ်းအာနိသင် ပယ်သွားတဲ့အခါမှာဆိုရင်လည်း ခေါင်းကိုက်တာ ၊ ပင်ပန်းနွမ်းနယ်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။
ရေရှည်ထိခိုက်မှုတွေမှာဆိုရင်တော့ alcohol ဟာ ခန္ဓာကိုယ်တွင်းမှာ အလွန်အမင်း ဝင်ရောက်လာတဲ့အခါမှာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတာ ၊ သွေးတိုးတာ ၊ နှလုံးရောဂါ ၊ အစာအိမ်အချဉ်ပေါက်တာ အစရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တာတွေပါ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် alcohol တိုက်ရိုက်ဝင်ရောက်တဲ့ ခံတွင်း ကနေစပြီးတော့ လည်ချောင်း ၊ အစာအိမ် အစမှာရှိတဲ့ အင်္ဂါတွေကိုလည်း ကင်ဆာဖြစ်စေ ၊ အပြင်းအထန်ထိခိုက်ဒဏ်ဖြစ်စေ အစရှိတာတွေဖြစ်ပွားစေနိုင်ပါတယ်။ အရက်သောက်သုံးခြင်းဟာ ကိုယ်တွင်းအင်္ဂါကို ထိခိုက်စေရုံတင်မကပဲနဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုဆက်ဆံရေးတွေကိုလည်း များစွာထိခိုက်စေနိုင်ပါတယ်။ မူးယစ်ကိုစွဲလန်းနေတဲ့ သူတစ်ယောက်အနေနဲ့ မသောက်သုံးရတဲ့အခါမှာ အလွန်အမင်းစိတ်လှုပ်ရှား ၊ စိတ်ဓာတ်ကျတာ ၊ စိတ်ပင်ပန်းတာတွေဖြစ်တာကို တွေ့နိုင်ပါတယ်။ လူမှုဆက်ဆံရေးမှာလည်း အရက်အလွန်အကျွံသောက်သုံးပြီး မူးယစ်နေတဲ့ သူတစ်ယောက်ကို ပတ်ဝန်းကျင်က ဖယ်ကျဉ်ဆက်ဆံတာမျိုးတွေအထိ ကြုံတွေ့ရနိုင်ပါတယ်။
Alcohol ပါဝင်တဲ့ အရက်သေစာမျိုးကို သောက်စားတာ မျိုးက အဆိုပါ သက်ရောက်မှုမျိုးကို ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အနည်းအများ သောက်စားမှုကို မူတည်ပြီးတော့ သက်ရောက်မှုက နည်းတာ များတာကွာခြားသွားမှာပဲဖြစ်ပါတယ်။ ကိုယ်ဟာ အရက်သေစာကို သောက်စားရတာ နှစ်သက်တဲ့သူဆိုရင်တော့ ကိုယ်သောက်နေတဲ့ ပမာဏတစ်ခုကို ကန့်သတ်ပြီးတော့ လိုတဲ့ ပမာဏထက် ပိုမိုမသောက်သုံးဖို့ စည်းကမ်းလေးထားဖို့လိုအပ်ပါလိမ့်မယ်။ ရှောင်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပေမယ့် အများနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ၊ မိတ်ဖြစ်ဆွေဖြစ်သောက်သုံးတဲ့အခါမှာ ကိုယ်ဟာ သောက်သုံးနေကျမဟုတ်ရင် လိုတာထက် ပိုမို မသောက်သုံးမိဖို့ သတိထားဖို့လိုအပ်ပါလိမ့်မယ်။ မည်သို့ပင် ဆိုစေကာမူ alcohol ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ပြင်ပကဝင်ရောက်တဲ့ သက်ရောက်မှု တစ်ခုဖြစ်တာကြောင့် မသောက်သုံးခြင်းဟာ အကောင်းဆုံးဖြစ်မယ်လို့ အကြံပေးရင်း ဒီနေ့အတွက် နိဂုံးချူပ်လိုက်ပါရစေ။ အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
-Bahuthuta Corner