Bahuthuta Corner.com

ဟော်မုန်းတွေရဲ့ အလုပ်လုပ်ပုံ

ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ကိုယ်စီတာဝန်ယူရတဲ့အပိုင်းကဏ္ဍတွေ ရှိကြပါတယ်။ ဟော်မုန်းတွေဟာဆိုရင်လည်း ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်သာ မက စိတ်ပိုင်းဆိုင်ရာတွေအတွက်ပါ သက်ရောက်တဲ့ စွမ်းဆောင်မှုတွေရှိပါတယ်။ များသောအားဖြင့် ဟော်မုန်းတွေက ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပြီး ခန္ဓာကိုယ်မှာ လည့်ပတ်သွားလာနေပြီး လိုအပ်တဲ့ လုပ်ဆောင်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေရဲ့ လုပ်ဆောင်ပုံ အခန်းကဏ္ဍတွေကို ဖော်ပြပေးသွားပါမယ်။  ဟော်မုန်းတွေ ထုတ်လုပ်ပုံ – ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ထဲကနေ ထုတ်လွှတ်တဲ့နေရာ တစ်ခုနဲ့ တစ်ခုမတူညီကြပါဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အမျိုးမျိုးသော အကျိတ်ကလေးတွေကနေပြီး မတူညီတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ကြပါတယ်။ ဟော်မုန်းတွေ သွားလာလှုပ်ရှားပုံ – အကျိတ်လေးတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းလေးတွေဟာ အာရုံကြောတွေ ၊ သွေးကြောတွေကနေ တစ်ဆင့် ခန္ဓာကိုယ်ထဲကို […]

အဆိပ်ခတ်နေတဲ့ အကောင်းမြင်စိတ်များ 

လူတွေက အကောင်းမြင်ခြင်းကိုကောင်းမွန်တဲ့ အရာတစ်ခုလို့ သတ်မှတ်ကြတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာကောင်းတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူဟာ ဘယ်နေရာမှာမဆို နေပျော်တယ်ဆိုပြီး တွေးထင်တတ်ကြပါတယ်။ ဒါတွေဟာ တကယ်ကော မှန်ရဲ့လား။ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းမြင်တာဟာ တကယ်ကော ပျော်ရွှင်စေရရဲ့လား။ အဆင်ပြေစေရဲ့လားဆိုတာဟာ မေးခွန်ထုတ်စရာတစ်ခုဖြစ်လာပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး လူတွေကို အဆိတ်ခပ်နေတဲ့ အကောင်းမြင်စိတ်အကြောင်းကို ဝေမျှပေးချင်ပါတယ်။  အဆိပ်ဖြစ်စေတဲ့ အကောင်းမြင်စိတ်လက္ခဏာများ  အကောင်းမြင်စိတ်ရှိတယ်ဆိုတာနဲ့ မကောင်းတဲ့ အရာတွေကို ဘာမှလက်မခံတော့ပဲ ငြင်းပယ်ပစ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ချို့အခြေအနေတွေမှာ စိတ်ပင်ပန်းရတဲ့အခါ မကောင်းတာတွေ ကြုံရမယ်။ စိတ်ပင်ပန်းတယ်။ စိတ်ဖိဆီးတယ်။ အနားယူဖို့လိုအပ်လာတဲ့အခါတွေမှာ အရာရာကို အကောင်းအတိုင်းလက်ခံရမယ်ဆိုပြီး အတင်းအကျပ်ဖိအားပေးတာဟာ အလုပ်မဖြစ်ပါဘူး။ ကျွန်တော်တို့ စိတ်တွေဟာ မြင်ရတဲ့အရာတွေမဟုတ်တာကြောင့် အခြေအနေအရဖြစ်ပေါ်လာတဲ့ စိတ်ကို အတင်းအကျပ်ဖိအားပေးနေတာတွေဟာ စိတ်ကော လူကောပိုမိုပြီး ပင်ပန်းစေပါတယ်။ ရလာတဲ့ ရလဒ်ကလည်း စစ်မှန်မှုမရှိပဲ […]

ဖယ်ထုတ်ပစ်နိုင်တဲ့ ကိုယ်တွင်းအစိတ်အပိုင်းများ 

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ ကိုယ်စီထမ်းဆောင်ရတဲ့ အခန်းကဏ္ဍတွေ ရှိကြပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ အရေးကြီးတယ်ဆိုပေမယ့် တစ်ချို့သော အစိတ်အပိုင်းတွေကို ကျန်းမာရေးလိုအပ်ချက်အရဖြစ်စေ ခန္ဓာကိုယ်ကနေဖယ်ထုတ်ပစ်လို့ရပါတယ်။ ဒီလိုဖယ်ထုတ်ခြင်းဟာ အသက်ဆက်ရှင်နိုင်တယ်ဆိုပေမယ့် နဂိုမူလခန္ဓာကိုယ်အတိုင်း ပြည့်ပြည့်ဝဝမဟုတ်တော့တာကြောင့် ပိုမိုဂရုစိုက်ပြီးတော့ သတိပြုရပါလိမ့်မယ်။ ဒီကနေ့မှာတော့ ခန္ဓာကိုယ်ကနေ ဖယ်ထုတ်နိုင်တဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ အကြောင်းကို ဝေမျှပေးသွားပါမယ်။  Appendix – Appendix လို့ ခေါ်ဆိုတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလေးက ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လုံဆောင်ချက်တွေ မပေးနိုင်တဲ့ အစိတ်အပိုင်းကလေးတစ်ခုပဲဖြစ်ပါတယ်။ သူက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းနားလေးမှာ တည်ရှိပြီးတော့ ကိုယ့်ခန္ဓာအသက်ရှင်ရပ်တည်ရေးအတွက် အထောက်အကူပြုတဲ့ အစိတ်အပိုင်းတွေထဲမှာမပါဝင်ပါဘူး။ ဒါ့ကြောင့်မို့ သူ့ကို ဖယ်ထုတ်လိုက်ခြင်းဟာ ကိုယ်ခန္ဓာအတွက် သိသာတဲ့ သက်ရောက်မှုတွေ မရှိနိုင်ပါဘူး။  Kidney – Kidney ခေါ် […]

ရိုးရှင်းပေမယ့် အစွမ်းထက်တဲ့ ဓာတ်ဆား( သို့ ) Oral Rehydration Salts

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့အရာတွေရဲ့ အရေးပါမှုကို ကျွန်တော်တို့က သတိမပြုမိတတ်ကြပါဘူး။ အချို့အရာတွေဟာ သေးငယ်ပေမယ့် တကယ်တမ်းအရေးကြုံလာတဲ့အခါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပြီးတော့ စွမ်းဆောင်နိုင်တဲ့ အရာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ သိထားကြတဲ့ ဓာတ်ဆားရည်ဆိုတာဟာလည်း အဆိုပါ အရာတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ဓာတ်ဆားရည်ဟာ ဘယ်လိုမျိုးအရေးကြီးတဲ့ အခန်းကဏ္ဍတွေရှိသလဲ ၊ ဘယ်လိုမျိုးစွမ်းဆောင်ရည်တွေ ရှိသလဲဆိုတာကို အားလုံးအတွက် အတူတကွမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။  ဓာတ်ဆား (သို့) Rehydration Salts ကျွန်တော်တို့ အလွယ်ခေါ်ကြတဲ့ ဓာတ်ဆားရည်ဟာ Oral Rehydration Salts လို့ ခေါ်တွင်ပါတယ်။ ဓာတ်ဆားရည်ဟာ ခန္ဓာကိုယ်ရေဓာတ်တွေ ကုန်ခမ်းသွားတဲ့အခါ သောက်သုံးရတဲ့ အရာတစ်ခုဖြစ်ပြီး ဘယ်နေရာမှာမဆို အလွယ်တကူ ဈေးသက်သက်သာသာရဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ဓာတ်ဆားဟာ ဈေးနည်း ၊ သောက်သုံးရလွယ်ကူပြီး […]

မတူညီတဲ့ အတွေးအခေါ်တွေကို လက်ခံသင့်ရဲ့လား ?

ကျွန်တော်တို့ဟာ ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျောက်လုံး အတွေးအခေါ်နဲ့ အယူအဆတွေဟာ အမျိုးမျိုးပြောင်းလဲနေကြပါတယ်။ ငယ်ရွယ်စဉ်က တွေးခေါ်ခဲ့တဲ့ အတွေးအခေါ်နဲ့ အယူအဆတွေဟာ ကိုယ်ကြီးပြင်းရင့်ကျက်လာတဲ့အခါမှာ တစ်မျိုးတစ်ဖုံတွေပြောင်းလဲတတ်သွားပါတယ်။ ဒီလိုပြောင်းလဲလာတာဟာ ဆန့်ကျင်သွားတာမျိုးမဟုတ်ပဲ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေ ကိုယ်မြင်ရတဲ့ ရှု့ထောင့်တွေ ပြောင်းလဲသွားတာကြောင့် ပြောင်းလဲသွားတာမျိုးပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်မမြင်တွေ့ရတဲ့ ရှု့ထောင့်တစ်ခုကြောင့် ကိုယ်တစ်သက်လုံးစွဲထင်ခဲ့တဲ့ အမြင်တွေဟာလည်း အလုံးစုံ ပြောင်းလဲသွားတတ်ကြပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး မတူညီတဲ့ အတွေးအခေါ်အပြောင်းအလဲအယူအဆတွေကို ဘာကြောင့် လက်ခံသင့်သလဲဆိုတာကို ဝေမျှပေးသွားပါတယ်။  ပိုမိုမြင့်မားလာတဲ့ အတွေးအခေါ်ပြောင်းလဲခြင်းဟာ ရင့်ကျက်ခြင်းကို ဆောင်ယူပါတယ်။  ကျွန်တော်တို့ ကလေးဘဝကအသိအမြင်နဲ့ အတွေးအခေါ်ထက် ကြီးပြင်းလာတဲ့ အသိအမြင်အတွေးအခေါ်တွေဟာ များစွာကွာခြားမှုရှိပါတယ်။ ငယ်ရွယ်စဉ်က ရခဲ့တဲ့ အချက်အလက်တွေဟာ အရမ်းကို ကျဉ်းမြောင်းပါတယ်။ ဒါ့ကြောင့်မို့ကျွန်တော်တို့ ငယ်ရွယ်စဉ်မှာ တွေးခေါ်ခဲ့ကြတဲ့ အတွေးအခေါ် ၊ အထင်အမြင် […]

အမျိုးသမီးတွေ သားအိမ်ရေလုံးတည်ခြင်း 

သားအိမ်ထဲမှာ ရေလုံးတည်တယ်ဆိုတာ အမျိုးသမီး ၁၀ ယောက်ရှိရင် ၈ ယောက်လောက်ကြုံတွေ့ရတဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအခြေအနေကြောင့် ဓာတ်မှန်ရိုက်ဖူးတဲ့သူ ၊ ဆေးစစ်ဖူးတဲ့သူတွေကတော့ သတိထားမိတတ်ကြပေမယ့် အများစုဟာ ရေလုံးတည်နေတာကိုတောင် သတိမထားမိတတ်ကြပါဘူး။ ဒီလိုရေလုံးတည်ခြင်းဟာလည်း များသောအားဖြင့် ထိခိုက်နာကျင်တာ ၊ ဘေးထွက်ဆိုးကျိုးရယ်လို့ မရှိတာကြောင့်လည်း သတိမထားမိတတ်ကြတာဖြစ်ပါလိမ့်မယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး အမျိုးသမီးတွေ အဖြစ်များကြတဲ့ သားအိမ်ထဲမှာ ရေလုံးတည်ခြင်းအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဝေမျှပေးသွားပါရစေ။  သားအိမ်ထဲမှာ ရေလုံးလေးများတည်ခြင်း  သားအိမ်ထဲမှာ ရေလုံးလေးတွေ ဖြစ်လာရခြင်းအကြောင်းအရာဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ များသောအားဖြင့် ဓမ္မတာလာတဲ့အချိန်မှာ တည်တာ ၊ ဟော်မုန်းမညီမျှတာ အစရှိတာတွေကြောင့် သားအိမ်ထဲမှာ ရေလုံးလေးတွေ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရဲ့ ဖွံဖြိုးမှုဟာလည်း သားအိမ်ထဲမှာ ရေလုံးတည်စေနိုင်ပါတယ်။ အဆိုပါရေလုံးထဲမှာ […]

ကိုယ့်ကိုဆွဲချနေသော အကျင့်များ (သို့) အောင်မြင်မှုလမ်းစပေါ်က အဟန့်အတားများ 

ကျွန်တော်တို့ရဲ့ နေ့တစ်ဓူဝအကျင့်စရိုက်တွေ စိတ်နေစိတ်ထားတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု များစွာရှိပါတယ်။ စည်းစနစ်တကျ နဲ့ ပုံမှန်တည်ဆောက်ပြီး လည်ပတ်နေတဲ့သူဟာ အနာဂတ်ဟာ တည်ငြိမ်မှုရှိသလို စည်းစနစ်မရှိပဲ ပရမ်းပတာ လှုပ်ရှားသွားလာနေရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ပန်းတိုင်ဟာ တည်ငြိမ်မှုမရှိပဲ အရလှမ်းနိုင်ဖို့ ခဲယဉ်းနေပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ နေ့တစ်ဓူဝ အကျင့်စရိုက်တွေ ၊ စိတ်နေစိတ်ထားတွေဟာ ကိုယ့်အနာဂတ်ရဲ့ အခြေခံအုတ်ချပ်တွေဖြစ်တာကြောင့် သေချာ ဂရုတစိုက်ပြုပြင်တည်ဆောက်ဖို့လိုပါတယ်နော်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ကျွန်တော်တို့ကို အောင်မြင်မှုတွေ ၊ အိမ်မက်တွေ ၊ ပန်းတိုင်တွေနဲ့ အလှမ်းဝေးစေမယ့် အကျင့်စရိုက်တွေ အကြောင်းကို ဝေမျှပေးသွားပါမယ်။  စိတ်အလိုလိုက်တာ (သို့မဟုတ်) ကိုယ့်ဘာသာစောင့်ထိန်းနိုင်စွမ်းမရှိတာ…  ကျွန်တော်တို့ စိတ်ရော ခန္ဓာကိုယ်ရောဟာ သက်တောင့်သက်သာဖြစ်မှုကို အင်မတန် နှစ်ခြိုက်ပါတယ်။ သက်တောင့်သက်သာနေချင်တယ်။ အေးအေးလူလူနေချင်ကြတယ်။ ဒါတွေဟာ သဘာဝပဲ […]

ကျောနာ ၊ ခါးနာ ခြင်းဆိုင်ရာသိစရာများ 

ကျောနာ ၊ ခါးနာခြင်းဟာ တော်တော်များများမှာ အဖြစ်များကြတဲ့ ဝေဒနာတွေပါ။ ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ နာဖူးကြပါလိမ့်မယ်။ ဒီလို ကျော ၊ ခါး နာခြင်းကြောင့် နေရထိုင်ရတာ သက်တောင့်သက်သာမဖြစ်သလို တစ်ခါတစ်ရံ အလွန်အမင်းနာကျင်ကိုက်ခဲခြင်း ၊ ကောင်းကောင်းမွန်မွန် မလှုပ်ရှားနိုင်ခြင်း ၊ အချို့ကိစ္စတွေမှာဆိုရင် အိပ်ယာပေါ်ကနေ မထနိုင်တဲ့အထိကို ပြင်းထန်တတ်ကြပါတယ်။ ဒီလိုအဖြစ်များကြတဲ့ ကျောနာ ၊ ခါးနာခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ဗဟုသုတကနေ ဝေမျှပေးသွားပါမယ်နော်။  ကျောနာ ၊ ခါးနာတတ်တဲ့ ပုံစံများ။  ကျွန်တော်တို့ နောက်ကျော နဲ့ ခါးဟာ အရိုးတွေ ၊ အဆစ်တွေ ၊ ကြွက်သားတွေ နဲ့ ဖွဲ့စည်းထားပါတယ်။ ကျောတွေ ၊ ခါးတွေ နာကျင်ကိုက်ခဲတဲ့အခါ အကြောင်းအရာ အမျိုးမျိုးအပေါ်မူတည်ပြီးတော့ […]

Toxic Person (သို့မဟုတ်) ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေကြသူများ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အင်မတန်ကို စိတ်ရှုပ်စရာ ၊ စိတ်ညစ်ညူးစရာကောင်းတဲ့သူတွေကို မကြာခဏတွေ့ဖူးကြပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ညစ်ညူးစရာကောင်းပုံခြင်းက တူညီချင်မှ တူညီကြပေမယ့် သေချာကြည့်တဲ့အခါ သူတို့မှာ တူညီတဲ့ အကျင့်စရိုက်တွေ ၊ ပုံစံတွေ ရှိနေတာကို သတိထားမိ ပါလိမ့်မယ်။ ဒီလူတွေဟာ မိမိကိုယ်ကို သိသိရဲ့နဲ့ ဖြစ်စေ ၊ မသိလို့ပဲဖြစ်စေ အဆိပ်အတောက်ဖြစ်ပြီး ပတ်ဝန်းကျင်ကို အဆိပ်ခပ်မိနေကြသလို ဖြစ်နေတတ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ပတ်ဝန်းကျင်မှာ မြင်တွေ့ရနေကြ toxic person လို့ခေါ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ သူတွေရဲ့ အမူအကျင့်နဲ့ အကြောင်းအရာတွေကို ဝေမျှပေးသွားပါမယ်နော်။  သူတို့ဟာ တစ်ဖက်သူ တစ်ဖက်အရာတွေကို ထိန်းချုပ်လိုစိတ်ပြင်းထန်တယ်။  ကျွန်တော်တို့ဟာ အနည်းနဲ့အများတော့ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ၊ အရာတွေကို ကိုယ်လိုချင်တဲ့ပုံစံ ၊ ကိုယ်လိုအပ်တဲ့ […]

နည်းပညာနဲ့ဆက်စပ်ပြီး ဝင်ငွေအကောင်းဆုံး အလုပ်အကိုင်များ 

ကျွန်တော်တို့ဟာ နည်းပညာတွေ တိုးတက်မှု မြန်ဆန်တဲ့ ခေတ်ကာလကြီးမှာ ရှင်သန်နေကြရပါတယ်။ ယခုလို ခေတ်ကာလကြီးမှာ အရင်ကလို ကိုယ်ကာယသုံးပြီး လုပ်ကိုင်ရတာထက် ဉာဏကို ကိုသုံးပြီး လုပ်ကိုင်ကြရတာပိုမိုများပြားပါတယ်။ ဒါ့အပြင် ခေတ်ရေစီးကြောင်းအရ နည်းပညာပိုင်းဆိုင်ရာတွေကို ကောင်းမွန်စွာ အသုံးချတတ်တဲ့သူတွေကို အများအပြားလိုအပ်နေပြီး ဒီနေရာတွေကို လုပ်ကိုင်နိုင်ဖို့ဟာ ကျွမ်းကျင်ခိုင်မာတဲ့ အရည်အချင်းတွေရှိဖို့ လိုအပ်တာမို့ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပတ်သတ်တဲ့ အလုပ်တွေဟာ အမြဲတမ်းဝင်ငွေကောင်းနေတဲ့ အလုပ်တွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီးတော့ နည်းပညာရေးဆိုင်ရာကဏ္ဍကနေ ဝင်ငွေအများဆုံးရရှိနိုင်တဲ့ အလုပ်အချို့ကို ဝေမျှပေးသွားပါမယ်နော်။  ၁။ Developers  နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပြောရရင်တော့ developers တွေဟာ မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြ Social Media Platform တွေကနေပြီး နည်းပညာပိုင်းဆိုင်ရာ ပတ်သတ်သမျှဟာ developers တွေရဲ့ ဖန်တီးရေးဆွဲမှုတွေကနေပေါ်ပေါက်လာတာပါ။ […]