Bahuthuta Corner.com

ကင်ဆာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ 

ကင်ဆာဆိုတာဟာ ကျွန်တော်တို့ ကြားဖူးကြပါလိမ့်မယ်။ ကုသဖို့ ဆေးမရှိတော့သလို ကင်ဆာဖြစ်ပြီ ဆိုတာနဲ့ ဘဝကြီးဟာ ပြီးဆုံးသွားပြီလို့ ထင်ခဲ့ကြပါလိမ့်မယ်။ ဒါတွေက ကျွန်တော်တို့ ကင်ဆာနဲ့ ပတ်သက်ပြီးသေသေ ချာချာမသိခဲ့ကြလို့ ဒီလိုမျိုးတွေ မှတ်ယူခဲ့ကြတာပါ။ တကယ်တမ်းမှာ ကင်ဆာဝေဒနာ ခံစားရတဲ့အခါ အခြေအနေမလွန်ခင်အထိ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်ပါတယ်။ ဒီကနေ့မှာတော့ ကင်ဆာဝေဒနာ ခံစားရတာနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ဗဟုသုတကနေပြီး ဝေမျှပေးသွားပါမယ်။  ကင်ဆာဆိုတာဘာလဲ။ ရောဂါ တစ်မျိုးလား၊  ကင်ဆာဆိုတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းက မဟုတ်ပဲ ပြင်ပက ဆဲလ်တစ်ခုခုဟာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းမှာ တွယ်ငြိပြီး အထိန်းအချူပ်မရှိတဲ့ တိုးပွားလာတဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေ တွယ်ငြိရာ ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ်ကို မူတည်ပြီး ကင်ဆာဟာ အမျိုးမျိုး ရှိပါတယ်။ ကင်ဆာဆဲလ်တွေဟာ ကိုယ်တွင်းကဆဲလ်တွေမဟုတ်ပဲ ထိန်းချူပ်လို့ မရတာကြောင့် […]

နှစ်နှစ်ခြိုက်ခြိုက်မအိပ်စက်ရတဲ့ ဝေဒနာများ 

အများသူငါအိပ်စက်အနားယူနေတဲ့အချိန်မှာ ကိုယ်ကမအိပ်နိုင် ၊ အနားမယူနိုင်ဖြစ်နေတာဟာ အတော်ကို ဆိုးရွားပါတယ်။ အိပ်စက်အနားယူချင်ပေမယ့် အိပ်လို့ မရတာ ၊ အိပ်မပျော်တာတွေဟာ ရေရှည်မှာ ကိုယ့်ကျန်းမာရေးကိုသာမက ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေရှိလာစေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အိပ်ဆေးသောက်ပြီး ဖြေရှင်းလိုက်ပေမယ့် တကယ်တမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ရေးဝသလို မခံစားရသလို အိပ်ယာက နိုးလာတဲ့အခါမှာလည်း ပင်ပန်းနှုံးချိနေတတ်တာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ညအိပ်ရခက်တဲ့သူတွေ ကြုံတွေ့ရတဲ့ ဝေဒနာတွေ ၊ ဘယ်လိုမျိုး အဆင်ပြေအောင်လုပ်လို့ရနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။  ညဘက်အိပ်ရခက်စေတဲ့ ရောဂါဝေဒနာများ  ညဘက်တွေ အိပ်မပျော်စေတာဟာ တစ်ယောက်နဲ့ တစ်ယောက်အခြေအနေတွေမတူညီကြပါဘူး။ အိပ်ပျော်ခြင်းကို အဟန့်အတားဖြစ်စေတဲ့ ဝေဒနာတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ များသောအားဖြင့်  – Insomnia ( အိပ်ပျော်ရခက်ခဲစေခြင်း ၊ လူကို အိပ်မပျော်အောင် လှုံဆော်ခြင်း )  […]

အဖိုးအခနည်းပြီးကျန်းမာစေတဲ့ နေ့စဉ်စားစရာများ 

ကျွန်တော်တို့ နေ့စဉ်စားသောက်ရတာတွေက ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ဟာ ကျန်းမာလှုပ်ရှားသွားလာလုပ်ကိုင်နိုင်ဖို့အတွက် စွမ်းအင်တွေ ၊ အာဟာရတွေ ပြည့်ဝဖို့အရေးကြီးပါတယ်။ တစ်ချို့အစားအစာတွေဟာ ဗိုက်ပြည့်တယ်ဆိုပေမယ့် အာဟာရတွေ စွမ်းအင်တွေမပြည့်ဝတာမို့ ပြည့်ပြည့်ဝဝအကျိုးမရှိပါဘူးနော်။ တန်ဖိုးများမှ အာဟာရပြည့်ဝအောင် စားနိုင်တာမျိုးမဟုတ်ပဲ အဖိုးအခနည်းနည်းနဲ့ အာဟာရပြည့်ပြည့်ဝဝရအောင် စားနိုင်တဲ့ အစားအစာတွေလည်း အများကြီးရှိပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်တို့ နေ့စဉ်စားသောက်ဖို့အတွက် ပတ်ဝန်းကျင်မှာ အလွယ်တကူဝယ်လို့ရနိုင်ပြီးတော့ အဖိုးအခနည်းနည်း နဲ့ ကျန်းမာစေဖို့ စားနိုင်တာတွေကို ဝေမျှပေးသွားပါမယ်နော်။  ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံများ  ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကတော့ ဘယ်အစားအစာမှာမဆို မပါမဖြစ်အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေ အသီးအနှံတွေကများသေားအားဖြင့် လိုအပ်တဲ့ ဗီတာမင်တွေ ၊ ဖိုင်ဘာတွေ အခြားသော အာဟာရတွေ ကြွယ်ဝစွာ ပါဝင်တာမို့ မဖြစ်မနေစားသုံးရပါမယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုရင် ခရမ်းချဉ်သီး ( […]

Moody ဖြစ်နေတဲ့အခါ 

Mood ဖြစ်နေတယ်ဆိုတဲ့ စကားကို Social Media မှာ မြင်ဖူးတွေ့ဖူးကြမှာပါ။ စိတ်ပင်ပန်းနေတာ ၊ စိတ်ဖိဆီးနေတာ ၊ စိတ်ဓာတ်ကျနေတဲ့အခါတွေမှာ သုံးနှုံးကြပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ နေ့ရက်တိုင်းက လန်းဆန်းတက်ကြွဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်လေမှာ စိတ်ပင်ပန်းနေတာတွေ ၊ စိတ်ဖိဆီးတာတွေကြောင့် စိတ်ဓာတ်ကျသလိုမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါမှာ လူကထိုင်းမှိုင်းပြီးတော့ နေလို့ထိုင်လို့မကောင်းပဲ ကိုယ်လုပ်စရာရှိတာတွေမလုပ်နိုင်တော့ပဲ လူက စိတ်တွေထွေပြီး လေနေလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဗဟုသုကနေ ဒီလိုမျိုးဖြစ်တဲ့အခါ ဘယ်လိုမျိုးကျော်ဖြတ်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေ မျှဝေပေးသွားပါမယ်။  ကိုယ်လက်လှုပ်ရှားမှုတစ်ခုပြုလုပ်ပါ။  ဘာမှမလုပ်ပဲ နေနေခြင်းက ပိုပြီးဆိုးစေပါတယ်။ ငြိမ်နေတဲ့အတွက် သွေးလေလှုပ်ရှားမရှိတော့ပဲနဲ့ ပိုပြီးထိုင်းမှိုင်းစေပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကိုယ်ဟာ ဘာမှမလုပ်ပဲနေနေမယ့်အစား လမ်းထလျှောက်တာမျိုး ၊ လေ့ကျင့်ခန်းလုပ်တာမျိုး အစရှိတာမျိုးလုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဟာ Endorphins ကို ထွက်စေပါတယ်။ Endorphins […]

Extended Response အကောင်းဆုံးရေးသားနိုင်ဖို့….

GED ဘာသာရပ်မှာ များသောအားဖြင့် စာရေးရတာနည်းပြီး အဖြေမှန်ကိုရွေးခြယ်ပေးရတာ များပါတယ်။ Grammer လိုစာတောင်မှပဲ Multiple အဖြေလေးတွေကနေရွေးထုတ်ပေးရတာပါ။ စာအများစု ရေးသားရတာဆိုလို့ RLA ရဲ့ extended response တစ်ခုလောက်ပဲရှိပါတယ်။ အချိန်အားဖြင့် ၄၅ မိနစ်အတွင်းမှာ စာလုံးရေ ၃၀၀ – ၅၀၀ အတွင်းဝင်အောင်ရေးပေးရတဲ့ essay အမျိုးအစားတစ်ခုပဲဖြစ်ပြီး ကျွန်တော်တို့ သင်ကြားခဲ့ဖူးတွေ့ခဲ့ဖူးတဲ့ essay တွေနဲ့ ရေးသားဟန်မတူပါဘူး။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး GED ဖြေဆိုမယ့် ကျောင်းသားတွေအတွက် extended response ကို ဘယ်လိုမျိုးရေးသား နိုင်လဲဆိုတာကို ဝေမျှပေးသွားပါတယ်။  RLA ရဲ့ extended response သဘောတရား  GED မှာရေးသားရတဲ့ Extended Response ဟာ ပေးထားတဲ့ စာ […]

Ketamine (ခ) K အကြောင်းသိကောင်းစရာ 

ယခုခေတ်လူငယ်တွေကြားမှာ လူသိများထင်ရှားတဲ့ K အရှည်ကောက်ဟာ Ketamine ပါ။ Ketamine ကို ကနဦးကာလတွေမှာ ထုံဆေး ၊ မေ့ဆေးအဖြစ် အသုံးပြုကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ K ခေါ် Ketamine ကို ပါတီ တွေ ၊ ကလပ်တွေမှာ မူးယစ်ဆေးဝါးတစ်ခုအဖြစ်အများအပြားသုံးပြုလာကြပါတယ်။ K ကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုလာကြပေမယ့် တကယ်တမ်းမှာ သူ့ရဲ့စတင်တွေ့ရှိခဲ့မှုတွေ ၊ လက်တွေ့ အသုံးချ မှုတွေဟာ မူးယစ်ဆေးဝါးတစ်ခုထက် ပိုမိုတဲ့ အကျိုးသက်ရောက်မှုှတွေရှိပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး K လို့ ခေါ်တဲ့ Ketamine အကြောင်းကို ပိုမိုသိရှိကြစေဖို့ မျှဝေပေးချင်ပါတယ်။  K (ခ) Ketamine မူလပထမပေါ်ပေါက်လာခဲ့ပုံ  K လို့ သိကြတဲ့ Ketamine ကို […]

တစ်စုံတစ်ယောက်ကို အတိတ်မှာ ချန်ထားခဲ့ခြင်း ( သို့ ) Move On လုပ်နိုင်ဖို့အတွက် ..

ကျွန်တော်တို့မှာ မေ့ပျောက်ချင်တဲ့ အကြောင်းအရာတွေ ၊ အမှတ်တရတွေ ၊ အတိတ်တွေ ကိုယ်စီရှိကြမှာပါပဲ။ မေ့ပျောက်နိုင်ဖို့ဆိုတာထက် အခုလက်ရှိအချိန်ထိ အတိတ်ကဖြစ်ရပ်တွေဟာ ကိုယ့်ကို လာရောက်သက်ရောက်နေတာ။ ကိုယ်က သတိရနေတာ ၊ စိတ်ထဲမှာ စွဲလန်းနေတာတွေဟာ အရှေ့ကို ဆက်မယ့် ခရီးတစ်ခုအတွက် ကြီးမားတဲ့ အနှောက်အယှက်တစ်ခုပါ။ တစ်ချို့လူတွေဟာ လွယ်လွယ်ကူကူပဲ ဖြတ်ကျော်လာနိုင်ပေမယ့် တော်တော်များများဟာ အတိတ်က တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို မေ့ပျောက်ပြီး အရှေ့ဆက်လာနိုင်ဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။ ဒီလိုမျိုးခက်ခဲတဲ့သူတွေအတွက် ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲဆိုတဲ့ အချက်ကလေးတွေကို ဗဟုသုတကနေပြီး မျှဝေပေးချင်ပါတယ်။  အတိတ်ကို အတိတ်မှာပဲချန်ခဲ့ပါ။  ဒီအချက်ကတော့ အားလုံးအတွက် အခြေခံအကျဆုံးဖြစ်ပါလိမ့်မယ်။ ဖြစ်ပြီးတဲ့ ကိစ္စတွေကို ပြင်လည် ပြုပြင်လို့မရပါဘူး။ အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ ဖြစ်ခဲ့ပြီးပါပြီ။ ကိုယ်ပြန်လည်ပြင်ဆင်လို့မရတဲ့ ဖြစ်ရပ်တွေဆိုတာကို […]

ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ခြင်း 

ကျွန်တော်တို့ ဘဝကြီးမှာ လူအမျိုးမျိုးဆက်ဆံရေးအမျိုးမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါလိမ့်မယ်။ တစ်ချို့သောသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိသလို တစ်ချို့တွေနဲ့လည်း ပေါင်းရသင်းရတာ အဆင်မပြေလို့ လမ်းခွဲခဲ့ရတာတွေလည်း ကြုံခဲ့ဖူးကြမှာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဖြစ်စေ ၊ လုပ်ငန်းခွင်မှာဖြစ်စေ ၊ လူမှုရေးတွေမှာဖြစ်စေ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိတာက ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ရရှိစေပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ခြင် စိတ်ရှိပေမယ့် ဘယ်လိုမျိုးတွေဟာ အရေးကြီးသလဲ ၊ လုပ်ဆောင်သင့်သလဲဆိုတာတွေကို သတိပြုမိဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီနေ့မှာတော့ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ အချက်အလက်လေးတွေကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားမှာပါ။  အပြန်အလှန်ဆက်သွယ်မှုရှိခြင်း  မိသားစုဝင်တွေနဲ့ ဆက်ဆံရေးဖြစ်ဖြစ် ၊ လုပ်ငန်းခွင်ဆက်ဆံရေးဖြစ်ဖြစ် ၊ သမီးရည်းစား သူငယ်ချင်းဆက်ဆံရေး ဖြစ်ဖြစ် ဘယ်ဆက်ဆံရေးတွေမဆို အပြန်အလှန်ဆက်သွယ်မှုရှိဖို့က အင်မတန်အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ အပြန်အလှန်ဆက်သွယ်မှုရှိခြင်းဆိုတာဟာ […]

Things to know all about GED

GED ဖြေဆိုချင်ကြတဲ့သူတွေအတွက် အခုလက်ရှိမှာတော့ GED ကို ဖြေဆိုကြတဲ့ သူတွေအလွန်အမင်းများပြားလာတာပဲဖြစ်ပါတယ်။ အလွန်အမင်းများပြားလာတာနဲ့ အမျှ GED အကြောင်းကို သေချာသိတဲ့သူတွေလည်းရှိသလို GED ဆိုတာဘာလဲ ၊ ဘယ်လိုဖြေဆိုရတာလဲဆိုတာကို ရေရေရာရာမသိကြသေးတဲ့သူတွေလည်း အများအပြား ရှိကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီး GED ကို ဖြေဆိုကြမယ့်သူတွေ ၊ GED ဆိုတာ ဘာလဲ မသိသေးတဲ့သူတွေအတွက် သိသားသင့်သမျှကို ဝေမျှပေးပါမယ်။  GED ဆိုတာဘာလဲ။  GED ဆိုတာက U.S က ပညာရေးအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ မူလပထမကတော့ ကမ္ဘာ့စစ်အတွင်းမှာ တာဝန်ထမ်းဆောင်ရတဲ့ စစ်မှုထမ်းတွေ ပြန်တမ်းဝင်တဲ့အခါမှာ သာမန်လူနေမှု့ဘဝထဲကို ပြန်လည်ဝင်ရောက်တဲ့အခါ လစ်လပ်သွားတဲ့ ပညာရေးတွေ ၊ အသိပညာ ၊ ဗဟုသုတတွေကို အချိန်တိုအတွင်းမှာ လေ့လာသင်ယူနိုင်အောင် လုပ်ထားတဲ့အစီစဉ်တစ်ခုပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းတွေမှာတော့ […]

အသံတိတ်လူသတ်သမား (သို့) သွေးတိုးခြင်း 

ကျွန်တော်တို့ လူငယ်တွေမှာ မသိသာပေမယ့် အသက်ရလာတဲ့ လူကြီးတွေမှာ သွေးတိုးခြင်းဟာ အမြဲမြဲလိုလိုတွေ့ရတတ်ပါတယ်။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ လူငယ်တွေသွေးတိုးတတ်ပေမယ့် မသိသာတာကြောင့် မသိလိုက်တာမျိုး တွေဖြစ်တတ်ပါတယ်။ သွေးတိုးခြင်းဟာ အသက်အရွယ်ငယ်တဲ့သူတွေ ၊ အချို့သူတွေမှာ သိသာထင်ရှားတဲ့ လက္ခဏာဝေဒနာတွေကိုမပြသလို့ အသံတိတ်လူသတ်သမားလို့ လည်းသိကြပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေ သွေးတိုးခြင်းနဲ့ ပတ်သတ်ပြီးသိသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးသွားပါမယ်။  သွေးတိုးခြင်း။  သွေးတိုးခြင်းဆိုတာဟာ ကိုယ်တွင်းမှာရှိတဲ့ သွေးဖိအားနှုန်းတွေ သာမန်ထက် ပိုမိုလွန်ကဲလာတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ပုံမှန်ရှိသင့်ရှိထိုက်တဲ့ သွေးဖိအားနှုန်းထက် ပိုမိုများနေပြီဆိုရင် သွေးတိုးနေပြီလို့မှတ်ယူလို့ရပါတယ်။ သာမန်သွေးဖိအားက ပုံမှန်အားဖြင့် 120/80 mm Hg ရှိပြီး ဒီ့ထက်ပိုများနေပြီဆိုရင် သွေးတိုးနေပါပြီ။  သွေးတိုးခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာများ…. သွေးတိုးခြင်းဟာ များသောအားဖြင့် မျိုးရိုးလိုက်တတ်ကြပါတယ်။ ကိုယ့်အဖိုးအဖွားတွေ ၊ […]