စိတ်ဖိစီးမှုတွေရဲ့ သက်ရောက်မှုများ
ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ များနေတဲ့ ဘဝကြီးတစ်ခုမှာ တစ်ရက်မဟုတ် တစ်ရက် ၊ တစ်ချိန်မဟုတ် တစ်ချိန် စိတ်ဖိစီးစရာကိစ္စတွေ ကြုံတွေ့ရနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ အချိန်တို အတိုင်းအတာလေးပဲဖြစ်ပေမယ့် အချိန်ကာလကြာမြင့်စွာ စိတ်ဖိစီးလာတဲ့အခါ ကျွန်တော်တို့အပေါ်ကို သက်ရောက်မှုများစွာရှိလာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ ကြာမြင့်လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အမျိုးမျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတနေပြီး ဘယ်လိုမျိုး သက်ရောက်မှုတွေရှိသလဲဆိုကို ရေးသားဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ရုပ်ဆိုင်းဆိုင်ရာ ကျန်းမာရေး သက်ရောက်မှုများ အချိန်ကာလကြာမြင့်စွာ စိတ်ဖိစီးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသိသိသာသာထိခိုက် စေပါတယ်။ နာတာရှည် စိတ်ဖိစီးလာတဲ့အခါမှာ သွေးပေါင်ချိန်များမြင့်တက်လာစေပြီး နှလုံးနဲ့ ပတ်သတ်တဲ့ ဝေဒနာများကို ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် အစာစားချိန်မမှန်ခြင်း ၊ အိပ်စက်ခြင်း မမှန်ခြင်းတွေကြောင့် ကိုယ်ခံအားစနစ်ကျဆင်းပြီး အလွယ်တကူ ရောဂါများ […]
စိတ်ကျမှုတွေ ကြုံလာရတဲ့အခါ
ကျွန်တော်တို့တွေမှာ စိတ်ဓာတ်ကျတဲ့ အချိန်တွေဆိုတာရှိတတ်ကြပါတယ်။ ကိုယ့်ကို သက်ရောက်လာတဲ့ ပတ်ဝန်းကျင်ဖိအားတွေ ၊ ကိုယ်မလုပ်နိုင်တဲ့အခါ ကြုံလာရတဲ့ အခြေအနေတွေ ၊ စိတ်ပင်ပန်းစရာတွေ များပြားလာတဲ့အခါမှာဘယ်လောက်ပဲ သန်မာတယ်ပြောပြော အနည်းနဲ့ အများတော့ စိတ်ဓာတ်ကျလာကြမှာ ပါပဲ။ တစ်ချို့တွေဟာ စိတ်ဓာတ်ကျတဲ့ အခြေအနေကို ဖြတ်ကျော်လာနိုင်ကြပေမယ့် တစ်ချို့တွေကတော့ ဘဝကြီးကို အရှုံးပေးလိုက်တတ်ကြပါတယ်။ စိတ်ဓာတ်ကျတဲ့ အခါ ဘဝကြီးကို အရှုံးပေးလိုက်ရခြင်းဟာ မှန်ကန်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ဘဝကြီးကို အရှုံးပေးပြီး ထွက်သွားပေမယ့် ကျန်ခဲ့တဲ့ မိသားစုဝင်တွေ ၊ ကိုယ့်ကိုချစ်တဲ့သူတွေကို ဒီလိုမျိုး ဥပေက္ခာပြုပြီးထွက်သွားတာဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရက်တစ်ခုမျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့မှာတော့ စိတ်ဓာတ်ကျတဲ့အခါ ဘယ်လိုမျိုး ပြန်လည်ကုစားနိုင်မလဲ ၊ စိတ်ဓာတ်ကျတဲ့သူတွေကို ဘယ်လိုမျိုး ဖေးမ ကူညီနိုင်မလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါတယ်။ […]
စာဖတ်ခြင်းကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
ကျွန်တော်တို့ က ငယ်ငယ်ကတည်းကနေ စာဖတ်ဖို့အတွက် တိုက်တွန်းခံခဲ့ရသလို ၊ စာဖတ်ခြင်းက ကောင်းတယ်ဆိုတာကို အမြဲတမ်းလိုလို ကြားသိခဲ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်း စာဖတ်ခြင်းဟာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေရနိုင်သလဲဆိုတာကိုတော့ တစ်ယောက်မှ သေသေချာချာ မပြောပြခဲ့ဖူးသလို ကိုယ်တိုင်လည်း စေ့စေ့စပ်စပ်တွေးမိဖြစ်ခဲ့တာက ရှားပါတယ်။ တကယ်တမ်း စာဖတ်ခြင်းဟာ အကျိုးကျေးဇူးတွေ ရတယ်ဆိုပေမယ့် ကိုယ့်အတွက် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို သတိမထားမိတတ်ကြပါဘူး။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီးတော့ စာဖတ်ခြင်းကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်းကို တစ်ခုချင်းစီ မျှဝေပေးသွားပါတယ်။ ၁။ စာဖတ်ခြင်းက စိတ်ကူးတွေ ၊ ဖန်တီးနိုင်စွမ်းတွေကို တိုးတက်စေပါတယ်။ စာတွေကိုအမြဲတမ်းဖတ်တဲ့သူတွေဟာ သာမန်သူတွေထက်စာရင် ပိုမိုပြီးကျယ်ပြန်တဲ့ စိတ်ကူးတွေ ၊ ဖန်တီးနိုင်စွမ်းတွေ မြင့်မားတတ်ကြပါတယ်။ စာဖတ်တဲ့အခါမှာ ကိုယ်ဖတ်နေတဲ့ စာအုပ်အပေါ်ကို မူတည်ပြီးတော့ စိတ်ကူးထဲမှာ ပုံဖော်တတ်ခြင်းဟာ […]
ကော်ဖီတစ်ခွက် ကပေးနိုင်တဲ့ ကျန်းမာရေး
ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကော်ဖီတစ်ခွက်က မပါမဖြစ်လို့ကို ဖြစ်နေပါတယ်။ အထူးသဖြင့် မနက်ခင်း ပိုင်းတွေ အိပ်ယာနိုးပြီးကာစဖြစ်စေ ၊ အလုပ်မလုပ်ခင်မှာဖြစ်စေ ကော်ဖီတစ်ခွက်သောက်ပြီး တစ်နေ့တာကို စတင်တတ်ကြပါတယ်။ ကော်ဖီ သောက်ခြင်းအားဖြင့် လူကို လန်းဆန်းစေပြီး ဦးနှောက်ကို ပိုမို အလုပ်လုပ်နိုင်စေတယ်။ လူကို ပိုပြီးတက်ကြွစေတယ်လို့လည်း ယုံကြည်ထားကြပါတယ်။ တကယ်တမ်းမှာ ကော်ဖီ တစ်ခွက်က သာမန်ထက် ပိုတဲ့ ခန္ဓာကိုယ်ကို အထောက်အကူဖြစ်စေတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ ကော်ဖီတစ်ခွက်ကို ပုံမှန်သောက်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဝေမျှရေးသားပေးသွားပါမယ်။ ၁။ ကော်ဖီသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်ပေါ်စေပါတယ်။ ကော်ဖီသောက်တဲ့သူတွေဟာ သာမန် မသောက်တတ်တဲ့သူတွေထက်စာရင် ၁၇ ရာခိုင်နှုန်းသေဆုံးနိုင်ချေနည်းပါးတယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်တမ်းတွေအရ ကော်ဖီသောက်သုံးတဲ့သူတွေဟာ မသောက်တဲ့သူတွေထက် နှလုံးရောဂါ […]
ဖိနှိမ်ခံထားရတဲ့ အမျိုးသားတွေ
ခေတ်အဆက်ဆက်မှာလည်း အမျိုးသားတွေဟာ ဖိနှိမ်ခံထားရတယ်။ ဒီလိုပြောရင် တစ်ချို့တွေက ဟုတ်ရဲ့လား။ တကယ်မှမဟုတ်တာ။ အမျိုးသားတွေဟာ အမြဲတမ်းဦးဆောင်သူ ၊ အရေးပါသူ ၊ စံနှုန်းတွေရဲ့တိုင်းတာသူ ၊ အခွင့်အရေးအရဆုံး သက်ရှိမျိုးစိတ်တစ်ခုလို့ ပြေးမြင်တတ်ကြပါတယ်။ အမျိုးသား လို့ဆိုလိုက်တာနဲ့ အလိုလိုနေရင်း အရေးပါအရာရောက်တဲ့သူတစ်ဦးဖြစ်သွားတာမျိုး။ နိုင်ငံတစ်ခုလုံးကနေစပြီး ကိုယ့် မိသားစုမှာတောင် အမျိုးသား တစ်ဦး ရဲ့ သြဇာအာဏာက အမျိုးသမီးဖြစ်သူထက် ပိုပြီးတော့ သက်ရောက်မှုတွေပိုရှိပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာဖြစ်စေ ၊ ပတ်ဝန်းကျင်မှာဖြစ်စေ အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ၊ နေရာတစ်ဦးကို ရွေးခြယ်တဲ့အခါမှာ အမျိုးသားတွေကပဲ အမြဲတမ်း ဦးဆောင်နေတတ်ကြပါတယ်။ ဒီလိုမျိုး အခွင့်အရေးတွေ ရရှိနေတဲ့ အမျိုးသားတွေဟာ ဖိနှိမ်ခံထားရတယ်ဆိုတာ မဖြစ်နိုင်လောက်ပါဘူးလို့ပဲ တွေးမိခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်ကနေ ယနေ့ထိတိုင်အောင် လူအများစုအပေါ်သက်ရောက်နေတဲ့ မဟာဖိုဝါဒီဟာ အမျိုးသား […]
မီးလောင်ရာ လေပင့်တတ်တဲ့ အကျင့်စရိုက် (သို့) လွယ်လင့်တကူ အပြစ်တင်ခြင်း
ကျွန်တော်တို့ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ ပတ်ဝန်းကျင်မှာပဲဖြစ်စေ တအားကို အပြစ်တင်တတ်တဲ့သူတွေ ကို ကြုံတွေ့ခဲ့ရဖူးပါလိမ့်မယ်။ ရံဖန်ရံခါမှာ ကိုယ့်ဘာသာတောင် မသိပဲနဲ့ ကိုယ်ဟာ ဒီလူတွေထဲမှာ ပါဝင်သွားတတ်ပါတယ်။ အခုလိုမျိုး အခက်အခဲတွေ စိတ်ဖိဆီးစရာတွေများပြားလာတဲ့အချိန် ၊ အခြေအနေ အရပ်ရပ်က ခက်ခဲတဲ့အချိန် ၊ ကိုယ့်အတွက် ဖိအားတွေများလာတဲ့အချိန်တွေမှာ လူတွေဟာ အလွယ်တကူ အပြစ်တတ်ကြပါတယ်။ ဒီလိုအပြစ်တင်လိုက်ခြင်းအားဖြင့် ကိုယ့်ပြဿနာတွေအပေါ်ခံစားနေရတဲ့ ဝန်တွေပေါ့သွားတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ ပြဿနာတွေဟာ ပြေလည်သွားတတ်တာမျိုးမဟုတ်ပါဘူးနော်။ ဒါ့ကြောင့်မို့လို့ ဒီနေ့မှာတော့ အပြစ်တင်ခြင်းဟာ တကယ်တမ်း အကျိုးရှိ ၊ ကောင်းမွန်တတ်တဲ့ အကျင့်တစ်ခုလားဆိုတာကို ဗဟုသုတနဲ့ အတူတူ စဉ်းစားကြည့်ရအောင်နော်။ ၁။ အပြစ်တင်လိုက်ခြင်းဟာ ဖြေရှင်းနည်းတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ခံစားနေရတဲ့ ဖိအားတွေကို တစ်ခြားသူတစ်ယောက်ကို ပုံချလိုက်တာ ၊ အာရုံပြောင်းလိုက်တာ ၊ […]
Social Study ဖြေဆိုမယ့် သူတိုင်းသိထားသင့်တဲ့ Amendments များ
Social Study လို့ ပြောလိုက်ရင် ကျွန်တော်တို့ရင်းနှီးကျွမ်းဝင်မှုမရှိတာကြောင့် ဘယ်အရာတွေကို စတင်လေ့လာရမလဲမသိသလို ဘာတွေမေးမှန်းမသိကြလို့ စိုးရိမ်ပူပန်တတ်ကြပါတယ်။ Social Study မှာ အမေရိကန်နိုင်ငံ သမိုင်းကြောင်း ၊ ဖွဲ့စည်းတည်ဆောက်ပုံ ၊ အခြေခံဥပဒေ ၊ ထင်ရှာကျော်ကြားတဲ့ အမှုအခင်းတွေ ၊ နိုင်ငံရေးအရွေ့အပြောင်းဖြစ်မှုတွေ အကြောင်းကို သိရှိထားရမယ့်လို့ သိကြပေမယ့် အကြောင်းအရာတွေက များပြားလွန်းတဲ့အတွက် ဘယ်နေရာကနေဘယ်လို စတင်ပြီး ရှာဖွေလေ့လာရမလဲ ဆိုတာက ကျောင်းသား၊ကျောင်းသူတိုင်းကြုံတွေ့ရတဲ့ အခြေအနေတစ်ခုပါ။ ဒီနေ့မှာတော့ Social Study မှာ မဖြစ်မနေသိကို သိထားရမယ့် စာမေးပွဲတိုင်းမှာလည်း အမြဲတမ်းပါဝင်နေတတ်တဲ့ Amendments များအကြောင်းကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။ Amendment ဆိုတာဟာ ဘာလဲ။ Amendment ဆိုတာဟာ ရိုးရိုးရှင်းရှင်း အဓိပ္ပာယ်ဖွဲ့ဆိုရရင်တော့ စာရွက်စာတမ်းတွေမှာ ပါဝင်တဲ့အချက်အလက် […]
လန်းဆန်းတက်ကြွတဲ့ တစ်နေ့တာ ဖြစ်စေဖို့
နေ့ရက်တိုင်းဟာ ကျွန်တော်တို့အတွက် လန်းဆန်းတက်ကြွပြီးတော့ တစ်နေကုန်အားအင်တွေ အပြည့်နဲ့ ဖြတ်သန်းနိုင်မယ့်နေ့ရက်တွေမဟုတ်ပါဘူး။ တစ်ချို့ရက်တွေမှာ လေးလံထိုင်းမှိုင်းနေမယ်။ တစ်ချို့ရက်တွေမှာ လုပ်ချင်ကိုင်ချင်စိတ်တွေပျောက်စေမယ်။ တစ်ချို့ရက်တွေမှာ ဘယ်သူနဲ့မှ အဆက်အဆံမလုပ်ချင်ပဲ တစ်ယောက်တည်းပဲ မှိုင်ချင် မှိုင်နေမယ်။ အစရှိတဲ့ နေ့ရက်တွေလည်း ရှိနိုင်ပါတယ်။ ဒီနေ့မှာတော့ အကယ်၍ ကျွန်တော်တို့ အိပ်ယာနိုးကတည်းက လူက လေးလံထိုင်းမှိုင်းနေတယ်ဆိုရင် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်အောင်လို့ ကိုယ့်ခန္ဓာကိုယ် နဲ့ စိတ်ကိုယ်ပါ ဘယ်လိုမျိုး လှုံ့ဆော်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးအချို့ကို ဝေမျှပေးသွားပါမယ်။ ၁။ အိပ်ယာက ထတာနဲ့ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး သုံးသပ်ကြည့်ပါ။ အိပ်ယာနိုးတာနဲ့တစ်ခါတည်း တန်းထစရာမလိုပါဘူး။ ကိုယ်အိပ်ယာကနိုးတဲ့အခါ ငါဒီနေ့ ဘာတွေ လုပ်စရာရှိလဲဆိုတာကိုတွေးပါ။ စိတ်ထဲမှာ အစီစဉ်ချကြည့်ပါ။ စိတ်ညစ်စရာတွေ ရှိရင်လည်း အရင်နေ့တွေက ကိုယ်ဘယ်လို ဖြတ်သန်းခဲ့သလိုဆိုတာကို တွေးကြည့်ပါ။ အိပ်ယာက […]
မှန်ကန်ပြီး တိကျတဲ့ ဝိတ်ချနည်းများ
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မလိုချင်တဲ့ ၊ မလိုအပ်တဲ့ အဆီပိုတွေ အများကြီးရှိပါတယ်။ အထိုင်များတဲ့သူတွေ ၊ လှုပ်ရှားမှု နည်းတဲ့သူတွေ ၊ အဆီအစိမ့်တွေ အများအပြားစားတဲ့သူတွေဆိုရင် မလိုအပ်တဲ့ အဆီပိုတွေအပြင် ခန္ဓာကိုယ်ဟာ အလွန်အမင်း အဝလွန်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဆီပိုတွေ အလွန်အမင်းများပြားခြင်းဟာ ခန္ဓာကိုယ်တွေ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ဒီနေ့မှာတော့ ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားပစ်တဲ့အခါမှာ အထင်မှားနေကြတဲ့ အကြောင်းအရာတွေ နဲ့ ဘယ်အရာတွေဟာ တကယ်တမ်း ပိုအကျိုးရှိသလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။ ၁။ ကိုယ်လိုချင်တဲ့ နေရာတွေကိုသာ အဆီချခြင်း။ ကျွန်တော်တို့လူမှုကွန်ရက်တွေ ၊ တခြားသူတွေ ပြောဖူးတာကြားဖူးကြသလို လိုက်လည်း လုပ်ဖူးကြမှာပါ။ ဗိုက်ပူတဲ့အခါ အိပ်ထ မတင်လုပ်တာမျိုး အစရှိတာတွေက နားထောင်တဲ့အခါမှာ […]
ပိရမစ်တွေရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်များ
အီဂျစ်နိုင်ငံ ပိရမစ်တွေဟာ ကမ္ဘာကျော်ပြီး ထင်ရှားပါတယ်။ ဒါ့အပြင် သူနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေဟာလည်း မယ်မယ်ရရ သိရတာမျိုးတွေ မရှိပဲ လူတွေရဲ့ ထင်ကြေးတွေ ၊ ခန့်မှန်းချက်တွေနဲ့ ပြည့်ဝနေပါတယ်။ တစ်ချို့က ဖာရိုဘုရင်တွေရဲ့ အုတ်ဂူတွေလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါဟာ တခြားဂြိုလ်က သက်ရှိတွေနဲ့ အဆက်အသွယ်ရှိလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါတွေဟာ ကြယ်တွေ နက္ခတ်တွေကို လေ့လာဖို့ဆိုပြီး ပြောကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ အခုခေတ်မှာတောင် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတဲ့ ပိရမစ်ကြီးတွေကို လွန်ခဲ့တဲ့ နှစ်ရာထောင်ချီက တည်ဆောက်နိုင်ခဲ့တာကတော့ အင်မတန်ကို နားလည်ရခက်သလို စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုဆိုတာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ ပိရမစ်တွေနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်အလက်ကလေးတွေကို ရှာဖွေလေ့လာပြီး ဝေမျှပေးသွားပါမယ်။ ၁။ အီဂျစ်မှာရှိတဲ့ ပိရမစ်အရေအတွက်ဟာ […]