သိထားသင့်တဲ့ Down Syndrome
Down Syndrome ဆိုပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပါ။ ရံဖန်ရံခါမှာ Down Syndrome ခံစားရတဲ့သူတွေနဲ့လည်း ကြုံတွေ့ဆက်ဆံရဖူးကြမှာပါ။ သိထားရမှာက Down Syndrome ဆိုတာဟာ ရောဂါဝေဒနာ ဆိုတာထက် ခန္ဓာကိုယ်မှာ လိုအပ်တာထက် ပိုမိုတဲ့အရာကို ခံစားရတဲ့ အခြေအနေ တစ်ခုဆိုတာက ပိုမှန်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ Down Syndrome ခံစားရတဲ့သူတွေဟာ ရောဂါခံစားရတဲ့သူတွေ မဟုတ်ပဲ သာမန်ထက်လွန်ကဲတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ သူတွေလို့မှတ်ယူလို့ရနိုင်ပါတယ်။ ဒီကနေ့မှာတော့ Down Syndrome အကြောင်းနဲ့ ပတ်သတ်ပြီးတော့ သိထားရမယ့်အကြောင်းအရာလေးတွေကို ဝေမျှပေးသွားချင်ပါတယ်နော်။ Down Syndrome ဆိုတာဘာလဲ။ Down Sydrome ဆိုတာဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရှိသင့်ရှိထိုက်တဲ့ Chromosomes ပမာဏထက် ပိုရှိတဲ့အခြေအနေမျိုးကို ခေါ်ဆိုတာပါ။ Chromosomes […]
ဝမ်းနည်းစိတ်ပျက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ
ကျွန်တော်တို့ ဘဝမှာ အမြဲတမ်း ပျော်စရာ ၊ စိတ်ခွန်အားဖြစ်ရာ ၊ သတင်းကောင်းတွေချည်း ရှိနေမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ ဝမ်းနည်းပူဆွေးရမယ်။ စိတ်ပင်ပန်းရမယ်။ စိတ်ထိခိုက်ရမယ်။ အစရှိတဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်ကြုံတွေ့ပြီး ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။ ဒီလို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဘယ်လိုမျိုး အကောင်းဆုံး ရင်ဆိုင်သွားရမလဲ ပြီးရင် ဘာဆက်လုပ်ကြရမလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဒီကနေ့မှာ ဝမ်းနည်းစိတ်ပျက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတဲ့အခါဆိုပြီး ဝေမျှပေးသွားပါမယ်။ ဝမ်းနည်းစိတ်ပျက်ခံစားရတဲ့အခါ ခံစားချက်တွေကို လက်ခံပါ။ ကိုယ်ဝမ်းနည်းနေတယ်။ ကိုယ်အရမ်းစိတ်ပျက်မိတယ်။ စိတ်မကောင်းဖြစ်တယ်။ လက်ခံလိုက်ပါ။ ကိုယ့်ခံစားချက်တွေကို အခုချိန်မှာ တွန်းလှန်နေလို့ အကျိုးမရှိပါဘူး။ အခုချိန်မှာလည်း ကိုယ့်ကိုကိုယ် ဖိအားပေးနေလို့လည်း ဘာမှထူးခြားမလာပါဘူး။ ဒါ့ကြောင့်မို့ လက်ခံလိုက်ပါ။ ကိုယ့်ရဲ့ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ပျက်စရာတွေကို ခံစားရတဲ့အတိုင်းလက်ခံလိုက်ပါ။ ကိုယ့်ရဲ့ခံစားချက်တွေအတွက် အချိန်ယူပါ။ ခံစားချက်တစ်ခုက အမြဲတမ်းရှိမနေပါဘူး။ အချိန်အတိုင်းအတာ […]
GED ဖြေဆိုမယ့်အခါ ဘယ်ဘာသာကို အရင်ဆုံးဖြေဆိုသင့်သလဲ။
GED ဖြေဆိုမယ့် ကျောင်းသားတွေအတွက် မဖြစ်မနေ ခေါင်းထဲဝင်လာကြမယ့် မေးခွန်းဟာ ငါတို့ ဘာကို အရင် စဖြေရမလဲဆိုတာပါပဲ။ GED ဟာ ဘယ်လိုဘာသာကို ဘယ်နေ့မှာ ဘယ်တော့ စတင်ဖြေဆိုရမယ်လို့ သတ်မှတ်ထားခြင်းလည်းမရှိသလို ကန့်သတ်ထားခြင်းတွေမရှိတာကြောင့် ကိုယ်အဆင်ပြေတဲ့ ဘာသာကို ကိုယ်အဆင်ပြေတဲ့ နေ့ နဲ့ အချိန်မှာ ဖြေဆိုနိုင်ခြင်းဟာ GED ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ အားသာချက်ဆိုပေမယ့် တကယ်တမ်းဖြေဆိုဖို့အတွက် စာလုပ်ကြတဲ့အခါမှာ ဘယ်ဘာသာကို ကိုယ်တွယ်ရမလဲဆိုတာကို စဉ်းစားရင်းလမ်းတွေပျောက်တတ်ကြပါတယ်။ GED ကိုဖြေဆိုတော့မယ့်အခါ တစ်ချို့တွေက ကိုယ်အရဆုံးဘာသာကို ဖြေဆိုကြတယ်။ တစ်ချို့တွေကတော့ ကိုယ်အပိုင်နိုင်ဆုံးလို့ထင်တဲ့ ဘာသာကို ဖြေဆိုတတ်ကြပါတယ်။ ဒီနေရာမှာ အကြံပေးချင်တာကတော့ တကယ်တမ်း GED ကို စတင်ဖြေဆိုတော့မယ်ဆိုရင် RLA ( Reasoing Through Language Art […]
စာမေးပွဲအတွက် ဘယ်လိုပြင်ဆင်ကြမလဲ
ကျွန်တော်တို့တွေ စာမေးပွဲလို့ အသံကြားရတဲ့အခါ ခေါင်းကိုက်သလို ၊ သွေးတိုးသလို ၊ ဖျားချင်သလို ဖြစ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ကျွန်တော်တို့တွေဟာ စာမေးပွဲဖြေဆိုရမှာထက် စာမေးပွဲမှာ ကိုယ်လေ့လာထားတာတွေ မပါတာမျိုး ၊ ကိုယ်မလေ့လာနိုင်တာမျိုး ၊ အမှတ်နည်းတာမျိုးတွေကို ပိုမို စိုးရိမ်တတ်ကြတာပါ။ ဒီနေ့မှာတော့ ဒီလိုမျိုုး စိုးရိမ်မှုတွေ လျော့ပါးသွားစေဖို့အတွက် စာမေးပွဲကို မဖြေဆိုခင် ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။ ၁။ စာတွေကို လေ့လာတဲ့အခါမှာ တစ်ပြိုင်နက်တည်း အများကြီးလေ့လာတာထက် အပိုင်းကလေးတွေ ဖြတ်ပြီး လေ့လာကြည့်ပါ။ တစ်ခါတစ်လေမှာ စာတွေ တအားဖတ်ဖို့ များလာတဲ့အခါ ဒါမှမဟုတ် စာတွေ ပုံလာတဲ့အခါ ကျွန်တော်တို့တွေဟာ စာတွေကို ကြည့်ပြီးတော့ စိတ်ဖိဆီးလာတတ်ကြပါတယ်။ ဒီလိုအနေအထားမျိုးကို ရောက်လာတဲ့အခါမှာ စာတွေကို ကြည့်ပြီး စိတ်ဖိဆီးနေတာထက် ကိုယ်မဖြစ်မနေလေ့လာရမယ့် […]
ရွေးခြယ်စရာများတဲ့ နေထိုင်မှုဘဝပုံစံများ
ကိုယ်ဟာ တစ်နေ့နေ့မှာ ဘာဖြစ်ရမယ်ဆိုတဲ့ အတွေးတွေရှိပါသလား။ ဒါမှမဟုတ် ကိုယ်ဟာ အနားယူတော့မယ့်အချိန်မှာ ဘယ်လို ဘဝလေးတစ်ခုမှာပဲ ဖြတ်သန်းတော့မယ်ဆိုပြီး တော့ စိတ်ကူးထားတာရှိပါသလား။ ဒါမှမဟုတ် ကိုယ်ဖြတ်သန်းချင်တဲ့ ဘဝနေထိုင်မှုပုံစံတွေကိုကော သိထားပြီးပြီလား။ မသိသေးတဲ့ သူတွေရှိရင် ဒီနေ့မှာတော့ ဗဟုသုတကနေပြီး ရွေးခြယ်မှုများတဲ့ နေထိုင်မှုဘဝပုံစံတွေအကြောင်းကို ဝေမျှပေးသွားပါမယ်နော်။ Active Lifestyle Extrovert လေးတွေအတွက် အဆင်ပြေနိုင်တဲ့ နေထိုင်မှု့ဘဝပုံစံတစ်မျိုးပါပဲ။ အမြဲတမ်း ခွန်အားတွေ ၊ စွမ်းအင်တွေ အပြည့်ရှိနေမယ်။ အမြဲတမ်း လှုပ်ရှားမှုတွေရှိနေမယ်။ အမြဲတမ်း ပတ်ဝန်းကျင်တဲ့ထိတွေ့ဆက်ဆံ မှုတွေရှိတယ်။ ဘယ်နေရာ ဘယ်ပတ်ဝန်းကျင်မှာမဆို ကိုယ်ဟာအများနဲ့ ပေါင်းသင်းဆက်ဆံနိုင်ပြီး ကိုယ်စိတ်ဝင်စားတဲ့ ကိစ္စတွေကို အမြဲတမ်း အားတက်သရော်လုပ်နိုင်ပါတယ်။ ကိုယ့်မှာ ခွန်အားရှိနေသ၍ ကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက အမြဲတမ်း အားအင်တွေနဲ့ အများအမြင်မှာ ကိုယ်ဟာ […]
ထူးချွန်တဲ့သူတိုင်း အောင်မြင်သူတစ်ယောက် ဖြစ်နိုင်သလား ?
ထူးချွန်တဲ့သူတိုင်းဟာ အောင်မြင်သူတစ်ယောက်ဖြစ်နိုင်သလား။ ဒါမှမဟုတ် အောင်မြင်တဲ့သူတိုင်းဟာ ထူးချွန်လား။ ဒီမေးခွန်းကို မေးလေ့မေးထ မရှိကြပေမယ့် တွေးဖူးကြပါလိမ့်မယ်။ ကျွန်တော်တို့ တကယ်တမ်း မြင်နေတွေ့နေရတဲ့ အောင်မြင်တဲ့သူတွေဆိုတာဟာ ဘယ်တက္ကသိုလ်ကနေ ကျောင်းမပြီးပဲ ထွက်လာတာတို့ ၊ သူများတွေ တန်းတူ ပညာသင်ကြားနေရချိန်မှာ သူဟာ ဘယ်လိုမျိုး လှုပ်ရှားရုန်းကန်ခဲ့ရတာတို့ အစရှိတဲ့ ဇာတ်လမ်းမျိုးတွေပဲ အကြိမ်ကြိမ်အဖန်ဖန်တွေ မြင်ရတွေ့ရတဲ့အခါ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ထူးချွန်ဖို့ တကယ်လိုအပ်ရဲ့လားဆိုတဲ့ကို တွေးစရာဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်းအရာကို မပြောခင်မှာ ကနဦးအနေနဲ့ ကျွန်တော်တို့ လည်ပတ်နေတဲ့ လူ့ပတ်ဝန်းကျင်အကြောင်းကို အစပြောရလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ဟာ ငယ်စဉ်ကတည်းက ကျောင်းတက်တဲ့အခါမှာ ပညာသင်ကြားဖို့ အရေးကို တိုက်တွန်းခံခဲ့ရသလို ၊ လုံလောက်တဲ့ ပညာရေးရဖို့အတွက်ကို သင်ချင်သည်ဖြစ်စေ ၊ မသင်ချင်သည်ဖြစ်စေ သင်ကြားခဲ့ရပါတယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို သူများတန်းတူပညာတွေ တတ်စေချင်တဲ့သူတွေချည်းပါပဲ။ […]
ပန်းနာရင်ကျပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ
ရေနစ်ဖူးပါသလား။ အသက်ရှုတဲ့အခါ လေတွေ ဝင်မလာပဲ ရေတွေမွန်းသွားတဲ့အခါ ဘယ်လိုခံစားရသလို ဆိုတာ ခံစားဖူးပါသလား။ ရေထဲမှာ မြုပ်နစ်တဲ့အချိန်မှာ လေတွေရှုသွင်းချင်ပေမယ့် လေဘယ်လိုမှ ဝင်မလာတဲ့အခြေအနေမျိုးကို ကြုံတွေ့ရဖူးပါသလား။ ဒါဟာ ရေနစ်တဲ့အခြေအနေတစ်ခုပါ။ ပန်းနာရင်ကျပ်ရှိတဲ့သူတွေ ၊ အသက်ရှုကျပ်တတ်တဲ့သူတွေ ၊ ရင်ကျပ်တတ်တဲ့သူတွေဟာ ရေမနစ်ပဲ လေထုထဲမှာနေပြီး အသက်ရှုမရပဲ မွန်းကျပ်ရတဲ့သူတွေပါ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေတွေရှိနေပေမယ့် အသက်ရှုမရတဲ့အခါ ၊ လေရှုသွင်းလို့မရတဲ့အခါမှာ ကြုံတွေ့ခံစားရတဲ့ မွန်းကျပ်မှုဟာ ဖော်ပြစရာ စကားလုံးမရှိဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ ရင်ကျပ်တတ်တဲ့သူတွေအတွက် ဒါမှမဟုတ် မကြုံရဖူးသေးတဲ့သူတွေအတွက် ဒီနေ့မှာတော့ ပန်းနာရင်ကျပ်ခြင်း နှင့်သက်ဆိုင်တဲ့ အခြေအနေတွေ ၊ ရောဂါဖြစ်ပေါ်ရခြင်းတွေ ၊ သက်ဆိုင်ရာ ကုထုံးတွေ အကြောင်းကို ဗဟုသုတကနေပြီးတော့ မျှဝေပေးသွားပါမယ်။ ပန်းနာရင်ကျပ်ဆိုတာဟာဘာလဲ။ ပန်းနာရင်ကျပ်ဆိုတာဟာ ကျွန်တော်တို့ အဆုတ်ကို အဓိက […]
GED ကို လွယ်လင့်တကူ အခမဲ့ လေ့လာ ၊ လေ့ကျင့် ၊ ဖြေဆိုနိုင်တဲ့ Websites များ
GED ဟာ သင်ရိုးညွှန်းတမ်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိတဲ့အတွက် လေ့လာရတာ ကျယ်ပြန့်ပါတယ်။ တစ်ချို့တွေဟာ GED အတွက် သီးသန့်ထုတ်ဝေတဲ့ McGraw , Kaplan , Princeton အစရှိတဲ့ စာအုပ်တွေကို လေ့လာရင် ဖြေဆိုဖို့အတွက် လုံလောက်ပြီလို့ ဆိုတတ်ကြပေမယ့် တကယ်တမ်း လေ့လာရင် လေ့လာသလောက်ဝင်တဲ့ GED အတွက်က ဒီစာအုပ်တွေရဲ့ Resources ဟာ အမှတ်ပြည့်ရနိုင်မလား Credit Scores ကိုရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်။ လုံလောက်တယ် မလုံလောက်ဘူးဆိုတာထက် များများလေ့လာရင် လေ့လာနိုင်သလို ပိုပြီးအကျိုးရှိစေတာမို့ ဒီနေ့မှာတော့ ဗဟုသုတကနေပြီး Online ပေါ်ကနေ အခမဲ့ စစ်ဆေးနိုင်မယ့် Test တွေ ၊ Flash Card တွေ လေ့လာနိုင်တဲ့ Websites လေးတွေကို […]
အရှေ့ကို ဆက်လက် တိုးဝှေ့ခြင်း ( သို့ ) လေးလံမှုများကို လွှတ်ချခြင်း
ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျောက်မှာ ပိတ်မိတာ ၊ ရွေးခြယ်စရာမရှိတာ ၊ မွန်းကျပ်မှုများစွာ အစရှိတာတွေကို ကြုံတွေ့ခဲ့ဖူးပါတယ်။ ကလေးဘဝမှာပဲဖြစ်စေ ၊ ဆယ်ကျော်သက်ဘဝမှာဖြစ်စေ ၊ အသက်အရွယ်တိုင်းမှာ ဒီလိုမျိုး စိတ်ဖိဆီးမှုတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြုံတွေ့နေရဦးမှာပါပဲ။ ဒီလို စိတ်ဖိဆီးမှုတွေရှိနေရတာကိုက ကျွန်တော်တို့ ရှင်သန်ရတဲ့ ဘဝကြီးရဲ့ မဖြစ်မနေပါဝင်တဲ့ အနှစ်သာရတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါပါစေ အခု စာဖတ်နေတဲ့အချိန်မှာ ကျွန်တော်တို့ဟာ အတိုင်းအတာတစ်ခုအထိ ကျော်ဖြတ်ပြီးခဲ့ကြပြီးဆိုတာကို မိမိဘာသာ အသိဆုံးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်အတိုင်းတာချင်းမတူညီကြပေမယ့် ဖြတ်သန်းခဲ့တဲ့ အချိန်တွေတုန်းမှာ စိတ်ဖိဆီးပင်ပန်းခဲ့ရတာတွေကတော့ အတူတူပဲဖြစ်ကြမှာပါ။ ဒီနေ့မှာတော့ ကျွန်တော်က ကိုယ့်ကို ပိတ်မိနေစေခဲ့တဲ့ အကြောင်းအရာတွေ ၊ စိတ်ဖိဆီးစေတဲ့အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး လွှတ်ချနိုင်စေဖို့အတွက်ကို ရေးသားဝေမျှပေးသွားပါမယ်။ ကျွန်တော်တို့ ဘဝတစ်လျောက်လုံးမှာ ကြုံတွေ့ရလာနိုင်တဲ့ အကြောင်းအရာတွေက […]
အမျိုးသမီးတွေဟာ ထင်သလောက် အရေးပါရဲ့လား ? (သို့)
အမျိုးသားတွေလောက် စွမ်းဆောင်ရည်မြင့်မားပါသလား ? အမျိုးသမီးတွေဟာ ကမ္ဘာလောကကြီးမှာ ထင်သလောက်အရေးပါရဲ့လား။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေက တကယ်တမ်းရော အမျိုးသားတွေလောက် မြင့်မားသလား။ အမျိုးသားတွေလိုကော ဦးဆောင်နိုင်စွမ်းတွေ ၊ ရပ်တည်နိုင်စွမ်းတွေရှိသလား။ အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်ဖက် ကောင်းကောင်းရှာပြီး အိမ်မှုကိစ္စလုပ်ဖို့ပဲ အရေးပါတာမဟုတ်ဘူးလား။ မိန်းမ တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ အိမ်မှာပဲရှိတယ်။ အစရှိတဲ့ စကားတွေ ၊ အသုံးအနှုန်းတွေ ၊ အတွေးအခေါ်တွေကို ကျွန်တော်တို့ အနေနဲ့ တစ်မျိုး မဟုတ် တစ်မျိုး ကြားဖူး ၊ မြင်ဖူးနေကြမှာပါ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အခုချိန်ထိ တွင်တွင်ကျယ်ကျယ်ကို တွေ့နိုင်မြင်နိုင်နေဆဲပါပဲ။ ဒီကနေမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလို တကယ်ပဲ စွမ်းဆောင်ရည်ရှိသလားဆိုတာကို ရေးသားဖော်ထုတ်ပေးသွားပါမယ်။ ပထမဦးဆုံး ရေးသားမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာလောကကြီးဟာ […]