GED Social Study အတွက် သိထားသင့်သမျှ
GED ဖြေဆိုတဲ့ ကျောင်းသားတွေအတွက် သင်္ချာ နဲ့ သိပ္ပံ ဟာ ခက်ခဲတဲ့ဘာသာရပ်တွေမဟုတ်ပေမယ့် Social Study လို့ ကြားလိုက်ရရင် သွေးတိုးချင်သလိုလို ၊ ကိုယ်ပူချင်သလိုလို တစ်မျိုးကြီးဖြစ်ဖြစ်သွားတာကို ကြုံဖူးကြမှာပါ။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ပညာရေးမှာ Social Study ဆိုတာ မရှိခဲ့တဲ့ အရာတစ်ခု ဖြစ်တာတစ်ကြောင်း ၊ ကျွန်တေ်ာတို့ ကြားဖူးနေတဲ့ ဘာသာရပ်တစ်ခုမဟုတ်တာကြောင့် တစ်ကြောင်း ထိတ်လန့်ကြတာပါ။ ဒီကနေ့မှာတော့ Social Study ဟာ ဘာအတွက်လဲ ၊ ဘာတွေ ပါဝင်သလဲ ၊ ဖြေဆိုမယ့် ကျောင်းသားတွေ အနေနဲ့ ဘယ်အရာတွေကို ရှာဖွေလေ့လာနိုင်သလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်နော်။ GED Social Study ဆိုတာဟာ တစ်နည်းအားဖြင့်တော့ အမေရိကန်ပြည်ထောင်စု […]
Obsessive-compulsive disorder ( OCD )
OCD ဆိုတာကို ကြားဖူးကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ နေ့တစ်ဓူဝကြားဖူးနေကြ စိတ်ရောဂါမျိုးမဟုတ်ပေမယ့် အဓိက စိတ်ရောဂါဝေဒနာမှာပါဝင်တဲ့ စိတ်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ရုပ်ရှင်တွေထဲမှာပဲဖြစ်ဖြစ် ၊ ဟာသဇာတ်လမ်းတိုတွေထဲမှာပဲဖြစ်ဖြစ် ပါဝင်နေတတ်သလို ကျွန်တော်တို့ ကိုယ်တိုင်တောင် ဖြစ်လို့ ဖြစ်နေမှန်းမသိ ဖြစ်နေတတ်တဲ့ စိတ်ရောဂါလေးတစ်ခုကို ဒီနေ့မှာ ဗဟုသုတကနေပြီး တော့ ဝေမျှပေးသွားပါမယ်။ Obsessive-compulsive disorder ( OCD ) ဆိုတာ ဘာလဲ။ OCD ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာကော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ သိသာထင်ရှားစေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဖြစ်ပါတယ်။ ကိုယ်လုပ်ထားတဲ့ အရာဝတ္ထုတစ်ခုကို ဆိုးရွားတာတွေ ဖြစ်မှာ တွေးပူနေရာ ၊ မြင်ရတွေ့ရတဲ့ အရာဝတ္ထုတွေကအချိုးမညီတာ ၊ ခေါက်ရိုးမညီတာကိုကြောက်ရွံနေတာ ၊ ကိန်းဂဏန်းတွေ ဗျောက်သောက်ဖြစ်နေတာကိုကြောက်တာ ၊ အစိုးရိမ်လွန်တဲ့ အရာဝတ္ထုတစ်ခုကို ထပ်ခါထပ်ခါ လုပ်မိနေတာ […]
ခေတ်စားလာတဲ့ Campingထွက်ခြင်း(သို့) မြို့ပြရဲ့ကင်းဝေးရာစိတ်လက်အပန်းဖြေခြင်း
ကျွန်တော်တို့ အခုနောက်ပိုင်းမှာ Camping ထွက်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ အတူ Camp ထွက်တဲ့ လုပ်ဆောင်မှုတစ်ခု ဟာ မြို့ပြလူတန်းစားတစ်ရပ်မှာ ခေတ်စားလာပါတယ်။ တကယ်ဆိုရင် ဒီ Camp ထွက်ခြင်းဟာ အနောက်တိုင်း နဲ့ ဖွံဖြိုးပြီးဆဲ နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တာ ကြာပြီဆိုပေမယ့် ကျွန်တော်တို့လို မဖွံဖြိုးသေးတဲ့ နိုင်ငံတွေ ၊ မြို့ပြတွေနဲ့ လူနေမှုအဆင့်အတန်း မမြင့်မားသေးတဲ့ နိုင်ငံတွေမှာတော့ မရင်းနှီးလှတဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခေတ်စားနေတဲ့ Camp ထွက်ခြင်းရဲ့ အနှစ်သာရ ၊ ဦးတည်ချက်နဲ့ ဘာတွေ လုပ်ဆောင်သင့်တယ် ၊ ဘာတွေယူဆောင်သွားရမလဲဆိုတာကို ဗဟုသုတ ကနေပြီးတော့ ဝေမျှပေးသွားပါမယ်နော်။ Camp ထွက်တယ်ဆိုတာ ဘာလဲ။ Camp ထွက်တယ်ဆိုတာ မြို့ပြ ရဲ့ ကင်းဝေးတဲ့ နေရာတစ်ခုမှာ […]
ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို အရယူခြင်း
ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ ငွေတွေအများကြီးရှိရင်ကော တကယ်ပျော်ရွှင်ရရဲ့လား။ ကျန်းမာရေးကောင်းရင်ကော တကယ်ပျော်ရွှင်ရရဲ့လား။ ကိုယ့်ရဲ့ကျန်းမာပျော်ရွှင်မှုဟာ ဘယ်အပေါ်မှာ အမှီပြုနေပါသလဲ။ တကယ်တမ်းကော ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကို ရနိုင်ရဲ့လား။ ဒီနေ့မှာတော့ ကျွန်တော်တို့ ဗဟုသုတကနေပြီးတော့ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝ ကို ရယူနိုင်ခြင်းဆိုင်ရာ နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်နော်။ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခု လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်းဟာ တကယ်တမ်းမှာ ကိုယ်နဲ့ပဲ အဓိက သက်ဆိုင်နေပါတယ်။ ယခုအချိန်ခါမှာလို မီးတွေ မမှန်တာ ၊ ဈေးနှုန်းတွေ အဆမတန် ဖောင်းပွနေတာ ၊ လုံခြုံမှု မရှိတာ အစရှိတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာမှာကော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းတာတွေ ၊ ထိခိုက်တာတွေ ကြုံတွေ့ရပါတယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ […]
Depressive Disorder (ခ) စိတ်ကျရောဂါအကြောင်းတစ်စေ့တစ်စောင်း
Depression Disorder ကို ကျွန်တော်တို့ မြန်မာလိုဆိုရင် စိတ်ကျရောဂါလို့ သိထားကြပါတယ်။ Depression Disorder စိတ်ခံစားမှုပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီးတော့ အသက်အရွယ်မရွေး ၊ ကျားမ မရွေး ကြုံတွေ့ရနိုင်တဲ့ စိတ်ရောဂါအခြေအနေတစ်မျိုးပဲဖြစ်ပါတယ်။ စိတ်ကျရောဂါ ခံစားရသူဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ကြုံတွေ့ရမှာ ဖြစ်ပြီးတော့ နေ့စဉ် လူနေမှုဘဝကိုပါ ထိခိုက်စေပါတယ်။ ဒီနေ့မှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာသာမက ကိုယ့်မှာပါ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျရောဂါလေးအကြောင်း နဲ့ ဘယ်လိုမျိုး လက္ခဏာမျိုးတွေ ပြသနိုင်တယ် ၊ ဘယ်လိုဖြစ်နိုင်တယ် ၊ ဘယ်လိုမျိုး ကုသမှုတွေ ယူနိုင်သလဲဆိုတာလေးတွေကို ဝေမျှပေးသွားပါမယ်။ Depressive Disorder (ခ) စိတ်ကျရောဂါဆိုတာဘာလဲ။ စိတ်ကျရောဂါဆိုတာ စိတ်ပိုင်းဆိုင်ရာမှာ ခံစားရတဲ့ ဝေဒနာတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်တွေအထိ သက်ရောက်မှုရှိတဲ့ စိတ်ရောဂါ တစ်မျိုးလို့ သတ်မှတ်နိုင်ပါတယ်။ […]
ကမ္ဘာ့အလှဆုံးကမ်းခြေများ
ကျွန်တော်တို့ စာဖတ်သူတွေထဲမှာ ကမ်းခြေတွေကို ကြိုက်နှစ်သက်တဲ့သူတွေရှိပါသလား။ ဘာကြောင့် ကမ်းခြေတွေကို သဘောကျတာပါလဲ။ ပင်လယ်ပြာကြီးကြောင့်လား ၊ သဲသောင်ပြင်တွေကြောင့်လား ဒါမှမဟုတ် နေဝင်ချိန်ဆည်းဆာကို ကြည့်ရတာ သဘောကျတာလား ၊ ညအခါမှာ ကမ်းခြေကနေ ကြယ်တွေကို ကြည့်ရတာကြိုက်တာလား။ ကမ်းခြေတွေရောက်လို့ရှိရင်ကော ဘယ်လိုမျိုး နေထိုင်ရတာ သဘောကျပါသလဲ။ ရေကူးရတာလား ၊ သဲသောင်ပြင်မှာ လမ်းလျှောက်ရတာလား။ ဒီကနေ့မှာတော့ ကမ်းခြေတွေကို ချစ်တဲ့သူတိုင်းအတွက် ပုံလေးတွေ မြင်တာနဲ့တင် သွားချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာစေမယ့် ကမ္ဘာ့အလှဆုံးကမ်းခြေတွေကို ဝေမျှပေးသွားပါမယ်။ Saud Beach ( Philippines ) Saud Beach ဟာ အာရှတိုက်တစ်ခွင်လုံးမှာ အလှပဆုံးသော ကမ်းခြေလို့ တင်စားခံထားရတဲ့ ကမ်းခြေ တစ်ခုပဲဖြစ်ပါတယ်။ Pagudpud Ilocos Norte လို့ ခေါ်တဲ့ […]
Bipolar Disorder ( သို့ ) အလွန်အမင်း စိတ်တက်လွယ်ကျလွယ် ရောဂါ
စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ ကျွန်တော်တို့ အခုနောက်ပိုင်း Social Media တွေပေါ်မှာ ခဏခဏ မြင်ရတွေ့နေရပြီး စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ အဓိက စိတ်ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ အလွန်အမင်း စိတ်တက်လွယ်ကျလွယ်ရောဂါ Bipolar Disorder အကြောင်းကို ဒီနေ့မှာ မျှဝေပေးသွားပါမယ်။ Bipolar Disorder ဒီစိတ်ရောဂါ ဝေဒနာခံစားနေရတဲ့သူတွေဟာ စိတ်ခံစားမှု အစွန်း ၂ ဖက်ကို အလျင်အမြန်အပြောင်း အလဲမျိုးခံစားရပါတယ်။ သာမန်သူတွေ ခံစားရသလိုမျိုးမဟုတ်ပဲနဲ့ကို စိတ်ဓာတ်တက်ကြွတဲ့အခါ အလွန်အမင်း ယုံကြည်မှုရှိတာ ၊ အလွန်အမင်းစွမ်းအင်ပြည့်ဝနေသလိုခံစားရတာ ၊ အလွန်အမင်းတက်ကြွနေတာ ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးမချနိုင်တော့ပဲ ဘာမဆိုလုပ်နိုင်တယ်လို့ ခံစားနေရတာ အစရှိတာတွေ အပြင် စိတ်ဓာတ်ကျသွားတဲ့အခါမှာ အလွန်အမင်း ဝမ်းနည်းတာ ၊ စိတ်ဓာတ်ကျဆင်းတာ ၊ စိတ်ခံစားချက်တွေ စိတ်ဝင်စားတာတွေ […]
အပြစ်တင်တတ်တာ ကောင်းမွန်တဲ့ အကျင့်တစ်ခုလား
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အပြစ်တင်ခြင်းတွေကို အနည်းနဲ့ အများတော့ ရင်းနှီးကြမှာပါ။ ကိုယ်တိုင်ကဖြစ်စေ ၊ ကိုယ့်ကို ဖြစ်စေ အပြစ်တင်တာဟာ တစ်နည်းမဟုတ်တစ်နည်း တစ်ကွေ့ကွေ့မှာကြုံဖူးကြမှာပါပဲ။ ဒါပေမယ့် တကယ်တမ်းမှာ အပြစ်တင်လိုက်တာကြောင့် ပြဿနာတွေ အဆင်ပြေသွားတယ်လို့ကော မြင်ဖူးတွေ့ဖူးကြပါသလား။ အပြစ်တင်ခြင်းဟာ တကယ်ပဲ နည်းမှန်လမ်းမှန် ဟုတ်ရဲ့လား။ အပြစ်တင်တာကြောင့် ဘယ်လိုတွေသက်ရောက်သွားနိုင်သလဲဆိုတာကိုကော တွေးမိကြဖူးပါသလား။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ အပြစ်တင်တတ်တဲ့ အကျင့်ဟာ ကောင်းမွန်တဲ့ အကျင့်တစ်ခုလား ဒါမှမဟုတ် ပြုပြင်သင့်သလား ၊ ဘယ်လိုမျိုး ပိုမိုကောင်းမွန်အောင် နေထိုင်ရမလဲဆိုတာကို မျှဝေပေးသွားပါတယ်။ ကျွန်တော်တို့က အပြစ်တင်တတ်ကြပါတယ်။ လူမှန်းသိတတ်စ အရွယ်ကတည်းကနေစပြီးတော့ အသက်ကြီးပြီး အိုမင်းလာတဲ့ အထိ အပြစ်တင်ခြင်းကို ပြုလုပ်တတ်ကြပါတယ်။ အပြစ်တင်ခြင်းဟာ တကူးတက သင်ယူစရာမလိုပဲ တတ်မြောက်လာတဲ့ အကျင့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် […]
သိထားရမည့် ကမ္ဘာမြေကြီးအကြောင်း
ကျွန်တော်တို့နေထိုင်ရာ ပတ်ဝန်းကျင်အကြောင်းကို လေ့လာကြတဲ့အခါမှာ ကျွန်တော်တို့ ကမ္ဘာမြေကြီး အကြောင်းကိုလည်း မေ့ထားလို့မရပြန်ပါဘူး။ သက်ရှိတွေ ၊ စွမ်းအင်တွေ ၊ ရာသီဥတုတွေ ၊ သမုဒ္ဒာတွေ ၊ မြေကြီးတွေ ၊ သတ္တုတွေ နဲ့ တည်ရှိနေတဲ့ ကမ္ဘာမြေကြီးဟာ အခုချိန်ထိ လေ့လာစရာတွေ မကုန်ဆုံးနိုင်သေးပါ။ ကမ္ဘာမြေကြီးဟာ သက်ရှိတွေကို ဘယ်လို ထောက်ပံ့နေသလဲ ၊ ဖြစ်လိုဖြစ်တည်လာသလဲ ၊ ဘယ်လိုမျိုး လည်ပတ်နေတာလဲ ဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတ ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ အကြောင်း တစ်စိတ်တစ်ပိုင်းကို ဝေမျှပေးသွားပါမယ်။ ကမ္ဘာမြေကြီးရဲ့ အစ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးဟာ နေရဲ့ တတိယမြောက်နေရာမှာ ရှိတဲ့ ဂြိုလ်တစ်ခုဖြစ်ပြီးတော့ ယခုအချိန်ထိ လေ့လာနိုင်သမျှ […]
အာရှတိုက်ရဲ့ လည်ပတ်မှုအများဆုံး မြို့တော်များ
ကမ္ဘာပေါ်မှာ ဒေသရှုခင်းတွေရှိတဲ့ နေရာတွေတင်မဟုတ်ပဲ လူဦးရေထူထပ်ပြီး စဉ်ဆက်မပြတ် သွားလာလှုပ်ရှားနေတဲ့ မြို့တွေ ၊ ဒေသတွေကိုလည်း လည်ပတ်ကြပါတယ်။ တစ်ချို့သူတွေဟာ ဒေသရှုခင်းတွေ ကိုကြည့်မယ် အပန်းဖြေကြမယ်ဆိုတာထက် ကိုယ့်နိုင်ငံနဲ့ နေထိုင်မှုပုံစံနဲ့ မတူညီတဲ့ မြို့ပြတွေ ၊ မြို့ပြစည်ကားမှုတွေ ၊ အစားအသောက်တွေကို စိတ်ဝင်စားကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ အာရှတိုက်မှာရှိတဲ့ လည်ပတ်မှုလူဦးရေအများဆုံးလို့ သတ်မှတ်ထားကြတဲ့ မြို့ကြီးတွေရဲ့ ထူးခြားချက်တွေ ၊ ခန့်မှန်းကုန်ကျစရိတ်ကျနိုင်ချေတို့ကို ဝေမျှပေးသွားပါတယ်။ ၁။ ဟောင်ကောင် ဟောင်ကောင်မြို့ဟာ ၁၁၁၄ ကီလိုမီတာသာ ကျယ်ဝန်းပြီးတော့ လူဦးရေ ၇.၄၁၃ သန်း နေထိုင်တဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ တရုတ်ဘာသာစကား ၊ အင်္ဂလိပ် ၊ မန်းဒရင်း ဘာသာစကားတို့ကို အဓိက အသုံးပြုတဲ့ နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အထူးအုပ်ချူပ်ခွင့်ရတဲ့ […]